ရော်နယ်လ်ကိုးမန်းလက်ထက်က ဆေးအဖွဲ့ဝင်နှစ်ယောက်ကို ထုတ်ပယ်လိုက်ပြီး အပြောင်းအလဲတွေစတင်လုပ်နေပြီဖြစ်တဲ့ ဇာဗီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာအသင်းနည်းပြသစ်ဇာဗီဟာ အသင်းရဲ့ကြံ့ခိုင်ရေးမှူးအဖွဲ့ဝင်နှစ်ယောက်ကို ရာထူးကထုတ်ပယ်လိုက်ပြီး အသင်းမှာ အပြောင်းအလဲတွေစတင်ပြုလုပ်နေပြီဖြစ်ပါတယ်။

ဘာစီလိုနာဂန္ထဝင်ကစားသမားဇာဗီဟာ မကြာသေးခင်က ဘာစီလိုနာအသင်းနည်းပြသစ်အဖြစ်ခန့်အပ်ခံခဲ့ရပြီး ပြီးခဲ့တဲ့တနင်္လာနေ့တုန်းက နူးကမ့်ကွင်းအတွင်းပရိသတ်(၁၀,၀၀၀)ရှေ့မှာ မိတ်ဆက်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းမှာ အဓိက,ကစားသမားတွေ ဒဏ်ရာပြဿနာတွေနဲ့မကြာခဏရင်ဆိုင်နေရပြီး ကစားသမားတွေနဲ့ အသင်းရဲ့ကြံ့ခိုင်ရေးမှူးတာဝန်ရှိသူတွေကြားမှာ မပြေလည်မှုတွေရှိနေတယ်လို့ သတင်းထွက်နေပြီး

ဘာစီလိုနာအသင်းဟာလည်း ဒဏ်ရာပြဿနာကြောင့် ပြိုင်ဘက်အသင်းတွေထက် နောက်ကျကျန်ရစ်နေတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာကစားသမားတွေဟာ ဒဏ်ရာပြဿနာတွေနဲ့ခဏခဏကြုံတွေ့နေရတဲ့အပေါ် စိတ်ပျက်နေပြီး ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေမှာ ကြံ့ခိုင်ရေးမှူးအဖွဲ့ဝင်တွေရဲ့ အစီအစဉ်အားနည်းချက်တွေကြောင့် အခုလိုဖြစ်ရတယ်ဆိုပြီးတော့ မကျေမနပ်ဖြစ်နေတာပါ။

စပိန်နာမည်ကျော်အားကစားသတင်းစာ AS က နည်းပြဟောင်း ရော်နယ်လ်ကိုးမန်းနဲ့အတူ ခန့်အပ်ခံခဲ့ရတဲ့ ကြံ့ခိုင်ရေးမှူးနှစ်ယောက်ဖြစ်သူ

ဟွမ်ဟိုဘရူနဲ့အယ်လ်ဘတ်ရိုကာတို့ကို ဇာဗီက ရာထူးကနေထုတ်ပယ်ခဲ့ပြီး ကစားသမားတွေမကြာခဏဒဏ်ရာရနေတဲ့ပြဿနာကိုဖြေရှင်းဖို့

အရင်ဝန်ထမ်းဟောင်းတွေဖြစ်တဲ့ ဟွမ်မီမူနေးလ်နဲ့ရီကတ်ပရူနာတို့ကို ပြန်လည်ခန့်အပ်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။

ဇာဗီဟာ အခုကိစ္စအတွက် အသင်းအားကစားဒါရိုက်တာအလီမန်နီနဲ့တွေ့ဆုံစကားပြောဆိုခဲ့ပြီး ကြံ့ခိုင်ရေးမှူးအဖွဲ့ဝင်တွေကို အပြောင်းအလဲလုပ်ဖို့အတွက် ခွင့်ပြုချက်တောင်းခံခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဗလင်စီယာနဲ့(၃-၃)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ဘာစီလိုနာကစားသမားတွေဖြစ်တဲ့ အန်ဆုဖာတီ၊ အဲရစ်ဂါစီယာ၊ နီကိုဂွန်ဇာလက်ဇ်တို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် လူစားလဲခံခဲ့ရပြီး

အခုဆိုရင် ဘာစီလိုနာအသင်းမှာ ပီကေး၊ အဂွဲရိုး၊ ဒမ်ဘီလီ၊ ဘရိုက်ဝိတ်၊ ပတ်ဒရီ၊ ဆာဂျီရော်ဘတ်တို၊ ဆာဂျင်ဟိုဒက်စ်တို့အပါအဝင် ကစားသမား(၁၁)ဦးအထိဒဏ်ရာရရှိနေတာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္လ္ကိုးမန္းလက္ထက္က ေဆးအဖြဲ႕ဝင္ႏွစ္ေယာက္ကို ထုတ္ပယ္လိုက္ၿပီး အေျပာင္းအလဲေတြစတင္လုပ္ေနၿပီျဖစ္တဲ့ ဇာဗီ

ဘာစီလိုနာအသင္းနည္းျပသစ္ဇာဗီဟာ အသင္းရဲ႕ႀကံ့ခိုင္ေရးမႉးအဖြဲ႕ဝင္ႏွစ္ေယာက္ကို ရာထူးကထုတ္ပယ္လိုက္ၿပီး အသင္းမွာ အေျပာင္းအလဲေတြစတင္ျပဳလုပ္ေနၿပီျဖစ္ပါတယ္။ ဘာစီလိုနာဂႏၴဝင္ကစားသမားဇာဗီဟာ မၾကာေသးခင္က ဘာစီလိုနာအသင္းနည္းျပသစ္အျဖစ္ခန႔္အပ္ခံခဲ့ရၿပီး ၿပီးခဲ့တဲ့တနလၤာေန႔တုန္းက ႏူးကမ့္ကြင္းအတြင္းပရိသတ္(၁၀,၀၀၀)ေရွ႕မွာ မိတ္ဆက္ပြဲအခမ္းအနားျပဳလုပ္ခဲ့ပါတယ္။

ဘာစီလိုနာအသင္းမွာ အဓိက,ကစားသမားေတြ ဒဏ္ရာျပႆနာေတြနဲ႔မၾကာခဏရင္ဆိုင္ေနရၿပီး ကစားသမားေတြနဲ႔ အသင္းရဲ႕ႀကံ့ခိုင္ေရးမႉးတာဝန္ရွိသူေတြၾကားမွာ မေျပလည္မႈေတြရွိေနတယ္လို႔ သတင္းထြက္ေနၿပီး ဘာစီလိုနာအသင္းဟာလည္း ဒဏ္ရာျပႆနာေၾကာင့္ ၿပိဳင္ဘက္အသင္းေတြထက္ ေနာက္က်က်န္ရစ္ေနတာလည္းျဖစ္ပါတယ္။

ဘာစီလိုနာကစားသမားေတြဟာ ဒဏ္ရာျပႆနာေတြနဲ႔ခဏခဏႀကဳံေတြ႕ေနရတဲ့အေပၚ စိတ္ပ်က္ေနၿပီး ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ေတြမွာ ႀကံ့ခိုင္ေရးမႉးအဖြဲ႕ဝင္ေတြရဲ႕ အစီအစဥ္အားနည္းခ်က္ေတြေၾကာင့္ အခုလိုျဖစ္ရတယ္ဆိုၿပီးေတာ့ မေက်မနပ္ျဖစ္ေနတာပါ။

စပိန္နာမည္ေက်ာ္အားကစားသတင္းစာ AS က နည္းျပေဟာင္း ေရာ္နယ္လ္ကိုးမန္းနဲ႔အတူ ခန႔္အပ္ခံခဲ့ရတဲ့ ႀကံ့ခိုင္ေရးမႉးႏွစ္ေယာက္ျဖစ္သူ ဟြမ္ဟိုဘ႐ူနဲ႔အယ္လ္ဘတ္႐ိုကာတို႔ကို ဇာဗီက ရာထူးကေနထုတ္ပယ္ခဲ့ၿပီး ကစားသမားေတြမၾကာခဏဒဏ္ရာရေနတဲ့ျပႆနာကိုေျဖရွင္းဖို႔ အရင္ဝန္ထမ္းေဟာင္းေတြျဖစ္တဲ့ ဟြမ္မီမူေနးလ္နဲ႔ရီကတ္ပ႐ူနာတို႔ကို ျပန္လည္ခန႔္အပ္ခဲ့တယ္လို႔ေဖာ္ျပခဲ့ပါတယ္။

ဇာဗီဟာ အခုကိစၥအတြက္ အသင္းအားကစားဒါ႐ိုက္တာအလီမန္နီနဲ႔ေတြ႕ဆုံစကားေျပာဆိုခဲ့ၿပီး ႀကံ့ခိုင္ေရးမႉးအဖြဲ႕ဝင္ေတြကို အေျပာင္းအလဲလုပ္ဖို႔အတြက္ ခြင့္ျပဳခ်က္ေတာင္းခံခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ဗလင္စီယာနဲ႔(၃-၃)ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ ဘာစီလိုနာကစားသမားေတြျဖစ္တဲ့ အန္ဆုဖာတီ၊ အဲရစ္ဂါစီယာ၊ နီကိုဂြန္ဇာလက္ဇ္တို႔ဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ လူစားလဲခံခဲ့ရၿပီး အခုဆိုရင္ ဘာစီလိုနာအသင္းမွာ ပီေကး၊ အဂြဲ႐ိုး၊ ဒမ္ဘီလီ၊ ဘ႐ိုက္ဝိတ္၊ ပတ္ဒရီ၊ ဆာဂ်ီေရာ္ဘတ္တို၊ ဆာဂ်င္ဟိုဒက္စ္တို႔အပါအဝင္ ကစားသမား(၁၁)ဦးအထိဒဏ္ရာရရွိေနတာလည္းျဖစ္ပါတယ္။