ရော်နယ်ဒို နေရာအစားထိုးဖို့ ဘာစီလိုနာကြယ်ပွင့်ကို ခေါ်ယူမယ့် ဂျူဗင်တပ်အသင်း

အန်ဆူဖာတီ ( ၁၈ – နှစ် ) ဟာ နိုင်ငံတကာဘောလုံးလောကရဲ့ တောက်ပလာမယ့် ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ဥရောပ ကလပ်အသင်းကြီးတွေအနေနဲ့ ဘာစီလိုနာထံကနေ လူငယ်ကစားသမားကို ခေါ်ယူဖို့ အလိုရှိ‌နေကြတာ ဖြစ်ပါတယ်။

အီတလီနိုင်ငံမှ သတင်းတွေအရ ဂျူဗင်တပ်အသင်းဟာ ဘာစီလိုနာ လူငယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ Calciomercatonews ရဲ့ အဆိုအရ အီတလီကလပ်က အနာဂတ်မှာ ခရစ္စတီယာနို ရော်နယ်ဒိုနေရာ အစားထိုးဖို့ ဘာစီလိုနာ လူငယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ စဉ်းစားနေကြောင်းသိရပါတယ်။

ပေါ်တူဂီကြယ်ပွင့်က ကစားသမားဘဝကို မေဂျာလိဂ်မှာ အဆုံးသတ်ဖို့ ရှိနိုင်တာကြောင့် ဂျူဗင်တပ်အ‌နေနဲ့ ရော်နယ်ဒိုရဲ့နေရာ အစားထိုးနိုင်ဖို့ ကြိုတင်ပြင်ဆင်လျက်ရှိပါတယ်။ ဂျူဗင်တပ်အသင်း အားကစား ဒါရိုက်တာ Fabio Paratici က ယခင်ကတည်းက ဖာတီကို ခေါ်ယူဖို့ ဆန္ဒရှိနေပြီး ရော်နယ်ဒို ထွက်ခွာသွားပါက အန်ဆူဖာတီကို လုံးဝ ကမ်းလှမ်းသွားဖွယ်ရှိနေပါတယ်။

ဘာစီလိုနာအသင်းက အနည်းဆုံး ပြောင်းရွေ့ကြေး ယူရိုသန်း ( ၈၀ ) ရရှိပါက ကစားသမားကို အသင်းပြောင်းရွေ့ခွင့်ပြုမယ်လို့ အဆိုပါ သတင်းစာက ဆိုထားပေမယ့် ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွေ့ကာလအတွင်း မန်ချက်စတာ ယူနိုက်တက်ကဲ့သို့ အသင်းတွေထံမှ ကမ်းလှမ်းမှုများကို ပယ်ချခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ( ၄၀၀ ) အချက်ကိုပဲ ဦးတည်ပြောဆိုခဲ့ပါတယ်။ အကိုး – Mundo Deportivo

Zawgyi

ေရာ္နယ္ဒို ေနရာအစားထိုးဖို႔ ဘာစီလိုနာၾကယ္ပြင့္ကို ေခၚယူမယ့္ ဂ်ဴဗင္တပ္အသင္း

အန္ဆူဖာတီ ( ၁၈ – ႏွစ္ ) ဟာ ႏိုင္ငံတကာေဘာလုံးေလာကရဲ႕ ေတာက္ပလာမယ့္ ၾကယ္ပြင့္ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရၿပီး ဥေရာပ ကလပ္အသင္းႀကီးေတြအေနနဲ႔ ဘာစီလိုနာထံကေန လူငယ္ကစားသမားကို ေခၚယူဖို႔ အလိုရွိ‌ေနၾကတာ ျဖစ္ပါတယ္။

အီတလီႏိုင္ငံမွ သတင္းေတြအရ ဂ်ဴဗင္တပ္အသင္းဟာ ဘာစီလိုနာ လူငယ္ၾကယ္ပြင့္ကို ေခၚယူဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။ Calciomercatonews ရဲ႕ အဆိုအရ အီတလီကလပ္က အနာဂတ္မွာ ခရစၥတီယာႏို ေရာ္နယ္ဒိုေနရာ အစားထိုးဖို႔ ဘာစီလိုနာ လူငယ္ၾကယ္ပြင့္ကို ေခၚယူဖို႔ စဥ္းစားေနေၾကာင္းသိရပါတယ္။

ေပၚတူဂီၾကယ္ပြင့္က ကစားသမားဘဝကို ေမဂ်ာလိဂ္မွာ အဆုံးသတ္ဖို႔ ရွိႏိုင္တာေၾကာင့္ ဂ်ဴဗင္တပ္အ‌ေနနဲ႔ ေရာ္နယ္ဒိုရဲ႕ေနရာ အစားထိုးႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္လ်က္ရွိပါတယ္။ ဂ်ဴဗင္တပ္အသင္း အားကစား ဒါ႐ိုက္တာ Fabio Paratici က ယခင္ကတည္းက ဖာတီကို ေခၚယူဖို႔ ဆႏၵရွိေနၿပီး ေရာ္နယ္ဒို ထြက္ခြာသြားပါက အန္ဆူဖာတီကို လုံးဝ ကမ္းလွမ္းသြားဖြယ္ရွိေနပါတယ္။

ဘာစီလိုနာအသင္းက အနည္းဆုံး ေျပာင္းေ႐ြ႕ေၾကး ယူ႐ိုသန္း ( ၈၀ ) ရရွိပါက ကစားသမားကို အသင္းေျပာင္းေ႐ြ႕ခြင့္ျပဳမယ္လို႔ အဆိုပါ သတင္းစာက ဆိုထားေပမယ့္ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ြ႕ကာလအတြင္း မန္ခ်က္စတာ ယူႏိုက္တက္ကဲ့သို႔ အသင္းေတြထံမွ ကမ္းလွမ္းမႈမ်ားကို ပယ္ခ်ခဲ့ၿပီး စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ိုသန္း ( ၄၀၀ ) အခ်က္ကိုပဲ ဦးတည္ေျပာဆိုခဲ့ပါတယ္။ အကိုး – Mundo Deportivo