ရော်နယ်ဒို လက်သစ်ဖြစ်လာနိုင်တဲ့ ဟက်ထရစ်တွေတမုန်းသွင်းတတ်သူ ဟာလန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်လာမယ့်သူလို့ ထင်ကြေးပေးခံနေရတဲ့ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းဟာ နော်ဝေအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်တိုက်ခြေစွမ်းပြနေပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ဂျီဘရော်တာနဲ့ပွဲမှာလည်း ဟာလန်းက ဟက်ထရစ်သွင်းယူခဲ့ပါတယ်။

နော်ဝေကတစ်ဖက်သတ်ဖိကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းမှုပေါင်း ၄၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ကာ ၅-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

နော်ဝေးအသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု(၄၂)ကြိမ်၊ဂိုးပေါက်တည့်မှု(၁၂)ကြိမ်အထိရှိခဲ့တာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဟာလန်းက အကောင်းဆုံးခြေစွမ်းပြခဲ့တာဖြစ်ပေမယ့် အံ့အားသင့်စရာလွဲချော်မှုကိုတော့ သူ ရင်ဆိုင်ခဲ့ရပါသေးတယ်။

ပွဲချိန်အတွင်း ဟာလန်းဟာ ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ကို ၂ မီတာအကွာကနေ ကန်သွင်းရာမှာ အံ့အားသင့်ဖွယ်လွဲချော်ခဲ့ပါတယ်။

အဆိုပါကန်သွင်းချက်သာ ဂိုးဝင်ခဲ့မယ်ဆိုရင် တစ်ပွဲတည်း ၄ ဂိုးအထိ သွင်းယူနိုင်မှာဖြစ်ပါတယ်။

ဟာလန်းအတွက် နိုင်ငံသွင်းဂိုးကတော့ ၈ ပွဲကစားပြီးချိန်မှာ ၁၂ ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့နှစ်အတွင်း ရရှိခဲ့တဲ့ ၆ ဂိုးကို လိုက်မီခဲ့ပြီလည်းဖြစ်ပါတယ်။

ဟာလန်း ဟာ ဒီရာသီမှာကလပ်နဲ့ နိုင်ငံအသင်းအတွက် ပွဲများစွာ ပါဝင်ကစားပြီးချိန်မှာ ဟက်ထရစ်(၂)ကြိမ်အပါအဝင် (၁၁)ဂိုးသွင်းယူထားတာပါ။

(၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ နော်ဝေးအသင်းဟာ လက်ရှိအချိန် အုပ်စုတွင်း ပွဲစဉ်(၆)ပွဲကစားပြီးချိန်မှာ ထိပ်ဆုံးနေရာက နယ်သာလန် အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

လာမယ့် ရာသီမှာ စာချုပ်ဖျက်သိမ်းကြေး အသက်ဝင်လာမှာဖြစ်တာကြောင့် ဟာလန်း ကို ခေါ်ယူဖို့ အသင်းကြီးတွေက အပြိုင်ကြိုးစားလာတော့မှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒို လက္သစ္ျဖစ္လာႏိုင္တဲ့ ဟက္ထရစ္ေတြတမုန္းသြင္းတတ္သူ ဟာလန္း

ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးျဖစ္လာမယ့္သူလို႔ ထင္ေၾကးေပးခံေနရတဲ့ ေဒါ့မြန္တိုက္စစ္မႉးဟာလန္းဟာ ေနာ္ေဝအတြက္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဆက္တိုက္ေျခစြမ္းျပေနပါတယ္။ မေန႔ညက ကစားခဲ့တဲ့ ဂ်ီဘေရာ္တာနဲ႔ပြဲမွာလည္း ဟာလန္းက ဟက္ထရစ္သြင္းယူခဲ့ပါတယ္။

ေနာ္ေဝကတစ္ဖက္သတ္ဖိကစားႏိုင္ခဲ့ၿပီး ဂိုးကန္သြင္းမႈေပါင္း ၄၃ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ကာ ၅-၁ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ေနာ္ေဝးအသင္းဟာ ဒီပြဲမွာ ဂိုးေပါက္ကန္သြင္းမႈ(၄၂)ႀကိမ္၊ဂိုးေပါက္တည့္မႈ(၁၂)ႀကိမ္အထိရွိခဲ့တာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ဟာလန္းက အေကာင္းဆုံးေျခစြမ္းျပခဲ့တာျဖစ္ေပမယ့္ အံ့အားသင့္စရာလြဲေခ်ာ္မႈကိုေတာ့ သူ ရင္ဆိုင္ခဲ့ရပါေသးတယ္။ ပြဲခ်ိန္အတြင္း ဟာလန္းဟာ ဂိုးသမားမရွိေတာ့တဲ့ ဂိုးေပါက္ကို ၂ မီတာအကြာကေန ကန္သြင္းရာမွာ အံ့အားသင့္ဖြယ္လြဲေခ်ာ္ခဲ့ပါတယ္။ အဆိုပါကန္သြင္းခ်က္သာ ဂိုးဝင္ခဲ့မယ္ဆိုရင္ တစ္ပြဲတည္း ၄ ဂိုးအထိ သြင္းယူႏိုင္မွာျဖစ္ပါတယ္။

ဟာလန္းအတြက္ ႏိုင္ငံသြင္းဂိုးကေတာ့ ၈ ပြဲကစားၿပီးခ်ိန္မွာ ၁၂ ဂိုးအထိ ရွိသြားခဲ့ၿပီျဖစ္ကာ ၿပီးခဲ့တဲ့ႏွစ္အတြင္း ရရွိခဲ့တဲ့ ၆ ဂိုးကို လိုက္မီခဲ့ၿပီလည္းျဖစ္ပါတယ္။

ဟာလန္း ဟာ ဒီရာသီမွာကလပ္နဲ႔ ႏိုင္ငံအသင္းအတြက္ ပြဲမ်ားစြာ ပါဝင္ကစားၿပီးခ်ိန္မွာ ဟက္ထရစ္(၂)ႀကိမ္အပါအဝင္ (၁၁)ဂိုးသြင္းယူထားတာပါ။

(၂၀၂၂) ကမာၻ႔ဖလားၿပိဳင္ပြဲကို ဝင္ခြင့္ရဖို႔ ႀကိဳးစားေနတဲ့ ေနာ္ေဝးအသင္းဟာ လက္ရွိအခ်ိန္ အုပ္စုတြင္း ပြဲစဥ္(၆)ပြဲကစားၿပီးခ်ိန္မွာ ထိပ္ဆုံးေနရာက နယ္သာလန္ အသင္းနဲ႔ ရမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ အုပ္စုဒုတိယေနရာမွာ ရပ္တည္ေနတာလည္းျဖစ္ပါတယ္။

လာမယ့္ ရာသီမွာ စာခ်ဳပ္ဖ်က္သိမ္းေၾကး အသက္ဝင္လာမွာျဖစ္တာေၾကာင့္ ဟာလန္း ကို ေခၚယူဖို႔ အသင္းႀကီးေတြက အၿပိဳင္ႀကိဳးစားလာေတာ့မွာျဖစ္ပါတယ္။