ရော်နယ်ဒို ၅ကြိမ်မြောက် Ballon d’Or ဆုရခဲ့တုန်းက သူလည်း နာကျင်ခံစားခဲ့ရကြောင်း မက်ဆီ ဝန်ခံ

Photo Credit

Photo Credit ; AFP

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒို ၅ကြိမ်မြောက် Ballon d’Or ဆု ရရှိခဲ့တုန်းက မိမိလည်း နာကျင်ခံစားခဲ့ရတယ်လို့ ဝန်ခံကာ ၂၀၁၉ ဆုပေးပွဲအခမ်းအနားမတက်ရောက်ခဲ့တဲ့ ရော်နယ်ဒိုရဲ့စိတ်ပျက်မှုကို မိမိနားလည်ကြောင်း ဆိုပါတယ်။

Photo Credit

တစ်ဦးချင်းဆုတံဆိပ်တွေအနက် ဂုဏ်သိက္ခာအရှိဆုံး Ballon d’Or ဆုက အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီရဲ့လက်ထဲ ပြန်လည်ရောက်ရှိလာပြီး လီဗာပူးနောက်ခံလူ ဗန်ဒိုက်ကို ကျော်ဖြတ်ကာ ကစားသမားဘဝတစ်လျှောက် ၆ကြိမ်မြောက် Ballon d’Or ဆုရရှိခဲ့တာဖြစ်ပါတယ်။

Photo Credit

မက်ဆီဟာ ပြီးခဲ့တဲ့နှစ် Ballon d’Or ဆုပေးပွဲမှာ အဆင့် ၅နေရာအထိ ကျဆင်းခဲ့ရပြီး ယခုနှစ်မတိုင်ခင် Ballon d’Or ဆုမရရှိခဲ့တာကလည်း ၄နှစ်အထိ ကြာမြင့်ခဲ့တာပါ။ အဲဒီကာလအတွင်း ရော်နယ်ဒိုက Ballon d’Or ဆု ၂ကြိမ်အထိ ထပ်မံရရှိခဲ့ပြီး စုစုပေါင်း ၅နှစ်အတွင်း ၄ကြိမ်အထိရရှိခဲ့ရာ Ballon d’Or ဆုရရှိမှုမှာ မက်ဆီနဲ့ ၅ကြိမ်ချင်း တူညီခဲ့ပါတယ်။

Photo Credit

မက်ဆီက ရော်နယ်ဒို ၅ကြိမ်မြောက် Ballon d’Or ဆုရတာကို မြင်နေရတာ ခက်ခဲခဲ့ကြောင်းနဲ့ Ballon d’Or ဆုပေးပွဲမတက်ဘဲ မီလန်မြို့မှာကျင်းပခဲ့တဲ့ စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုပေးပွဲအခမ်းအနားကိုပဲ ဘာဖြစ်လို့ ရော်နယ်ဒို တက်ရောက်ခဲ့တာလဲဆိုတာ နားလည်ကြောင်း ဆိုပါတယ်။

Photo Credit

”Ballon d’Or ဆု ၅ကြိမ်ရရှိတာ ကျွန်တော်တစ်ယောက်တည်းရှိခဲ့တုန်းက အဲဒီကာလကို ပျော်ပျော်ကြီးဖြတ်သန်းခဲ့ပါတယ်။ ခရစ္စတီယာနိုက ကျွန်တော်နဲ့အရေအတွက်တူလာချိန်မှာတော့ ကျွန်တော် နာကျင်ခံစားခဲ့ရတာကို ဝန်ခံလိုပါတယ်။ ထိပ်ဆုံးမှာ ကျွန်တော်တစ်ယောက်တည်း ရှိမနေတော့ဘူးဆိုတာ သိလိုက်လို့ပေါ့။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျွန်တော် နာကျင်ခံစားခဲ့ရလားလို့ မေးလာတဲ့အခါ ဘာလို့ကျွန်တော် Ballon d’Or ဆုမရခဲ့လဲဆိုတာကို နားလည်ခဲ့ပါတယ်”

Photo Credit

”အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့အသင်းဟာ ကိုယ်ရည်မှန်းထားတဲ့အရာတွေ မရရှိခဲ့ပါဘူး။ ချန်ပီယံလိဂ်ဖလားရရင် Ballon d’Or ဆုရဖို့က အခွင့်အရေးပိုများနိုင်တယ်လေ။ ရော်နယ်ဒို Ballon d’Or ဆုရချိန်မှာလည်း သူက ချန်ပီယံလိဂ်ဖလားရခဲ့သလို အဓိကနေရာကနေလည်း ပါဝင်ခဲ့လို့ပါ။ သူရခဲ့တာက ထိုက်တန်လို့ဖြစ်ပါတယ်။ ဒီဆုက တစ်ဦးချင်းဆိုင်ရာပေးတဲ့ဆုပါ။ တချို့က ခရစ္စတီယာနိုကို ပေးကြတယ်။ တချို့က ကျွန်တော်ဖြစ်ဖြစ် နေမာဖြစ်ဖြစ် ဘာပေဖြစ်ဖြစ်ပေ့ါ။ လူတွေက သူတို့အကြိုက်ဆုံးကို ကြိုက်နှစ်သက်ကြတာပဲ”လို့ မက်ဆီက ပြောပါတယ်။

Photo Credit

ရော်နယ်ဒိုဟာ ယခုနှစ်ဆုပေးပွဲမှာ တတိယနေရာပဲရရှိခဲ့ရာ ၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံး ၂ဦးပြင်ပ ရောက်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit

Zawgyi

ေရာ္နယ္ဒို ၅ႀကိမ္ေျမာက္ Ballon d’Or ဆုရခဲ့တုန္းက သူလည္း နာက်င္ခံစားခဲ့ရေၾကာင္း မက္ဆီ ၀န္ခံ

ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီက ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒို ၅ႀကိမ္ေျမာက္ Ballon d’Or ဆု ရရွိခဲ့တုန္းက မိမိလည္း နာက်င္ခံစားခဲ့ရတယ္လုိ႔ ၀န္ခံကာ ၂၀၁၉ ဆုေပးပြဲအခမ္းအနားမတက္ေရာက္ခဲ့တဲ့ ေရာ္နယ္ဒိုရဲ႕စိတ္ပ်က္မႈကို မိမိနားလည္ေၾကာင္း ဆုိပါတယ္။
တစ္ဦးခ်င္းဆုတံဆိပ္ေတြအနက္ ဂုဏ္သိကၡာအရွိဆုံး Ballon d’Or ဆုက အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီရဲ႕လက္ထဲ ျပန္လည္ေရာက္ရွိလာၿပီး လီဗာပူးေနာက္ခံလူ ဗန္ဒုိက္ကို ေက်ာ္ျဖတ္ကာ ကစားသမားဘ၀တစ္ေလွ်ာက္ ၆ႀကိမ္ေျမာက္ Ballon d’Or ဆုရရွိခ့ဲတာျဖစ္ပါတယ္။
မက္ဆီဟာ ၿပီးခဲ့တဲ့ႏွစ္ Ballon d’Or ဆုေပးပြဲမွာ အဆင့္ ၅ေနရာအထိ က်ဆင္းခဲ့ရၿပီး ယခုႏွစ္မတုိင္ခင္ Ballon d’Or ဆုမရရွိခဲ့တာကလည္း ၄ႏွစ္အထိ ၾကာျမင့္ခဲ့တာပါ။ အဲဒီကာလအတြင္း ေရာ္နယ္ဒိုက Ballon d’Or ဆု ၂ႀကိမ္အထိ ထပ္မံရရွိခဲ့ၿပီး စုစုေပါင္း ၅ႏွစ္အတြင္း ၄ႀကိမ္အထိရရွိခဲ့ရာ Ballon d’Or ဆုရရွိမႈမွာ မက္ဆီနဲ႔ ၅ႀကိမ္ခ်င္း တူညီခဲ့ပါတယ္။
မက္ဆီက ေရာ္နယ္ဒို ၅ႀကိမ္ေျမာက္ Ballon d’Or ဆုရတာကို ျမင္ေနရတာ ခက္ခဲခဲ့ေၾကာင္းနဲ႔ Ballon d’Or ဆုေပးပြဲမတက္ဘဲ မီလန္ၿမိဳ႕မွာက်င္းပခဲ့တဲ့ စီးရီးေအတစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုေပးပြဲအခမ္းအနားကိုပဲ ဘာျဖစ္လုိ႔ ေရာ္နယ္ဒို တက္ေရာက္ခဲ့တာလဲဆိုတာ နားလည္ေၾကာင္း ဆုိပါတယ္။
”Ballon d’Or ဆု ၅ႀကိမ္ရရွိတာ ကၽြန္ေတာ္တစ္ေယာက္တည္းရွိခဲ့တုန္းက အဲဒီကာလကို ေပ်ာ္ေပ်ာ္ႀကီးျဖတ္သန္းခဲ့ပါတယ္။ ခရစၥတီယာႏိုက ကၽြန္ေတာ္နဲ႔အေရအတြက္တူလာခ်ိန္မွာေတာ့ ကၽြန္ေတာ္ နာက်င္ခံစားခဲ့ရတာကို ၀န္ခံလုိပါတယ္။ ထိပ္ဆုံးမွာ ကၽြန္ေတာ္တစ္ေယာက္တည္း ရွိမေနေတာ့ဘူးဆုိတာ သိလုိက္လုိ႔ေပါ့။ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ကၽြန္ေတာ္ နာက်င္ခံစားခဲ့ရလားလုိ႔ ေမးလာတဲ့အခါ ဘာလုိ႔ကၽြန္ေတာ္ Ballon d’Or ဆုမရခဲ့လဲဆုိတာကို နားလည္ခဲ့ပါတယ္”
”အသင္းတစ္သင္းအေနနဲ႔ ကၽြန္ေတာ္တို႔အသင္းဟာ ကုိယ္ရည္မွန္းထားတဲ့အရာေတြ မရရွိခဲ့ပါဘူး။ ခ်န္ပီယံလိဂ္ဖလားရရင္ Ballon d’Or ဆုရဖုိ႔က အခြင့္အေရးပိုမ်ားႏိုင္တယ္ေလ။ ေရာ္နယ္ဒို Ballon d’Or ဆုရခ်ိန္မွာလည္း သူက ခ်န္ပီယံလိဂ္ဖလားရခဲ့သလုိ အဓိကေနရာကေနလည္း ပါ၀င္ခဲ့လုိ႔ပါ။ သူရခဲ့တာက ထိုက္တန္လုိ႔ျဖစ္ပါတယ္။ ဒီဆုက တစ္ဦးခ်င္းဆုိင္ရာေပးတဲ့ဆုပါ။ တခ်ိဳ႕က ခရစၥတီယာႏိုကို ေပးၾကတယ္။ တခ်ိဳ႕က ကၽြန္ေတာ္ျဖစ္ျဖစ္ ေနမာျဖစ္ျဖစ္ ဘာေပျဖစ္ျဖစ္ေပ့ါ။ လူေတြက သူတုိ႔အႀကိဳက္ဆုံးကို ႀကိဳက္ႏွစ္သက္ၾကတာပဲ”လုိ႔ မက္ဆီက ေျပာပါတယ္။
ေရာ္နယ္ဒိုဟာ ယခုႏွစ္ဆုေပးပြဲမွာ တတိယေနရာပဲရရွိခဲ့ရာ ၂၀၁၀ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ထိပ္ဆုံး ၂ဦးျပင္ပ ေရာက္ခဲ့ရတာျဖစ္ပါတယ္။