
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်စီးတီးအသင်းရဲ့ လူငယ်ကစားသမား ဖိုဒန်ဟာ ယခုနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီးနောက်မှာတော့ ဖလား 3 ကြိမ်မြောက်ရခဲ့ပြီးဖြစ်ကာ
အဲဒါဟာ ချယ်လ်ဆီးကစားသမားဟောင်း လမ်းပတ်၊ အာဆင်နယ်ကစားသမားဟောင်း ဗီအဲရာ နဲ့ ယူနိုက်တက်ကစားသမားဟောင်း စီရော်နယ်ဒိုတို့ရဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှုနဲ့ တူညီသွားခဲ့ပြီဖြစ်ပါတယ်။
မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မြို့ခံပြိုင်ဘက် ယူနိုက်တက် အသင်းက လက်စတာ အသင်းကို အရေးနိမ့်သွားခဲ့တာကြောင့် အခုနှစ်ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို မန်စီးတီးအသင်းက ရရှိသွားခဲ့ပြီဖြစ်ပါတယ်။
မန်စီးတီး အသင်းဟာ အခုတစ်ကြိမ်အပါအဝင်ဆိုရင် ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို (၇)ကြိမ်မြောက် ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဖိုဒန်ဟာ အသက် ၂၀ အရွယ်သာ ရှိနေသေးတာကြောင့် အသက်အငယ်ဆုံးနဲ့ ပရီးမီးယားလိဂ်ဖလား ၃ကြိမ်အထိ ရယူနိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ဒီရာသီ မန်စီးတီး အသင်း ပရီးမီးယားလိဂ် ဖလားရယူရာမှာ အဓိက ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားတွေထဲမှာ ဖိုဒန်လည်း အပါအဝင်ဖြစ်ပြီး၊ ဖိုဒန် ဟာ ဒီရာသီမှာ မန်စီးတီး အသင်းအတွက် ပွဲအများအပြားပါဝင်ကစားခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့တာပါ။
အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ ဒီရာသီမှာ မန်စီးတီး အသင်းအတွက် ပရီးမီးယားလိဂ် (၂၆)ပွဲပါဝင်ကစားပြီး (၇)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ပြိုင်ပွဲစုံ (၄၇)ပွဲပါဝင်ကစားကာ (၁၄)ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။
ဖိုဒန်တစ်ယောက် နောက်ထပ် ပရီးမီးယားလိဂ် ချန်ပီယံဆု(၁)ကြိမ်ထပ်ရတာနဲ့ နာမည်ကျော် ကစားသမားတွေထက် အမှတ်ပေးဖလားကို ပိုမိုရယူနိုင်တော့မှာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ေရာ္နယ္ဒို ၊ လမ္းပတ္တို႔နဲ႔ ေျခရာတစ္ခုတိုင္းႏိုင္ၿပီျဖစ္တဲ့ ဖိုဒန္
မန္စီးတီးအသင္းရဲ႕ လူငယ္ကစားသမား ဖိုဒန္ဟာ ယခုႏွစ္ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့ၿပီးေနာက္မွာေတာ့ ဖလား 3 ႀကိမ္ေျမာက္ရခဲ့ၿပီးျဖစ္ကာ အဲဒါဟာ ခ်ယ္လ္ဆီးကစားသမားေဟာင္း လမ္းပတ္၊ အာဆင္နယ္ကစားသမားေဟာင္း ဗီအဲရာ နဲ႔ ယူႏိုက္တက္ကစားသမားေဟာင္း စီေရာ္နယ္ဒိုတို႔ရဲ႕ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္မႈနဲ႔ တူညီသြားခဲ့ၿပီျဖစ္ပါတယ္။
မေန႔က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ ယူႏိုက္တက္ အသင္းက လက္စတာ အသင္းကို အေရးနိမ့္သြားခဲ့တာေၾကာင့္ အခုႏွစ္ရာသီ ပရီးမီးယားလိဂ္ အမွတ္ေပးဖလားကို မန္စီးတီးအသင္းက ရရွ္ိသြားခဲ့ၿပီျဖစ္ပါတယ္။
မန္စီးတီး အသင္းဟာ အခုတစ္ႀကိမ္အပါအဝင္ဆိုရင္ ပရီးမီးယားလိဂ္ အမွတ္ေပးခ်န္ပီယံဆုကို (၇)ႀကိမ္ေျမာက္ ရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ ဖိုဒန္ဟာ အသက္ ၂၀ အ႐ြယ္သာ ရွိေနေသးတာေၾကာင့္ အသက္အငယ္ဆုံးနဲ႔ ပရီးမီးယားလိဂ္ဖလား ၃ႀကိမ္အထိ ရယူႏိုင္တဲ့ ကစားသမားအျဖစ္လည္း မွတ္တမ္းဝင္သြားခဲ့ပါတယ္။
ဒီရာသီ မန္စီးတီး အသင္း ပရီးမီးယားလိဂ္ ဖလားရယူရာမွာ အဓိက ေျခစြမ္းျပႏိုင္ခဲ့တဲ့ ကစားသမားေတြထဲမွာ ဖိုဒန္လည္း အပါအဝင္ျဖစ္ၿပီး၊ ဖိုဒန္ ဟာ ဒီရာသီမွာ မန္စီးတီး အသင္းအတြက္ ပြဲအမ်ားအျပားပါဝင္ကစားခဲ့ကာ ေျခစြမ္းျပႏိုင္ခဲ့တာပါ။
အဂၤလန္ လက္ေ႐ြးစင္ ကစားသမားဟာ ဒီရာသီမွာ မန္စီးတီး အသင္းအတြက္ ပရီးမီးယားလိဂ္ (၂၆)ပြဲပါဝင္ကစားၿပီး (၇)ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ဒါ့အျပင္ ၿပိဳင္ပြဲစုံ (၄၇)ပြဲပါဝင္ကစားကာ (၁၄)ဂိုးအထိ သြင္းယူထားတာျဖစ္ပါတယ္။
ဖိုဒန္တစ္ေယာက္ ေနာက္ထပ္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆု(၁)ႀကိမ္ထပ္ရတာနဲ႔ နာမည္ေက်ာ္ ကစားသမားေတြထက္ အမွတ္ေပးဖလားကို ပိုမိုရယူႏိုင္ေတာ့မွာပါ။