ရော်နယ်ဒို ယူနိုက်တက်ပြန်လာဖို့ ၁လကြာကြိုတင်အချိန်ယူခဲ့ကြောင်း ခါဘစ် ဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

UFC ရဲ့ နာမည်ကျော်တိုက်ခိုက်ရေးသမားဟောင်း ခါဘစ်က ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့မယ့်အကြောင်း လွန်ခဲ့တဲ့တစ်လလောက်ကတည်းက သူ့ကိုပြောဆိုခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။

MMA ပွဲတွေမှာ ရှုံးပွဲမရှိစံချိန်ကို ရယူပြီး UFC ရဲ့ ဂန္ထဝင်ဖိုက်တာတစ်ဦးအဖြစ်နဲ့ အနားယူခဲ့တဲ့ ခါဘစ်ဟာ ရော်နယ်ဒိုနဲ့ တော်တော်လေးခင်မင်ရင်းနှီးသူလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ရော်နယ်ဒို စီစဉ်ထားတဲ့အကြောင်းနဲ့ပတ်သက်လို့ခါဘစ်က “လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ရော်နယ်ဒိုကသူယူနိုက်တက်ကို ပြောင်းမယ်လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။

အဲဒီအပြောင်းအရွှေ့ အမှန်တကယ်ဖြစ်လာဖို့ ကျွန်တော်ကိုယ်တိုင်လည်း မျှော်လင့်ခဲ့ပါတယ်။

ယူနိုက်တက်က ဂျူဗင်တပ်စ်ထက်စာရင် သူ့အတွက် ပိုသင့်တော်တယ်လို့ ထင်ပါတယ်။

ကျွန်တော့်အတွက်တော့အဲ ဒီအပြောင်းအရွှေ့က အံ့အားသင့်စရာတော့မရှိပါဘူး။” လို့ ရုရှားသတင်းဌာနတစ်ခုနဲ့ တွေ့ဆုံခန်းမှာ ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုက သူ့ရဲ့သားဖြစ်သူအနာဂတ်အတွက် ခါဘစ်နဲ့ မကြာခဏဆိုသလိုပြောဆိုဆွေးနွေးလေ့ရှိသူဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အားပေးမှုတွေလည်း ရှိနေခဲ့ကြပါတယ်။

ဂေ့ဂျီနဲ့ ထိုးသတ်ခဲ့တဲ့ UFC 254 ပွဲစဉ်မှာလည်း အင်စတာဂရမ်ကနေ ရော်နယ်ဒိုက အားပေးမှုတွေပြုလုပ်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ အင်္ဂလန်နိုင်ငံကို ပြန်လည်ရောက်ရှိနေပြီး ကွာရန်တင်း (၅) ရက်ဝင်နေပြီဖြစ်ပါတယ်။

အဲဒီနောက် ယူနိုက်တက်အသင်းနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပါဝင်သွားမှာဖြစ်ပြီး နိုင်ငံတကာပွဲစဉ်တွေအပြီး စက်တင်ဘာ (၁၁) ရက်မှာ ကစားမယ့် နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမှာ ပထမဆုံးပွဲထွက်လာဖွယ်ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒို ယူႏိုက္တက္ျပန္လာဖို႔ ၁လၾကာႀကိဳတင္အခ်ိန္ယူခဲ့ေၾကာင္း ခါဘစ္ ဖြင့္ဟ

UFC ရဲ႕ နာမည္ေက်ာ္တိုက္ခိုက္ေရးသမားေဟာင္း ခါဘစ္က ေရာ္နယ္ဒိုဟာ ယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕မယ့္အေၾကာင္း လြန္ခဲ့တဲ့တစ္လေလာက္ကတည္းက သူ႔ကိုေျပာဆိုခဲ့တယ္လို႔ ဖြင့္ဟလိုက္ပါတယ္။ MMA ပြဲေတြမွာ ရႈံးပြဲမရွိစံခ်ိန္ကို ရယူၿပီး UFC ရဲ႕ ဂႏၴဝင္ဖိုက္တာတစ္ဦးအျဖစ္နဲ႔ အနားယူခဲ့တဲ့ ခါဘစ္ဟာ ေရာ္နယ္ဒိုနဲ႔ ေတာ္ေတာ္ေလးခင္မင္ရင္းႏွီးသူလည္း ျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ေရာ္နယ္ဒို စီစဥ္ထားတဲ့အေၾကာင္းနဲ႔ပတ္သက္လို႔ခါဘစ္က “လြန္ခဲ့တဲ့ တစ္လေလာက္ကတည္းက ေရာ္နယ္ဒိုကသူယူႏိုက္တက္ကို ေျပာင္းမယ္လို႔ ကြၽန္ေတာ့္ကို ေျပာခဲ့ပါတယ္။အဲ ဒီအေျပာင္းအေ႐ႊ႕ အမွန္တကယ္ျဖစ္လာဖို႔ ကြၽန္ေတာ္ကိုယ္တိုင္လည္း ေမွ်ာ္လင့္ခဲ့ပါတယ္။ ယူႏိုက္တက္က ဂ်ဴဗင္တပ္စ္ထက္စာရင္ သူ႔အတြက္ ပိုသင့္ေတာ္တယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ့္အတြက္ေတာ့အဲ ဒီအေျပာင္းအေ႐ႊ႕က အံ့အားသင့္စရာေတာ့မရွိပါဘူး။” လို႔ ႐ုရွားသတင္းဌာနတစ္ခုနဲ႔ ေတြ႕ဆုံခန္းမွာ ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္ဒိုက သူ႔ရဲ႕သားျဖစ္သူအနာဂတ္အတြက္ ခါဘစ္နဲ႔ မၾကာခဏဆိုသလိုေျပာဆိုေဆြးေႏြးေလ့ရွိသူျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္အားေပးမႈေတြလည္း ရွိေနခဲ့ၾကပါတယ္။ ေဂ့ဂ်ီနဲ႔ ထိုးသတ္ခဲ့တဲ့ UFC 254 ပြဲစဥ္မွာလည္း အင္စတာဂရမ္ကေန ေရာ္နယ္ဒိုက အားေပးမႈေတြျပဳလုပ္ခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ လက္ရွိအခ်ိန္မွာ အဂၤလန္နိုင္ငံကို ျပန္လည္ေရာက္ရွိေနၿပီး ကြာရန္တင္း (၅) ရက္ဝင္ေနၿပီျဖစ္ပါတယ္။ အဲဒီေနာက္ ယူနိုက္တက္အသင္းနဲ႔အတူ ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ ပါဝင္သြားမွာျဖစ္ၿပီး နိုင္ငံတကာပြဲစဥ္ေတြအၿပီး စက္တင္ဘာ (၁၁) ရက္မွာ ကစားမယ့္ နယူးကာဆယ္နဲ႔ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲမွာ ပထမဆုံးပြဲထြက္လာဖြယ္ရွိပါတယ္။