ရွန်နီကို ဂိုးသွင်းခွင့်ငြင်းခဲ့ပြီးနောက် ကိုယ့်ဂိုးသမားကိုအရွှန်းဖောက်ဝေဖန်နေကြတဲ့ မန်ယူပရိသတ်တွေ

photo-BT Sport

photo-BT Sport

ဒါဘီနဲ့အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်မှာ အသင်းတိုက်စစ်မှုးဟောင်းရွန်နီရဲ့နောက်ကျနှစ်သိမ့်ချေပဂိုး လက်စွမ်းပြကာကွယ်မှုနဲ့ ငြင်းပယ်ခဲ့တဲ့ဂိုးသမားရိုမီရိုကို မန်ယူအသင်းပရိသတ်တွေက အရွှန်းဖောက်ဝေဖန်နေကြပါတယ်။ တချို့ပရိသတ်တွေက ဂိုးမပေးရအောင် ကြိုးပမ်းပေးခဲ့တဲ့ရိုမီရိုကို ချီးကျူးနေကြပေမယ့် တချို့ကတော့ အသင်းဟောင်းနဲ့တွေ့တဲ့ပွဲမှာ ရွန်နီဂိုးမသွင်းနိုင်အောင် ရိုမီရိုဟာ နှလုံးသားကင်းမဲ့စွာနဲ့ ငြင်းပယ်တားဆီးခဲ့တယ်လို့ အရွှန်းဖောက်ဝေဖန်နေကြပါတယ်။

photo-BT Sport

အဲဒီပွဲမှာ ရွန်နီဟာ ဖရီးကစ်တိုက်ရိုက်ကန်သွင်းမှုတွေကနေ အသင်းဟောင်းမန်ယူဘက်ကို ပထမဆုံးအကြိမ်ဂိုးသွင်းနိုင်ဖို့ နီးစပ်ခဲ့ပါတယ်။ အထူးသဖြင့် ပွဲပြီးကာနီမှာ ဒါဘီအတွက် နှစ်သိမ့်ချေပဂိုးတစ်ဂိုးသွင်းပေးနိုင်ဖို့ အတော်လေးနီးစပ်ခဲ့ပါတယ်။ ပွဲကြည့်စင်ပေါ်က သူ့ရဲ့သားအကြီးဆုံးဖြစ်တဲ့ ကိုင်တောင် ထခုန်မတတ်ပါပဲ။ ဒါပေမဲ့ ရွန်နီရဲ့ကောင်းမွန်လှတဲ့ဖရီးကစ်ကန်ချက်ကို မန်ယူအသင်းအရန်ဂိုးသမားရိုမီရိုက လက်စွမ်းပြကာကွယ်လိုက်တဲ့ ဂိုးဘားတန်းပေါ်ကနေ ထွက်သွားကာ အသင်းဟောင်းမန်ယူကို ဂိုးမသွင်းနိုင်တဲ့သူ့ရဲ့စံချိန်မှတ်တမ်းက ဆက်လက်တည်မြဲသွားပါတယ်။

photo-daily mail

ဒါကို မန်ယူပရိသတ်တစ်ယောက်က ရိုမီရိုရဲ့လက်မှာ သွေးသံရဲရဲနဲ့ဆိုပြီး အသင်းဂန္ထဝင်ဟောင်းရဲ့နောက်ကျဂိုးကို ငြင်းပယ်ခဲ့တာမှားတယ်ဆိုတဲ့သဘော နောက်ပြောင်ခဲ့ပါတယ်။ နောက်ထပ်မန်ယူပရိသတ်တစ်ယောက်ကလည်း ရွန်နီရဲ့ဖရီးကစ်ကို ငြင်းပယ်ခဲ့တဲ့ ရိုမီရိုကို လှောင်ပြောင်ခဲ့လိုက်တယ်လို့ ဆိုခဲ့ပါတယ်။ တချို့မန်ယူပရိသတ်တွေဟာ ရွန်နီကိုချစ်နေကြဆဲမို့ အဲဒီပွဲမှာ သူဂိုးသွင်းတာကို မြင်ချင်ခဲ့ကြတာပါ။

[Zawgyi]

ရြန္နီကို ဂိုးသြင္းခြင့္ျငင္းခဲ့ၿပီးေနာက္ ကိုယ့္ဂိုးသမားကိုအရႊန္းေဖာက္ေ၀ဖန္ေနၾကတဲ့ မန္ယူပရိသတ္ေတြ

ဒါဘီနဲ႔အက္ဖ္ေအဖလားပဥၥမအဆင့္ပြဲစဥ္မွာ အသငး္တိုက္စစ္မႈးေဟာင္းရြန္နီရဲ႕ေနာက္က်ႏွစ္သိမ့္ေခ်ပဂိုး လက္စြမ္းျပကာကြယ္မႈနဲ႔ ျငင္းပယ္ခဲ့တဲ့ဂိုးသမားရိုမီရိုကို မန္ယူအသင္းပရိသတ္ေတြက အရႊန္းေဖာက္ေ၀ဖန္ေနၾကပါတယ္။ တခ်ိဳ႕ပရိသတ္ေတြက ဂိုးမေပးရေအာင္ ႀကိဳးပမ္းေပးခဲ့တဲ့ရိုမီရိုကို ခ်ီးက်ဴးေနၾကေပမယ့္ တခ်ိဳ႕ကေတာ့ အသင္းေဟာင္းနဲ႔ေတြ႕တဲ့ပြဲမွာ ရြန္နီဂိုးမသြင္းႏိုင္ေအာင္ ရိုမီရိုဟာ ႏွလုံးသားကင္းမဲ့စြာနဲ႔ ျငင္းပယ္တားဆီးခဲ့တယ္လုိ႔ အရႊန္းေဖာက္ေ၀ဖန္ေနၾကပါတယ္။

အဲဒီပြဲမွာ ရြန္နီဟာ ဖရီးကစ္တိုက္ရိုက္ကန္သြင္းမႈေတြကေန အသင္းေဟာင္းမန္ယူဘက္ကို ပထမဆုံးအႀကိမ္ဂိုးသြင္းႏိုင္ဖို႔ နီးစပ္ခဲ့ပါတယ္။ အထူးသျဖင့္ ပြဲၿပီးကာနီမွာ ဒါဘီအတြက္ ႏွစ္သိမ့္ေခ်ပဂိုးတစ္ဂိုးသြင္းေပးႏိုင္ဖို႔ အေတာ္ေလးနီးစပ္ခဲ့ပါတယ္။ ပြဲၾကည့္စင္ေပၚက သူ႔ရဲ႕သားအႀကီးဆုံးျဖစ္တဲ့ ကိုင္ေတာင္ ထခုန္မတတ္ပါပဲ။ ဒါေပမဲ့ ရြန္နီရဲ႕ေကာင္းမြန္လွတဲ့ဖရီးကစ္ကန္ခ်က္ကို မန္ယူအသင္းအရန္ဂိုးသမားရိုမီရိုက လက္စြမ္းျပကာကြယ္လုိက္တဲ့ ဂိုးဘားတန္းေပၚကေန ထြက္သြားကာ အသင္းေဟာင္းမန္ယူကို ဂိုးမသြင္းႏိုင္တဲ့သူ႔ရဲ႕စံခ်ိန္မွတ္တမ္းက ဆက္လက္တည္ၿမဲသြားပါတယ္။

ဒါကို မန္ယူပရိသတ္တစ္ေယာက္က ရိုမီရိုရဲ႕လက္မွာ ေသြးသံရဲရဲနဲ႔ဆုိၿပီး အသင္းဂႏၳ၀င္ေဟာင္းရဲ႕ေနာက္က်ဂိုးကို ျငင္းပယ္ခဲ့တာမွားတယ္ဆိုတဲ့သေဘာ ေနာက္ေျပာင္ခဲ့ပါတယ္။ ေနာက္ထပ္မန္ယူပရိသတ္တစ္ေယာက္ကလည္း ရြန္နီရဲ႕ဖရီးကစ္ကို ျငင္းပယ္ခဲ့တဲ့ ရိုမီရုိကို ေလွာင္ေျပာင္ခဲ့လိုက္တယ္လို႔ ဆိုခဲ့ပါတယ္။ တခ်ိဳ႕မန္ယူပရိသတ္ေတြဟာ ရြန္နီကိုခ်စ္ေနၾကဆဲမို႔ အဲဒီပြဲမွာ သူဂိုးသြင္းတာကို ျမင္ခ်င္ခဲ့ၾကတာပါ။