ရော်နယ်ဒို ရဲ့အပြောင်းအရွှေ့က ဗန်ဒီဘိခ်အတွက် သတင်းဆိုးဖြစ်သွား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်သူတိုင်း ခရစ္စတီယာနိုရော်နယ်ဒို ရောက်လာလို့ မပျော်တဲ့သူဆိုတာ မရှိသလောက်ပါပဲ။

ဂန္ထဝင်ကစားသမားတစ်ဦးရဲ့ အိမ်အပြန်ကို ဝမ်းပန်းသသာနဲ့ ကြိုဆိုကြတဲ့ မန်ချက်စတာယူနိုက်တက်ဘက်တော်သားတွေကို လူမှုကွန်ယက်တွေမှာ မမြင်ချင်အဆုံးဖြစ်မယ်ထင်ပါတယ်။

ဒါပေမယ့် အဲဒီထဲမှာ ဗန်ဒီဘိခ်ရဲ့ အေးဂျင့် မပါဘူး။

ဗန်ဒီဘိခ်ရဲ့အေးဂျင့် အဲလ်ဘတ်စ်ဟာ ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့ကြောင့် သူ့ ကစားသမားအတွက် ပွဲထွက်ခွင့်ရဖို့ ပိုခက်သွားမှာကို စိုးရိမ်နေပါတယ်။

သူ့အေးဂျင့်ကမှ ရော်နယ်ဒို ပြန်ရောက်လာတဲ့အပေါ် မလိုလားတော့ ဗန်ဒီဘိခ် ကိုယ်တိုင်ကရော လိုလားရဲ့လားလို့ မေးခွန်းထုတ်စရာရှိပါတယ်။

ဗန်ဒီဘိခ်ဟာ မန်ချက်စတာယူနိုက်တက်ကို ရောက်တာ တစ်နှစ်ကြာခဲ့ပေမယ့် အခုအထိ ပုံမှန်ကစားခွင့်မရခဲ့ဘူး။ ပွဲထွက်အဖြစ် ကစားခွင့်မရသလို အရန်အဖြစ်လောက်လည်း ပုံမှန်ကစားခွင့်မရခဲ့ဘူး။

မနှစ်က အေးဂျက်စ်ကနေ ပေါင်သန်း ၄၀နဲ့ ပြောင်းလာပြီးနောက် ပရီးမီးယားလိဂ်ပွဲထွက်ခွင့်ရတာ ၄ပွဲပဲရှိပါသေးတယ်။

ပွဲကစားခွင့်မရတဲ့ကြားထဲ ခရစ္စတီယာနိုရော်နယ်ဒို ကပါ ရောက်လာတော့ သူ့ ကစားသမားအတွက် အခြေအနေတော်တော်ဆိုးသွားစေတယ်လို့ ဗန်ဒီဘိခ်ရဲ့အေးဂျင့်က ငြီးတွားလိုက်ပါတယ်။

ရော်နယ်ဒိုနဲ့ ဗန်ဒီဘိခ်တို့ဟာ ကစားပေါက်တူတာတော့မဟုတ်ပါဘူး။

ဒါပေမယ့် မကြာခဏဆိုသလို ဘယ်ခြမ်းကို ထွက်ကစားရလေ့ရှိတဲ့ ပေါ့ဘာဟာ ရော်နယ်ဒို ရောက်လာတာကြောင့် ဘယ်ခြမ်း အစား ကွင်းလယ်အထိုင်မှာပဲ ဦးစားပေးကစားရဖို့ရှိလာတဲ့အတွက် ဗန်ဒီဘိခ်အနေနဲ့ ကစားခွင့် ပိုနည်းသွားနိုင်ပါတယ်။

ဗန်ဒီဘိခ်ရဲ့အေးဂျင့် အဲလ်ဘတ်စ်က “သောကြာနေ့က ခရစ္စတီယာနို ရောက်လာတာဟာ ကျွန်တော်တို့အတွက် သတင်းဆိုးပါ။

စဉ်းစားကြည့်ပါ။ ပေါ့ဘာက ဘယ်ခြမ်းမှာ ကစားပေမယ့် ရော်နယ်ဒို ရောက်လာလို့ ကွင်းလယ်ကို ပြောင်းရပါတော့မယ်။

အဲဒီအတွက် ကွင်းလယ်လူတစ်ဦး ပိုလာပါတယ်”လို့ ပြောပါတယ်။

ပွဲကစားခွင့်ပိုနည်းသွားနိုင်တာကြောင့် ဗန်ဒီဘိခ်ဟာ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်က အသင်းပြောင်းဖို့ ကြိုးစားခဲ့ပါသေးတယ်။

အဲဗာတန်အသင်းကို ပြောင်းဖို့ ဆွေးနွေးခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားနဲ့ ဆွေးနွေးအပြီးမှာတော့ မန်ယူမှာပဲ ပွဲကစားခွင့်ရအောင် ကြိုးစားဖို့ ဗန်ဒီဘိခ် ဆုံးဖြတ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒို ရဲ႕အေျပာင္းအေ႐ႊ႕က ဗန္ဒီဘိခ္အတြက္ သတင္းဆိုးျဖစ္သြား

မန္ခ်က္စတာယူႏိုက္တက္နဲ႔ပတ္သက္သူတိုင္း ခရစၥတီယာႏိုေရာ္နယ္ဒို ေရာက္လာလို႔ မေပ်ာ္တဲ့သူဆိုတာ မရွိသေလာက္ပါပဲ။ ဂႏၴဝင္ကစားသမားတစ္ဦးရဲ႕ အိမ္အျပန္ကို ဝမ္းပန္းသသာနဲ႔ ႀကိဳဆိုၾကတဲ့ မန္ခ်က္စတာယူႏိုက္တက္ဘက္ေတာ္သားေတြကို လူမႈကြန္ယက္ေတြမွာ မျမင္ခ်င္အဆုံးျဖစ္မယ္ထင္ပါတယ္။ ဒါေပမယ့္ အဲဒီထဲမွာ ဗန္ဒီဘိခ္ရဲ႕ ေအးဂ်င့္ မပါဘူး။

ဗန္ဒီဘိခ္ရဲ႕ေအးဂ်င့္ အဲလ္ဘတ္စ္ဟာ ေရာ္နယ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕ေၾကာင့္ သူ႔ ကစားသမားအတြက္ ပြဲထြက္ခြင့္ရဖို႔ ပိုခက္သြားမွာကို စိုးရိမ္ေနပါတယ္။ သူ႔ေအးဂ်င့္ကမွ ေရာ္နယ္ဒို ျပန္ေရာက္လာတဲ့အေပၚ မလိုလားေတာ့ ဗန္ဒီဘိခ္ ကိုယ္တိုင္ကေရာ လိုလားရဲ႕လားလို႔ ေမးခြန္းထုတ္စရာရွိပါတယ္။

ဗန္ဒီဘိခ္ဟာ မန္ခ်က္စတာယူႏိုက္တက္ကို ေရာက္တာ တစ္ႏွစ္ၾကာခဲ့ေပမယ့္ အခုအထိ ပုံမွန္ကစားခြင့္မရခဲ့ဘူး။ ပြဲထြက္အျဖစ္ ကစားခြင့္မရသလို အရန္အျဖစ္ေလာက္လည္း ပုံမွန္ကစားခြင့္မရခဲ့ဘူး။
မႏွစ္က ေအးဂ်က္စ္ကေန ေပါင္သန္း ၄၀နဲ႔ ေျပာင္းလာၿပီးေနာက္ ပရီးမီးယားလိဂ္ပြဲထြက္ခြင့္ရတာ ၄ပြဲပဲရွိပါေသးတယ္။

ပြဲကစားခြင့္မရတဲ့ၾကားထဲ ခရစၥတီယာႏိုေရာ္နယ္ဒို ကပါ ေရာက္လာေတာ့ သူ႔ ကစားသမားအတြက္ အေျခအေနေတာ္ေတာ္ဆိုးသြားေစတယ္လို႔ ဗန္ဒီဘိခ္ရဲ႕ေအးဂ်င့္က ၿငီးတြားလိုက္ပါတယ္။ ေရာ္နယ္ဒိုနဲ႔ ဗန္ဒီဘိခ္တို႔ဟာ ကစားေပါက္တူတာေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ မၾကာခဏဆိုသလို ဘယ္ျခမ္းကို ထြက္ကစားရေလ့ရွိတဲ့ ေပါ့ဘာဟာ ေရာ္နယ္ဒို ေရာက္လာတာေၾကာင့္ ဘယ္ျခမ္း အစား ကြင္းလယ္အထိုင္မွာပဲ ဦးစားေပးကစားရဖို႔ရွိလာတဲ့အတြက္ ဗန္ဒီဘိခ္အေနနဲ႔ ကစားခြင့္ ပိုနည္းသြားႏိုင္ပါတယ္။

ဗန္ဒီဘိခ္ရဲ႕ေအးဂ်င့္ အဲလ္ဘတ္စ္က “ေသာၾကာေန႔က ခရစၥတီယာႏို ေရာက္လာတာဟာ ကြၽန္ေတာ္တို႔အတြက္ သတင္းဆိုးပါ။ စဥ္းစားၾကည့္ပါ။ ေပါ့ဘာက ဘယ္ျခမ္းမွာ ကစားေပမယ့္ ေရာ္နယ္ဒို ေရာက္လာလို႔ ကြင္းလယ္ကို ေျပာင္းရပါေတာ့မယ္။ အဲဒီအတြက္ ကြင္းလယ္လူတစ္ဦး ပိုလာပါတယ္”လို႔ ေျပာပါတယ္။

ပြဲကစားခြင့္ပိုနည္းသြားႏိုင္တာေၾကာင့္ ဗန္ဒီဘိခ္ဟာ အေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္ခင္က အသင္းေျပာင္းဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။ အဲဗာတန္အသင္းကို ေျပာင္းဖို႔ ေဆြးေႏြးခဲ့ေပမယ့္ မန္ခ်က္စတာယူႏိုက္တက္နည္းျပ ဆိုးလ္ရွားနဲ႔ ေဆြးေႏြးအၿပီးမွာေတာ့ မန္ယူမွာပဲ ပြဲကစားခြင့္ရေအာင္ ႀကိဳးစားဖို႔ ဗန္ဒီဘိခ္ ဆုံးျဖတ္ခဲ့ပါတယ္။