ရော်နယ်ဒို ယူနိုက်တက်ဆီပြန်ရောက်တာ မပျော်ရွှင်ဘူးဆိုတဲ့ လီဗာပူးနည်းပြ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းနဲ့ ယူနိုက်တက်အသင်းတို့ဟာ အင်္ဂလန်ဒါဘီလို့ တင်စားရတဲ့ အထိ ပြိုင်ဆိုင်မှု ကြီးမားတဲ့ အသင်းနှစ်သင်း ဖြစ်သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ အသင်းလေးသင်းထဲက နှစ်သင်းပဲ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ် ကတော့ သူတို့ရဲ့ ထိပ်သီးပြိုင်ဘက် ယူနိုက်တက်အသင်းထံ ပေါ်တူဂီကြယ်ပွင့် တိုက်စစ်မှူး ရော်နယ်ဒို ပြန်ရောက်လာတဲ့ အပေါ် မပျော်ရွှင်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ရော်နယ်ဒိုဟာ ကစားသမားဘဝ နောက်ဆုံးအချိန် အပိုင်းအခြားကို ရောက်ရှိနေသူ ဖြစ်ပေမယ့် လက်ရှိအထိ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်ကာ နယူးကာဆယ်နဲ့ ပွဲစဉ်မှာလည်း ယူနိုက်တက်အသင်း အတွက် အရေးပါတဲ့ သွင်းဂိုး ၂ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

” ယူနိုက်တက်ကို ရော်နယ်ဒိုရောက်လာတာ ခင်ဗျားအနေနဲ့ ပျော်ရဲ့လားဗျ ” ဆိုတဲ့ သတင်းသမားရဲ့အမေးကို နည်းပြကလော့ပ်က ” No ပါ။

သူ ဘယ်လောက်ကောင်းလည်း မပြောနိုင်ပေမယ့် မပျော်ပါဘူး။

ကျွန်တော်တို့ ကံမကောင်းတာပဲ” ဟု ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ကလော့ပ်က ” ကျွန်တော်အံ့သြခဲ့ရပါတယ်။

သူ ယူနိုက်တက်ကို ပြန်လာခဲ့တာကြောင့်တော့မဟုတ်ဘူးဗျ။

ဒါပေမယ့် သူက ဂျူဗင်တပ်စ်ကနေ ထွက်သွားချင်တယ်ဆိုတဲ့ကောလာဟလတွေကို ပထမဆုံးကြားတော့ ဘာပြောရမလဲဆိုတာတောင် မသိခဲ့ဘူး။

ကျွန်တော်က ဂျူဗင်အသိုင်းအဝိုင်းကလည်းမဟုတ်ဘူးလေ။

အချိန်နဲ့အမျှ သူ အသင်းကနေထွက်ခွာတော့မယ်ဆိုတဲ့သတင်းတွေရချိန်မှာ တကယ့်ကိုအံသြသွားခဲ့ရတယ်။

ပြီးတော့ သူ မန်စီးတီးကိုသွားမယ်လို့ကြားတော့ ကျွန်တော် တွေးမိလိုက်တာက ယူနိုက်တက်အတွက်တော့ လှောင်ပြောင်ချင်စရာ ဖြစ်လာမှာပဲလို့ပါ။

ဒါပေမယ့်လည်း ယူနိုက်တက်က သူ့ကိုပြန်လည်ခေါ်ယူနိုင်ခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် အားလုံးက လွတ်လပ်ပြီး ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရှိတာပဲမဟုတ်လား” ဟု ပြောကြားသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi





