
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အသက် ၃၆နှစ် အရွယ် ဂျူဗင်တပ်စ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်နယ်ဒိုဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ဂျူဗင်တပ်စ်အသင်းကို စွန့်ခွာကာ အသင်းသစ် တစ်သင်းထံ ပြောင်းရွှေ့ဖို့ ကြိုးစားနေသူ ဖြစ်ပြီး လတ်တလောမှာတော့ မန်စီးတီးအသင်းထံ ပြောင်းရွှေ့နိုင်ဖို့ အလွန်အမင်း နီးစပ်နေသူပါ။
ဒါပေမယ့် ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်း ကနေ မွေးထုတ်ပေးလိုက်တဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် ယူနိုက်တက်အသင်းရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းထံ မပြောင်းရွှေ့လောက်ဘူးလို့ ယူဆနေသူတွေ ရှိနေဆဲ ဖြစ်ပြီး
အဲဒီသူတွေထဲမှာ ရော်နယ်ဒိုရဲ့ အရင်းနှီးဆုံး အသင်းဖော် ဖြစ်ခဲ့သူ ရွန်းနီလည်း ပါဝင်ပါတယ်။
ရွန်းနီက ”အဲ ဒါက စိတ်ဝင်စားဖွယ်ကောင်းလှတဲ့ အပြောင်းအရွှေ့ သတင်း တစ်ခုပါ။
ဒါပေမယ့် တကယ် ဖြစ်လာလိမ့်မယ်လို့တော့ ကျွန်တော် လမ်းမမြင်ပါဘူး။
ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ ကောင်းမွန်တဲ့ အမွေအနှစ်တွေ ပိုင်ဆိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ”
”အဲဒီအတွက် သူက ကစားသမားတစ်ဦး အနေနဲ့ပဲ ဖြစ်ဖြစ် ၊ လူသား တစ်ဦး အနေနဲ့ပဲ ဖြစ်ဖြစ် ဘယ်လောက်ထိ ဂုဏ်ယူခဲ့သလဲ ဆိုတာ ကျွန်တော် သိထားပါတယ် ။
ဒါကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်လာနိုင်မယ့် လမ်းစကို ကျွန်တော် မမြင်မိ ပါဘူး။
ဒါပေမယ့်လည်း ဘောလုံးအားကစားက ဘာတွေ ဖြစ်လာမလဲဆိုတာ ဘယ်တော့မှ ကြိုမသိနိုင်ပါဘူး ”
” အရင်က အဲဒီလိုအပြောင်းအရွှေ့ ဖြစ်အောင် လုပ်ဆောင်ခဲ့သူ အနည်းငယ် ရှိခဲ့ကြ ပါတယ်။
ဒါပေမယ့် သူတို့တွေက စီရော်နယ်ဒိုနဲ့ အဆင့်တူသူ မဟုတ်ခဲ့ကြပါဘူး။
ငွေရေး ကြေးရေး အရတော့ သူက ဒီလို လုပ်မှာ မဟုတ်လောက်ပါဘူး။
မန်စီးတီးထက်စာရင် PSG အသင်းဆီ ပြောင်းတာကမှ ဖြစ်နိုင်ခြေ ပိုရှိဦးမယ်လို့ ကျွန်တော် တွေးပါတယ် ” လို့ မှတ်ချက်ပေးပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ေရာ္နယ္ဒို မန္စီးတီးကို ေျပာင္းမွာ မဟုတ္ဘူးလို႔ ယုံၾကည္ေနတဲ့ သရဲနီေဟာင္းႀကီး
အသက္ ၃၆ႏွစ္ အ႐ြယ္ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ အဓိက တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာ ဂ်ဴဗင္တပ္စ္အသင္းကို စြန႔္ခြာကာ အသင္းသစ္ တစ္သင္းထံ ေျပာင္းေ႐ႊ႕ဖို႔ ႀကိဳးစားေနသူ ျဖစ္ၿပီး လတ္တေလာမွာေတာ့ မန္စီးတီးအသင္းထံ ေျပာင္းေ႐ႊ႕ႏိုင္ဖို႔ အလြန္အမင္း နီးစပ္ေနသူပါ။
ဒါေပမယ့္ ေရာ္နယ္ဒိုဟာ ယူႏိုက္တက္အသင္း ကေန ေမြးထုတ္ေပးလိုက္တဲ့ ကစားသမား တစ္ဦး ျဖစ္တာေၾကာင့္ ယူႏိုက္တက္အသင္းရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းထံ မေျပာင္းေ႐ႊ႕ေလာက္ဘူးလို႔ ယူဆေနသူေတြ ရွိေနဆဲ ျဖစ္ၿပီး အဲဒီသူေတြထဲမွာ ေရာ္နယ္ဒိုရဲ႕ အရင္းႏွီးဆုံး အသင္းေဖာ္ ျဖစ္ခဲ့သူ ႐ြန္းနီလည္း ပါဝင္ပါတယ္။
႐ြန္းနီက ”အဲ ဒါက စိတ္ဝင္စားဖြယ္ေကာင္းလွတဲ့ အေျပာင္းအေ႐ႊ႕ သတင္း တစ္ခုပါ ။ ဒါေပမယ့္ တကယ္ ျဖစ္လာလိမ့္မယ္လို႔ေတာ့ ကြၽန္ေတာ္ လမ္းမျမင္ပါဘူး ။ ေရာ္နယ္ဒိုဟာ ယူႏိုက္တက္မွာ ေကာင္းမြန္တဲ့ အေမြအႏွစ္ေတြ ပိုင္ဆိုင္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္ ”
”အဲ ဒီအတြက္ သူက ကစားသမားတစ္ဦး အေနနဲ႔ပဲ ျဖစ္ျဖစ္ ၊ လူသား တစ္ဦး အေနနဲ႔ပဲ ျဖစ္ျဖစ္ ဘယ္ေလာက္ထိ ဂုဏ္ယူခဲ့သလဲ ဆိုတာ ကြၽန္ေတာ္ သိထားပါတယ္ ။ ဒါေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕ ျဖစ္လာႏိုင္မယ့္ လမ္းစကို ကြၽန္ေတာ္ မျမင္မိ ပါဘူး ။ ဒါေပမယ့္လည္း ေဘာလုံးအားကစားက ဘာေတြ ျဖစ္လာမလဲဆိုတာ ဘယ္ေတာ့မွ ႀကိဳမသိႏိုင္ပါဘူး ”
” အရင္က အဲဒီလိုအေျပာင္းအေ႐ႊ႕ ျဖစ္ေအာင္ လုပ္ေဆာင္ခဲ့သူ အနည္းငယ္ ရွိခဲ့ၾက ပါတယ္ ။ ဒါေပမယ့္ သူတို႔ေတြက စီေရာ္နယ္ဒိုနဲ႔ အဆင့္တူသူ မဟုတ္ခဲ့ၾကပါဘူး ။ ေငြေရး ေၾကးေရး အရေတာ့ သူက ဒီလို လုပ္မွာ မဟုတ္ေလာက္ပါဘူး ။ မန္စီးတီးထက္စာရင္ PSG အသင္းဆီ ေျပာင္းတာကမွ ျဖစ္ႏိုင္ေျခ ပိုရွိဦးမယ္လို႔ ကြၽန္ေတာ္ ေတြးပါတယ္ ” လို႔ မွတ္ခ်က္ေပးပါတယ္။