ရော်နယ်ဒို ဆက်စပ်သတင်းနဲ့ အခြား သတင်းတိုများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်က စီရော်နယ်ဒိုကို ခေါ်ယူလိုက်ပေမယ့်တိုက်စစ်မှူး ကာဗာနီနဲ့ ကွင်းလယ်လူ ပေါ့ဘာတို့ ယူနိုက်တက်ကလပ်မှာပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။

စီရော်နယ်ဒိုကို ခေါ်ယူနိုင်ပြီးနောက် နှစ်နာရီအတွင်းမှာ ယူနိုက်တက် အင်စတာဂရမ်ကို အသစ် Follow သူပေါင်း ၁ သန်းကျော် ရရှိသွားပါတယ်။

ယူနိုက်တက် တိုက်စစ်သမား ဆန်ချိုဟာ မနေ့ညက နာရီပိုင်းအတွင်း များပြားတဲ့ အပြောင်းအလဲတွေနဲ့အပြောင်းအရွှေ့ လှုပ်ရှားမှုကြီးတွေ ဖြစ်ခဲ့ပြီးနောက် ယူနိုက်တက်က ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့ခြင်းအပေါ် ‘လန့်စရာကောင်းလိုက်တဲ့ နာရီပိုင်းပဲ’ လို့ မှတ်ချက်ပေးလိုက်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်မှူး အူဘာမီယန်းကို ဈေးကွက်တင်ထားပြီး ရောင်းချနိုင်ရင် ရောင်းချသွားဖို့ စီစဉ်နေသလို မန်ချက်စတာစီးတီးအသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတွေဆီ ပို့ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပြီး

ယူရိုသန်း ၂၀ တန် ကမ်းလှမ်းမှု ရတယ်ဆိုတာနဲ့ ဂါဘွန်သားအသင်းခေါင်းဆောင်ရဲ့ လုပ်ခကို လျှော့ချသွားနိုင်ဖို့ ဆန္ဒရှိနေပါတယ်။

စပါးအသင်းဟာ ပြင်သစ်ကလပ် မက်စ်အသင်းရဲ့ လူငယ် ကွင်းလယ်လူ ဆားလ်ကို ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း + အပိုဆုကြေးတွေနဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။

ဒါပေမယ့် ဆားလ်ဟာ စပါးအသင်းနဲ့ ချက်ချင်း ပူးပေါင်းဦးမှာ မဟုတ်ဘဲ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီကို မက်စ်အသင်းနဲ့ ဖြတ်သန်းဦးမယ်လို့ သိရပါတယ်။

တစ်ဖက်မှာတော့ စပါးအသင်းဟာ အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ ဆစ်ဆိုခိုကို ဝက်ဖို့ဒ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၃သန်းနဲ့ ရောင်းချသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

​ေရာ္နယ္ဒို ဆက္စပ္သတင္းနဲ႔ အျခား သတင္းတိုမ်ား

ယူႏိုက္တက္က စီေရာ္နယ္ဒိုကို ေခၚယူလိုက္ေပမယ့္တိုက္စစ္မႉး ကာဗာနီနဲ႔ ကြင္းလယ္လူ ေပါ့ဘာတို႔ ယူႏိုက္တက္ကလပ္မွာပဲ ဆက္ရွိေနမွာျဖစ္ပါတယ္။

စီေရာ္နယ္ဒိုကို ေခၚယူႏိုင္ၿပီး​ေနာက္ ႏွစ္နာရီအတြင္းမွာ ယူႏိုက္တက္ အင္စတာဂရမ္ကို အသစ္ Follow သူေပါင္း ၁ သန္းေက်ာ္ ရရွိသြားပါတယ္။

ယူႏိုက္တက္ တိုက္စစ္သမား ဆန္ခ်ိဳဟာ မေန႔ညက နာရီပိုင္းအတြင္း မ်ားျပားတဲ့ အေျပာင္းအလဲေတြနဲ႔အေျပာင္းအေ႐ႊ႕ လႈပ္ရွားမႈႀကီးေတြ ျဖစ္ခဲ့ၿပီးေနာက္ ယူႏိုက္တက္က ေရာ္နယ္ဒိုကို ေခၚယူႏိုင္ခဲ့ျခင္းအေပၚ ‘လန႔္စရာေကာင္းလိုက္တဲ့ နာရီပိုင္းပဲ’ လို႔ မွတ္ခ်က္ေပးလိုက္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္မႉး အူဘာမီယန္းကို ေဈးကြက္တင္ထားၿပီး ေရာင္းခ်ႏိုင္ရင္ ေရာင္းခ်သြားဖို႔ စီစဥ္ေနသလို မန္ခ်က္စတာစီးတီးအသင္းနဲ႔ ဂ်ဴဗင္တပ္စ္အသင္းေတြဆီ ပို႔ေဆာင္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၿပီး ယူ႐ိုသန္း ၂၀ တန္ ကမ္းလွမ္းမႈ ရတယ္ဆိုတာနဲ႔ ဂါဘြန္သားအသင္းေခါင္းေဆာင္ရဲ႕ လုပ္ခကို ေလွ်ာ့ခ်သြားႏိုင္ဖို႔ ဆႏၵရွိေနပါတယ္။

စပါးအသင္းဟာ ျပင္သစ္ကလပ္ မက္စ္အသင္းရဲ႕ လူငယ္ ကြင္းလယ္လူ ဆားလ္ကို ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၅သန္း + အပိုဆုေၾကးေတြနဲ႔ ေခၚယူႏိုင္ခဲ့ေၾကာင္း တရားဝင္ ထုတ္ျပန္ ေၾကညာသြားပါတယ္။

ဒါေပမယ့္ ဆားလ္ဟာ စပါးအသင္းနဲ႔ ခ်က္ခ်င္း ပူးေပါင္းဦးမွာ မဟုတ္ဘဲ ၂၀၂၁-၂၀၂၂ ေဘာလုံးရာသီကို မက္စ္အသင္းနဲ႔ ျဖတ္သန္းဦးမယ္လို႔ သိရပါတယ္။

တစ္ဖက္မွာေတာ့ စပါးအသင္းဟာ အသင္းရဲ႕ ဝါရင့္ ကြင္းလယ္လူ ဆစ္ဆိုခိုကို ဝက္ဖို႔ဒ္အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၃သန္းနဲ႔ ေရာင္းခ်သြားခဲ့ပါတယ္။