ရော်နယ်ဒို နဲ့ ဗာရန်းက မန်ယူအသင်းရဲ့ အဆင့်ကို မြင့်တင်ပေးလိမ့်မယ်လို့ ကြုံးဝါးတဲ့ ပေါ့ဘာ

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

ကွင်းလယ်လူ ပေါ့ဘာကတော့ ဂျုဗင်တပ်ကနေ ရောက်လာတဲ့ တိုက်စစ်မှူး စီရော်နယ်ဒို နှင့် ရီးရဲလ်ကနေ ရောက်လာတဲ့ နောက်ခံလူ ဗာရန်းတို့ဟာ မန်ယူအသင်းရဲ့ အဆင့်ကို မြင့်တင်ပေးကြလိမ့်မယ်လို့ Telefoot မှာ ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ မန်ယူကို တိုက်စစ်မှူး ရော်နယ်ဒိုက ပေါင် (၂၁) နဲ့ရောက်လာသလို နောက်ခံလူ ဗာရန်းကလည်း ပေါင် (၄၂) သန်းနဲ့ ရောက်လာပြီး သူတို့ နှစ်ဦးက ရီးရဲလ်အသင်းမှာ အတူ တွဲကစားခဲ့ဖူးသူတွေပါ။

ကမ္ဘာ့ဖလားရခဲ့တဲ့ ကွင်းလယ်လူပေါ့ဘာကတော့ အကောင်းဆုံး ကစားသမားတွေနဲ့ တွဲကစားရတာ အတူ လေ့ကျင့်ရတာက ပျော်စရာ ကောင်းတယ်လို့ ပြောပြီး သူတို့က အသင်းရဲ့ အဆင့်ကိုလည်း မြင့်တင်ပေးလိမ့်မယ်လို့ ကြုံးဝါးသွားတာပါပဲ။

Telefoot မှာ ပေါ့ဘာက “အကောင်းဆုံးလူတွေနဲ့ တွဲကစားရတာက အမြဲ ပျော်ရွှင်စရာပါ။

သူတို့နဲ့ လေ့ကျင့်ရေး ဆင်းနိုင်တာကလည်း ကစားသမားတွေအတွက် ပျော်စရာပါ။

သူတို့က အသင်းရဲ့အဆင့်ကို မြင့်တင်ပေးကြလိမ့်မယ်´´လို့ ဆိုပါတယ်။

ပြင်သစ်သား ပေါ့ဘာဟာ မန်ယူအသင်းကို ရော်နယ်ဒို စရောက်လာခဲ့စဥ်ကလည်း Sky Sports မှာ ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုအနေနဲ့ မန်ယူအသင်းကို ရောက်လာမယ် ဆိုရင် အသင်းရဲ့ အဆင့်က မြင့်တက်လိမ့်မယ်လို့ ပြောခဲ့တာပါ။

တိုက်စစ်မှူး ရော်နယ်ဒို နှင့် နောက်ခံလူ ဗာရန်းတို့ဟာ လာလီဂါ ပြိုင်ပွဲက ရီးရဲလ်အသင်းမှာ အတူ တွဲကစားခဲ့စဥ်က ဆုဖလား အောင်မြင်မှုတွေကို အတူ ရယူခဲ့ပြီး လက်ရှိ မန်ယူအသင်းမှာလည်းဆုဖလား အောင်မြင်မှုတွေ အတူ ရယူချင်မှာပါ။

ပေါ့ဘာဟာ ရော်နယ်ဒိုလိုပဲ ဂျူဗင်တပ်အသင်းကနေ မန်ယူအသင်းကို ဒုတိယ အကြိမ်မြောက် ပြန်ပြောင်းလာသူ ဖြစ်ပြီး ဂျုဗင်တပ်ကနေ မန်ယူကို ​ပြန်ပြောင်းလာခဲ့စဥ်က ပြောင်းရွှေ့ကြေး ပေါင် (၈၉) သန်းနဲ့ ပြန်ပြောင်းခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဘာဟာ ဂျုဗင်တပ်က ပေါင် (၈၉) သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် မန်ယူအသင်းရဲ့ စျေးအမြင့်ဆုံး ခေါ်ယူမှု အဖြစ် လက်ရှိအချိန်အထိ စံချိန်တင်နေပြီး မန်ယူအသင်းအတွက် အားကိုး အားထားရတဲ့ ကွင်းလယ်လူ ဖြစ်နေပါတယ်။

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi



ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ မန်ယူကို တိုက်စစ်မှူး ရော်နယ်ဒိုက ပေါင် (၂၁) နဲ့ရောက်လာသလို နောက်ခံလူ ဗာရန်းကလည်း ပေါင် (၄၂) သန်းနဲ့ ရောက်လာပြီး သူတို့ နှစ်ဦးက ရီးရဲလ်အသင်းမှာ အတူ တွဲကစားခဲ့ဖူးသူတွေပါ။






ပေါ့ဘာဟာ ဂျုဗင်တပ်က ပေါင် (၈၉) သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် မန်ယူအသင်းရဲ့ ဈေးအမြင့်ဆုံး ခေါ်ယူမှု အဖြစ် လက်ရှိအချိန်အထိ စံချိန်တင်နေပြီး မန်ယူအသင်းအတွက် အားကိုး အားထားရတဲ့ ကွင်းလယ်လူ ဖြစ်နေပါတယ်။