ရော်နယ်ဒို ဘောကြောက်နေပြီလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တိုကို အိမ်ကွင်းမှာ အနိုင်ကစားခဲ့ပေမယ့် အဝေးဂိုးကြောင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကနေ ဂျူဗင်တပ်စ်အသင်း ထွက်ခွာခဲ့ရတာမှာ ရော်နယ်ဒိုပါဝင်ခဲ့တဲ့ အနေအထား အချို့က အဆိုးရွားဆုံးဖြစ်ခဲ့တယ်ဆိုပြီး နာမည်ကျော်နည်းပြဟောင်းကာပယ်လိုက ဝေဖန်ပြောဆိုထားပါတယ်။ အဲဒီပွဲမှာ ရော်နယ်ဒိုကို ပွဲချိန်ပြည့်အသုံးပြုခဲ့ပေမယ့်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ချီယေဆာ၊ ရာဘီယော့တို့ကသာ သွင်းယူနိုင်ခဲ့ကြပါတယ်။

ကာပယ်လိုက “အဲဒီပွဲစဉ်မှာ ရော်နယ်ဒို အနေအထားက ဆိုးရွားပါတယ်။” “သူ့ရဲ့ ခေါင်းခုန်တိုက်မှုတွေ၊ ကန်သွင်းမှုတွေက ဘယ်လိုအကြောက်တရားမျိုးကိုမှ မပေးခဲ့ပါဘူး။ တခြားအမှားတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ခေတ်တုန်းကဆို တံတိုင်းကာမယ့်သူက ဘောလုံးမှန်မှာ ကြောက်နေလို့မရဘူး” “အခုကျတော့ ဘောလုံးထိမှာ ကြောက်နေကြတာချည်းပဲ။ ကျောကြီးပေး ခုန်ရှောင်နေကြတာ။ ဒါက ခွင့်လွှတ်ပေးလို့မရဘူး။

အရေးအကြောင်းဆို ကာကွယ်ဖို့ဆိုရင်လူငယ်တွေပဲ မားမားမတ်မတ် ရှေ့ထွက်နေရတာချည်းပါပဲ။” “အသင်းမှာ ရှိတဲ့ တချို့ အတွေ့အကြုံရင့်တဲ့ ကစားသမားတွေကကျတော့ နိုင်ရင်သာ အောင်ပွဲခံ၊ ဂုဏ်ဆာချင်တာ၊ ရှုံးရင် ဘယ်ရောက်သွားမှန်း မသိကြတော့ဘူး” ဆိုပြီး ပြောပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီမှာ ဂျူဗင်တပ်စ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရှိနေတာဖြစ်ပေမယ့်လည်း နောက်ပိုင်းပွဲစဉ်တွေမှာတော့ ဂိုးသွင်းခြေစွမ်းပျောက်ဆုံးနေခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တိုကို နှစ်ကျော့စလုံးဂိုးမသွင်းနိုင်ခဲ့ဘဲရှိခဲ့ပါတယ်။ ဂျူဗီကစားသမားဘဝ ၃ ရာသီဆက်တိုက်လည်း အမြင့်ဆုံးအဆင့်အဖြစ် ကွာတားဖိုင်နယ်ကိုသာ တက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေရာ္နယ္ဒို ေဘာေၾကာက္ေနၿပီလား

ေပၚတိုကို အိမ္ကြင္းမွာ အႏိုင္ကစားခဲ့ေပမယ့္ အေဝးဂိုးေၾကာင့္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ကေန ဂ်ဴဗင္တပ္စ္အသင္း ထြက္ခြာခဲ့ရတာမွာ ေရာ္နယ္ဒိုပါဝင္ခဲ့တဲ့ အေနအထား အခ်ိဳ႕က အဆိုး႐ြားဆုံးျဖစ္ခဲ့တယ္ဆိုၿပီး နာမည္ေက်ာ္နည္းျပေဟာင္းကာပယ္လိုက ေဝဖန္ေျပာဆိုထားပါတယ္။

အဲဒီပြဲမွာ ေရာ္နယ္ဒိုကို ပြဲခ်ိန္ျပည့္အသုံးျပဳခဲ့ေပမယ့္လည္း ဂိုးသြင္းယူႏိုင္ခဲ့ျခင္းမရွိဘဲ ခ်ီေယဆာ၊ ရာဘီေယာ့တို႔ကသာ သြင္းယူႏိုင္ခဲ့ၾကပါတယ္။ ကာပယ္လိုက “အဲဒီပြဲစဥ္မွာ ေရာ္နယ္ဒို အေနအထားက ဆိုး႐ြားပါတယ္။” “သူ႔ရဲ႕ ေခါင္းခုန္တိုက္မႈေတြ၊ ကန္သြင္းမႈေတြက ဘယ္လိုအေၾကာက္တရားမ်ိဳးကိုမွ မေပးခဲ့ပါဘူး။ တျခားအမွားေတြလည္း ရွိပါတယ္။ ကြၽန္ေတာ္တို႔ေခတ္တုန္းကဆို တံတိုင္းကာမယ့္သူက ေဘာလုံးမွန္မွာ ေၾကာက္ေနလို႔မရဘူး”

“အခုက်ေတာ့ ေဘာလုံးထိမွာ ေၾကာက္ေနၾကတာခ်ည္းပဲ။ ေက်ာႀကီးေပး ခုန္ေရွာင္ေနၾကတာ။ ဒါက ခြင့္လႊတ္ေပးလို႔မရဘူး။ အေရးအေၾကာင္းဆို ကာကြယ္ဖို႔ဆိုရင္လူငယ္ေတြပဲ မားမားမတ္မတ္ ေရွ႕ထြက္ေနရတာခ်ည္းပါပဲ။” “အသင္းမွာ ရွိတဲ့ တခ်ိဳ႕ အေတြ႕အႀကဳံရင့္တဲ့ ကစားသမားေတြကက်ေတာ့ ႏိုင္ရင္သာ ေအာင္ပြဲခံ၊ ဂုဏ္ဆာခ်င္တာ၊ ရႈံးရင္ ဘယ္ေရာက္သြားမွန္း မသိၾကေတာ့ဘူး” ဆိုၿပီး ေျပာပါတယ္။

ေရာ္နယ္ဒိုဟာ ဒီရာသီမွာ ဂ်ဴဗင္တပ္စ္ရဲ႕ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ရွိေနတာျဖစ္ေပမယ့္လည္း ေနာက္ပိုင္းပြဲစဥ္ေတြမွာေတာ့ ဂိုးသြင္းေျခစြမ္းေပ်ာက္ဆုံးေနခဲ့ပါတယ္။ ​ေရာ္နယ္ဒိုဟာ ေပၚတိုကို ႏွစ္ေက်ာ့စလုံးဂိုးမသြင္းနိုင္ခဲ့ဘဲရွိခဲ့ပါတယ္။ ဂ်ဴဗီကစားသမားဘဝ ၃ ရာသီဆက္တိုက္လည္း အျမင့္ဆုံးအဆင့္အျဖစ္ ကြာတားဖိုင္နယ္ကိုသာ တက္ေရာက္နိုင္ခဲ့တာလည္းျဖစ္ပါတယ္။