
ရံႈးနိမ့္မႈကိုလက္ခံဖို႔ အဆင္သင့္ျဖစ္ေနတာမ်ိဳး မျဖစ္သင့္ဘူးလို႔ ေမာ္ရင္ညိဳက ခ်ဲလ္ဆီးပရိသတ္ေတြကို သတိေပးလိုက္ပါတယ္။ဒါဟာ အသင္းႀကီးေတြရဲ႕အသင္းႀကီးေတြအျဖစ္ ျဖစ္တည္မႈကိုရပ္တန္႔ေစတယ္လို႔ ခ်ဲလ္ဆီးနည္းျပေဟာင္းက ေျပာဆိုလိုက္တာပါ။ေမာ္ရင္ဟိုဟာ Sky ရုပ္သံရဲ႕အစီအစဥ္တင္ဆက္သူအျဖစ္ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ လီဗာပူးကို ၁-၂ဂိုးနဲ႔ ခ်ဲလ္ဆီးရံႈးတဲ့ပြဲစဥ္ကိုၾကည့္ရႈၿပီးတဲ့ေနာက္ သတိေပးလိုက္တာျဖစ္ပါတယ္။

အဲဒီပြဲစဥ္မွာ ၿပိဳင္ဘက္ကို ၂ဂိုးေပးထားရေပမယ့္ ခ်ဲလ္ဆီးရဲ႕ ဒုတိယပိုင္းကစားပံုဟာ ေကာင္းမြန္ခဲ့သလို ပရိသတ္ေတြရဲ႕ၾသဘာေပးမႈကိုလည္း ရရွိခဲ့ပါတယ္။ေမာ္ရင္ညိဳကလည္း ခ်ဲလ္ဆီးလူငယ္ကစားသမားေတြရဲ႕ေျခစြမ္းဟာ ခ်ီးက်ဴးဂုဏ္ျပဳမႈေတြနဲ႔ထိုက္တန္ခဲ့တယ္လို႔ ေထာက္ခံလိုက္တာပါ။ဒါေပမဲ့ ရံႈးနိမ့္တဲ့ပြဲမ်ိဳးမွာ အခုလိုၾသဘာေပးျခင္းဟာ ပရိသတ္ေတြအေနနဲ႔ လာမယ့္ပြဲေတြမွာလည္းရံႈးနိမ့္မႈကို လက္ခံဖို႔အဆင္သင့္ျဖစ္သြားႏိုင္သလို ကစားသမားေတြရဲ႕စိတ္ပိုင္းဆိုင္ရာ ခံယူခ်က္ေတြ စိုးရိမ္စရာအေျပာင္းအလဲျဖစ္သြားႏိုင္တယ္လို႔ ယူဆေနပါတယ္။

“ အခုလိုရံႈးတဲ့ပြဲမ်ိဳးမွာ သူတို႔ဒါမ်ိဳးမလုပ္သင့္ဘူးလို႔ ကၽြန္ေတာ္ထင္တယ္။ဒါ အေရးႀကီးတဲ့အေၾကာင္းအရာပါ။ခင္ဗ်ားရဲ႕အသင္း ကစားပံုေကာင္းရံုနဲ႔ ရံႈးနိမ့္မႈကို ခင္ဗ်ား စၿပီးလက္ခံလိုက္မယ္ဆိုရင္ သူတို႔ရဲ႕အားသြန္ခြန္စိုက္လုပ္အားႏႈန္းအေပၚ အက်ိဳးသက္ေရာက္သြားႏိုင္ပါတယ္။ဒါဟာ အသင္းႀကီးေတြရဲ႕ အသင္းႀကီးေတြအျဖစ္ ျဖစ္တည္မႈကို ရပ္တန္႔ေစလို႔ပါပဲ။ဒါဟာ ပရိသတ္ေတြအေနနဲ႔ ရာသီဆံုးခ်ိန္မွာ ဘာပဲျဖစ္ျဖစ္လက္ခံတယ္ဆိုတဲ့သေဘာကိုျပေနပါတယ္။အေကာင္းဆံုးပေရာ္ဖက္ရွင္နယ္နည္းျပတစ္ေယာက္၊ထိပ္တန္းနည္းျပျဖစ္လာဖို႔ အလားအလာရွိသူတစ္ေယာက္ဦးေဆာင္မႈေအာက္မွာဆိုတာမ်ိဳးေပါ့။ကိန္းဂဏန္းေတြကေျပာေနတယ္။လီဗာပူးဟာ ခ်ဲလ္ဆီးထက္ ၁၀မွတ္သာေနတယ္တဲ့။ခ်န္ပီယံဆုအတြက္ တိုက္ပြဲ၀င္ေနတာမဟုတ္တဲ့ အသင္းတစ္သင္းထက္ေပါ့ ” လို႔ ေမာ္ရင္ညိဳက ေျပာဆိုသြားတာပါ။
(unicode)
ရှုံးနိမ့်မှုကိုလက်ခံဖို့ အဆင်သင့်ဖြစ်နေတာမျိုး မဖြစ်သင့်ဘူးလို့ မော်ရင်ညိုက ချဲလ်ဆီးပရိသတ်တွေကို သတိပေးလိုက်ပါတယ်။ဒါဟာ အသင်းကြီးတွေရဲ့အသင်းကြီးတွေအဖြစ် ဖြစ်တည်မှုကိုရပ်တန့်စေတယ်လို့ ချဲလ်ဆီးနည်းပြဟောင်းက ပြောဆိုလိုက်တာပါ။မော်ရင်ဟိုဟာ Sky ရုပ်သံရဲ့အစီအစဉ်တင်ဆက်သူအဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်မှာ လီဗာပူးကို ၁-၂ဂိုးနဲ့ ချဲလ်ဆီးရှုံးတဲ့ပွဲစဉ်ကိုကြည့်ရှုပြီးတဲ့နောက် သတိပေးလိုက်တာဖြစ်ပါတယ်။အဲဒီပွဲစဉ်မှာ ပြိုင်ဘက်ကို ၂ဂိုးပေးထားရပေမယ့် ချဲလ်ဆီးရဲ့ ဒုတိယပိုင်းကစားပုံဟာ ကောင်းမွန်ခဲ့သလို ပရိသတ်တွေရဲ့သြဘာပေးမှုကိုလည်း ရရှိခဲ့ပါတယ်။မော်ရင်ညိုကလည်း ချဲလ်ဆီးလူငယ်ကစားသမားတွေရဲ့ခြေစွမ်းဟာ ချီးကျူးဂုဏ်ပြုမှုတွေနဲ့ထိုက်တန်ခဲ့တယ်လို့ ထောက်ခံလိုက်တာပါ။ဒါပေမဲ့ ရှုံးနိမ့်တဲ့ပွဲမျိုးမှာ အခုလိုသြဘာပေးခြင်းဟာ ပရိသတ်တွေအနေနဲ့ လာမယ့်ပွဲတွေမှာလည်းရှုံးနိမ့်မှုကို လက်ခံဖို့အဆင်သင့်ဖြစ်သွားနိုင်သလို ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာ ခံယူချက်တွေ စိုးရိမ်စရာအပြောင်းအလဲဖြစ်သွားနိုင်တယ်လို့ ယူဆနေပါတယ်။“ အခုလိုရှုံးတဲ့ပွဲမျိုးမှာ သူတို့ဒါမျိုးမလုပ်သင့်ဘူးလို့ ကျွန်တော်ထင်တယ်။ဒါ အရေးကြီးတဲ့အကြောင်းအရာပါ။ခင်ဗျားရဲ့အသင်း ကစားပုံကောင်းရုံနဲ့ ရှုံးနိမ့်မှုကို ခင်ဗျား စပြီးလက်ခံလိုက်မယ်ဆိုရင် သူတို့ရဲ့အားသွန်ခွန်စိုက်လုပ်အားနှုန်းအပေါ် အကျိုးသက်ရောက်သွားနိုင်ပါတယ်။ဒါဟာ အသင်းကြီးတွေရဲ့ အသင်းကြီးတွေအဖြစ် ဖြစ်တည်မှုကို ရပ်တန့်စေလို့ပါပဲ။ဒါဟာ ပရိသတ်တွေအနေနဲ့ ရာသီဆုံးချိန်မှာ ဘာပဲဖြစ်ဖြစ်လက်ခံတယ်ဆိုတဲ့သဘောကိုပြနေပါတယ်။အကောင်းဆုံးပရော်ဖက်ရှင်နယ်နည်းပြတစ်ယောက်၊ထိပ်တန်းနည်းပြဖြစ်လာဖို့ အလားအလာရှိသူတစ်ယောက်ဦးဆောင်မှုအောက်မှာဆိုတာမျိုးပေါ့။ကိန်းဂဏန်းတွေကပြောနေတယ်။လီဗာပူးဟာ ချဲလ်ဆီးထက် ၁၀မှတ်သာနေတယ်တဲ့။ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတာမဟုတ်တဲ့ အသင်းတစ်သင်းထက်ပေါ့ ” လို့ မော်ရင်ညိုက ပြောဆိုသွားတာပါ။