ရော်နယ်ဒို ရဲ့ ပြောစကားတွေကြောင့် အာဆင်နယ် ကို ငြင်းပယ်ပြီး ယူနိုက်တက် ကို ရွေးချယ်ဖြစ်ခဲ့တာလို့ ဆေးလ်ဗား ညီနောင် ဖွင့်ဟ

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

ရာဖေးလ် ဒါဆေးလ်ဗား နဲ့ ဖေဘီယို ဒါဆေးလ်ဗား လို့ အမည်ရတဲ့ ဘရာဇီးလ် အမြွာညီကိုနှစ်ဦးက ယူနိုက်တက်ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရခဲ့တဲ့ ကစားသမားဟောင်းတွေပါ။

အသင်းနိုင်ပွဲရဖို့အတွက် ရေကုန်ရေခမ်းကစားပေးတက်တဲ့ စိတ်ဓာတ်တွေနဲ့ အသင်းအပေါ် အနစ်နာခံ ပေးဆပ်မှုတွေကြောင့် သူတို့ ၂ ဦးနဲ့ ပတ်သက်တဲ့ အကြောင်းတွေ အမှတ်တရတွေဟာ ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲရှိနေတယ်လို့ ပြောရင်မမှားလောက်ပါဘူး။

အသင်းကနေ ထွက်ခွါသွားခဲ့တာ ကြာနေပြီဖြစ်ပေမဲ့ ယူနိုက်တက် နဲ့ ပရိသတ်တွေဟာ သူတို့ရဲ့ နှလုံးသားထဲမှာ ရှိနေဆဲဆိုတာကို သူတို့ရဲ့ ပြောစကားတွေ ၊ ဆိုရှယ်မီဒီယာပေါ်က ပို့စ်တွေကို ကြည့်လိုက်ရင် သိမှာပါ။

မကြာသေးခင်က “ The Sunshine Kids “ လို့ အမည်ရတဲ့ သူတို့ ၂ ဦးရဲ့ အတ္ထုပတ္တိစာအုပ်ကို ထုတ်ဝေဖြန့်ချီခဲ့ပါတယ်။

အဲ့ဒီစာအုပ်ထဲမှာ ယူနိုက်တက် နဲ့ ပတ်သက်ပြီး သူတို့ရခဲ့တဲ့ အမှတ်တရတွေ ၊ အဖြစ်အပျက်တွေ အများကြီးကို ရင်ဖွင့်ရေးသားထားခဲ့တယ်။

အဲ့ဒီစာအုပ်ထဲမှာ ရော်နယ်ဒို နဲ့ ပတ်သက်ပြီး ဖော်ပြရေးသားထားတဲ့ အမှတ်တရတခုကို အခုလို ဖော်ပြပေးလိုက်ပါတယ်။

“ ကျွန်တော်တို့ ညီကို ၂ ယောက်လုံးက ယူနိုက်တက် မှာ ခြေစွမ်းအစမ်းသပ်ခံတဲ့အနေနဲ့ လေ့ကျင့်ခန်း ဆင်းခဲ့ပါတယ်။

ဒါပေမဲ့ အဲ့ဒီအချိန်မှာ အာဆင်နယ် ကလည်း ကျွန်တော်တို့ကို ခေါ်ယူချင်တယ်ဆိုပြီး ကမ်းလှမ်းထားတယ်။

၂၀၀၅ ခုနှစ် ဘရာဇီးလ် က မိဘတွေအိမ်ကို ကျွန်တော်တို့ခဏပြန်နေတဲ့အချိန်မှာ ဖုန်း တကောလ် ဝင်လာတယ်။

ကျွန်တော် ဖုန်းကို ကိုင်လိုက်တော့ ဟိုဖက်က ဖုန်းပြောနေတဲ့သူက ပေါ်တူဂီလို နှုတ်ဆက်လာတယ်။

နှုတ်ဆက်ပြီးတော့ “ အခုပြောနေတာ ခရစ္စတီယာနို ပါ “ ဆိုပြီး ပြောလာတယ်။

ကျွန်တော် က တယောက်ယောက် လာနောက်နေတယ်ပဲထင်တာ။

ဒါပေမဲ့ တဖက်က လူက “ ငါက ခရစ္စတီယာနို ပါ ၊ မင်းတို့ကို ဖုန်းဆက်ရတဲ့ အကြောင်းက ယူနိုက်တက်ကို လာခဲ့ပါလို့ ပြောချင်လို့ပါ။

ယူနိုက်တက် မှာ မင်းတို့အဆင်ပြေပြေနဲ့ ကစားနိုင်အောင် ငါကူညီပေးနိုင်တယ်။

အဲ့တော့ မင်းတို့ ယူနိုက်တက်ကိုပဲ ပြောင်းလာခဲ့ကြပါ။ မင်းတို့ ပျော်ရွှင်ရမှာပါ “ ဆိုပြီး ပြောလာတယ်။

ဆာအဲလက်စ် က အာဆင်နယ် အကြောင်းကို ကောင်းကောင်းသိတယ်လေ။

အာဆင်နယ် ကို ငြင်းပယ်ပြီး ယူနိုက်တက် ဆီ ငါတို့ ပြောင်းလာအောင် ခရစ္စတီယာနို ကို ပြောခိုင်းခဲ့တာဖြစ်မယ်။

သူ့ရဲ့အစီအစဉ်က အလုပ်ဖြစ်ခဲ့တယ်လို့ ပြောရမှာပေါ့ “ လို့ ဖေဘီယို ဒါဆေးလ်ဗား က စာအုပ်ထဲမှာ ဖွင့်ဟထားပါတယ်။

ဆေးလ်ဗား ညီနောင်ဟာ ရော်နယ်ဒို နဲ့ အတူ ၁၈ လ လောက်သာ ယူနိုက်တက် မှာ အတူတွဲကစားခွင့်ရခဲ့ပေမဲ့ သူတို့အပေါ် ရော်နယ်ဒို ရဲ့ သက်ရောက်မှုကတော့ အရမ်းကိုကြီးမားတယ်လို့ စာအုပ်ထဲမှာ ဝန်ခံထားပါတယ်။

ရော်နယ်ဒို ရဲ့ ဒုတိယအကြိမ်မြောက် ယူနိုက်တက် ကစားသမားဘဝမှာလည်း လက်ရှိ မန်ယူအသင်းရဲ့ လူငယ်ကစားသမားလေးတွေကို တိုးတက်အောင် ရော်နယ်ဒို က ကူညီပေးမှာ သေချာတယ်လို့ ဆေးလ်ဗား ညီနောင်က ဖွင့်ဟပြောခဲ့ပါတယ်။

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi

ေရာ္နယ္ဒို ရဲ႕ ေျပာစကားေတြေၾကာင့္ အာဆင္နယ္ ကို ျငင္းပယ္ၿပီး ယူႏိုက္တက္ ကို ေ႐ြးခ်ယ္ျဖစ္ခဲ့တာလို႔ ေဆးလ္ဗား ညီေနာင္ ဖြင့္ဟ

ရာေဖးလ္ ဒါေဆးလ္ဗား နဲ႔ ေဖဘီယို ဒါေဆးလ္ဗား လို႔ အမည္ရတဲ့ ဘရာဇီးလ္ အႁမြာညီကိုႏွစ္ဦးက ယူႏိုက္တက္ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းေမတၱာေတြကို အျပည့္အဝရခဲ့တဲ့ ကစားသမားေဟာင္းေတြပါ။ အသင္းႏိုင္ပြဲရဖို႔အတြက္ ေရကုန္ေရခမ္းကစားေပးတက္တဲ့ စိတ္ဓာတ္ေတြနဲ႔ အသင္းအေပၚ အနစ္နာခံ ေပးဆပ္မႈေတြေၾကာင့္ သူတို႔ ၂ ဦးနဲ႔ ပတ္သက္တဲ့ အေၾကာင္းေတြ အမွတ္တရေတြဟာ ပရိသတ္ေတြရဲ႕ ရင္ထဲမွာ အၿမဲရွိေနတယ္လို႔ ေျပာရင္မမွားေလာက္ပါဘူး။

အသင္းကေန ထြက္ခြါသြားခဲ့တာ ၾကာေနၿပီျဖစ္ေပမဲ့ ယူႏိုက္တက္ နဲ႔ ပရိသတ္ေတြဟာ သူတို႔ရဲ႕ ႏွလုံးသားထဲမွာ ရွိေနဆဲဆိုတာကို သူတို႔ရဲ႕ ေျပာစကားေတြ ၊ ဆိုရွယ္မီဒီယာေပၚက ပို႔စ္ေတြကို ၾကည့္လိုက္ရင္ သိမွာပါ။ မၾကာေသးခင္က “ The Sunshine Kids “ လို႔ အမည္ရတဲ့ သူတို႔ ၂ ဦးရဲ႕ အတၳဳပတၱိစာအုပ္ကို ထုတ္ေဝျဖန္႔ခ်ီခဲ့ပါတယ္။ အဲ့ဒီစာအုပ္ထဲမွာ ယူႏိုက္တက္ နဲ႔ ပတ္သက္ၿပီး သူတို႔ရခဲ့တဲ့ အမွတ္တရေတြ ၊ အျဖစ္အပ်က္ေတြ အမ်ားႀကီးကို ရင္ဖြင့္ေရးသားထားခဲ့တယ္။

အဲ့ဒီစာအုပ္ထဲမွာ ေရာ္နယ္ဒို နဲ႔ ပတ္သက္ၿပီး ေဖာ္ျပေရးသားထားတဲ့ အမွတ္တရတခုကို အခုလို ေဖာ္ျပေပးလိုက္ပါတယ္။

“ ကြၽန္ေတာ္တို႔ ညီကို ၂ ေယာက္လုံးက ယူႏိုက္တက္ မွာ ေျခစြမ္းအစမ္းသပ္ခံတဲ့အေနနဲ႔ ေလ့က်င့္ခန္း ဆင္းခဲ့ပါတယ္။ ဒါေပမဲ့ အဲ့ဒီအခ်ိန္မွာ အာဆင္နယ္ ကလည္း ကြၽန္ေတာ္တို႔ကို ေခၚယူခ်င္တယ္ဆိုၿပီး ကမ္းလွမ္းထားတယ္။ ၂၀၀၅ ခုႏွစ္ ဘရာဇီးလ္ က မိဘေတြအိမ္ကို ကြၽန္ေတာ္တို႔ခဏျပန္ေနတဲ့အခ်ိန္မွာ ဖုန္း တေကာလ္ ဝင္လာတယ္။ ကြၽန္ေတာ္ ဖုန္းကို ကိုင္လိုက္ေတာ့ ဟိုဖက္က ဖုန္းေျပာေနတဲ့သူက ေပၚတူဂီလို ႏႈတ္ဆက္လာတယ္။ ႏႈတ္ဆက္ၿပီးေတာ့ “ အခုေျပာေနတာ ခရစၥတီယာႏို ပါ “ ဆိုၿပီး ေျပာလာတယ္။ ကြၽန္ေတာ္ က တေယာက္ေယာက္ လာေနာက္ေနတယ္ပဲထင္တာ။

ဒါေပမဲ့ တဖက္က လူက “ ငါက ခရစၥတီယာႏို ပါ ၊ မင္းတို႔ကို ဖုန္းဆက္ရတဲ့ အေၾကာင္းက ယူႏိုက္တက္ကို လာခဲ့ပါလို႔ ေျပာခ်င္လို႔ပါ။ ယူႏိုက္တက္ မွာ မင္းတို႔အဆင္ေျပေျပနဲ႔ ကစားႏိုင္ေအာင္ ငါကူညီေပးႏိုင္တယ္။ အဲ့ေတာ့ မင္းတို႔ ယူႏိုက္တက္ကိုပဲ ေျပာင္းလာခဲ့ၾကပါ။ မင္းတို႔ ေပ်ာ္႐ႊင္ရမွာပါ “ ဆိုၿပီး ေျပာလာတယ္။ ဆာအဲလက္စ္ က အာဆင္နယ္ အေၾကာင္းကို ေကာင္းေကာင္းသိတယ္ေလ။ အာဆင္နယ္ ကို ျငင္းပယ္ၿပီး ယူႏိုက္တက္ ဆီ ငါတို႔ ေျပာင္းလာေအာင္ ခရစၥတီယာႏို ကို ေျပာခိုင္းခဲ့တာျဖစ္မယ္။ သူ႔ရဲ႕အစီအစဥ္က အလုပ္ျဖစ္ခဲ့တယ္လို႔ ေျပာရမွာေပါ့ “ လို႔ ေဖဘီယို ဒါေဆးလ္ဗား က စာအုပ္ထဲမွာ ဖြင့္ဟထားပါတယ္။

ေဆးလ္ဗား ညီေနာင္ဟာ ေရာ္နယ္ဒို နဲ႔ အတူ ၁၈ လ ေလာက္သာ ယူႏိုက္တက္ မွာ အတူတြဲကစားခြင့္ရခဲ့ေပမဲ့ သူတို႔အေပၚ ေရာ္နယ္ဒို ရဲ႕ သက္ေရာက္မႈကေတာ့ အရမ္းကိုႀကီးမားတယ္လို႔ စာအုပ္ထဲမွာ ဝန္ခံထားပါတယ္။ ေရာ္နယ္ဒို ရဲ႕ ဒုတိယအႀကိမ္ေျမာက္ ယူႏိုက္တက္ ကစားသမားဘဝမွာလည္း လက္ရွိ မန္ယူအသင္းရဲ႕ လူငယ္ကစားသမားေလးေတြကို တိုးတက္ေအာင္ ေရာ္နယ္ဒို က ကူညီေပးမွာ ေသခ်ာတယ္လို႔ ေဆးလ္ဗား ညီေနာင္က ဖြင့္ဟေျပာခဲ့ပါတယ္။