ရော်နယ်ဒို ဂျာစီ ဒလဟောထုတ်ရောင်းပြီး ငွေထုပ်ပိုက်ချင်ပေမယ့် အခက်ကြုံနေရတဲ့ ယူနိုက်တက်

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

မနေ့ညက ယူနိုက်တက် အသင်းရဲ့ တရားဝင် pageမှာ ရော်နယ်ဒိုဝတ်ဆင်မယ့် ကျော်နံပါတ် ကိုတရားဝင်ကြေငြာသွားခဲ့သလို သူဝတ်ဆင်မယ့် ကျောနံပါတ် (၇)ဟာလည်း ယူနိုက်တက် ပရိသတ်တွေ မြင်ချင်ကြတဲ့နံပါတ် ဖြစ်နေတာကြောင့် ဒီဂျာစီဟာ ဝယ်လိုအား မြင့်တက်လာဖွယ်ရှိပါတယ်။

ဒါပေမယ့် ယူနိုက်တက် ဂျာစီတွေကို ထုတ်လုပ်ပေးနဲ့တဲ့ adidas ကတော့ ဈေးကွက်တောင်းဆိုသလောက် ထုတ်လုပ်မပေးနိုင်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။

ဂျူဗင်တပ်ကနေ မထင်မှတ်ပဲ ဒီနွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းဆီကို တကျော့ပြန်လာခဲ့တဲ့ ရော်နယ်ဒိုဟာ သူအရင်က ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ကို အလွယ်တကူရရှိခဲ့တာတော့မဟုတ်ပါဘူး။

မနှစ်ကဘောလုံးရာသီမှာ အသင်းကိုရောက်ရှိခဲ့တဲ့ ကာဗာနီက ကျောနံပါတ် (၇) ကို ဝတ်ဆင်ပြီး ခြေစွမ်းတွေပြသခဲ့လို့ ဒီနံပါတ်ကို ကာဗာနီက ရော်နယ်ဒိုကို ဝတ်ဆင်ခွင့်ပေးပါ့မလားဆိုပြီး တွေးမိနေခဲ့ကြပါသေးတယ်။

ဒါပေမယ့် ဆန်ချိုအတွက် ကျောနံပါတ် (၇)ကို မစွန့်လွှတ်ခဲ့ပေမယ့် ကာဗာနီဟာ ရော်နယ်ဒိုအတွက်တော့ ဒီကျောနံပါတ်ကို စွန့်လွှတ် ပေးခဲ့သလို သူက လက်ရွေးစဉ်အသင်းမှာ ဝတ်ဆင်တဲ့ ကျောနံပါတ် (၂၁)ကိုပြောင်းရွှေ့ ဝတ်ဆင်ခဲ့ပါတယ်။

ရော်နယ်ဒိုအတွက် ကစားသမားဘက်ကကျောနံပါတ် ကို စွန့်လွှတ်ပေးခဲ့ရုံသာမက ပရီးမီးယားလိဂ်အဖွဲချုပ်ကလည်း သူ့အတွက် အထူးအခွင့်အရေးတစ်ရပ်အနေနဲ့ ကျောနံပါတ် (၇)ကိုဝတ်ဆင်ခွင့်ရအောင် ခွင့်ပြုချက်ပေးခဲ့ပါတယ်။

ပုံမှန်ဆိုရင် ပရီးမီးယားလိဂ် ရာသီတစ်ခုမှာ အင်္ကျီကျောနံပါတ်အပြောင်းအလဲမလုပ်နိုင်တဲ့ စည်းမျဉ်းရှိ ပေမယ့် ပရီးမီးယားလိဂ်က ယူနိုက်တက်အသင်းကို အထူးအခွင့်အရေးပေးခဲ့တာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အိုင်ယာလန်နဲ့ ပွဲမှာရခဲ့တဲ့ အဝါကဒ် ပြစ်ဒဏ်ကြောင့် တစ်ပွဲပယ်ခံနေရပြီး ပေါ်တူဂီအသင်းကနေ စောစောစီးစီး နုတ်ထွက်ခွင့်ရရှိလာမှုနဲ့ အတူ

အလုပ် ဗီဇာအဆင်ပြေခဲ့ရင်တော့ စက်တင်ဘာ (၁၁)ရက်နေ့ နယူးကာဆယ်နဲ့ပွဲမှာ သူ့ရဲ့ ယူနိုက်တက်ကစားသမားတစ်ကျော့ပြန်ခရီးရဲ့ ပထမဆုံးပွဲကို ကစားသွားနိုင်မှာပါ။

ရော်နယ်ဒိုရဲ့ ပွဲဦးထွက်ကစားမယ့်ပွဲမှာ ယူနိုက်တက်ပရိသတ်တွေက ရော်နယ်ဒိုရဲ့ နာမည်နဲ့ ကျောနံပါတ် ပါတဲ့ ဂျာစီကို ဝယ်ယူလိုနေကြပေမယ့် adidas ရဲ့ အင်္ကျီထုတ်လုပ်မှုအပိုင်းအခက်အခဲကြောင့် လိုသလောက် ဝယ်ယူနိုင်မှာ မဟုတ်သေးပါဘူး။

The Independent သတင်းစာမှာတော့ adidas ဟာကိုဗစ်ကြောင့် ဗီယက်နမ်မှာရှိတဲ့ အင်္ကျီထုတ်လုပ်ရေးစက်ရုံက ထုတ်လုပ်မှုနှောင့်နှေးနေမှုနဲ့အတူ ယူနိုက်တက် အတွက်အင်္ကျီလိုအပ်သလောက် ထုတ်လုပ် ပေးနိုင်မှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ဗီယက်နမ်ဟာ Adidas ရဲ့ပစ္စည်းအားလုံးရဲ့၂၈ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။

ယူနိုက်တက်ကို့ခရစ္စတီယာနို ရောက်လာချိန်က အလွန်မြန်ဆန်ခဲ့တာကြောင့် ကြိုတင်ပြင်ဆင်ထားမှုတွေ မပြုလြပ်နိုင်ခဲ့ချိန်မှာ ဝယ်လိုအား မြင့်တက်နေမှုနဲ့ ရင်ဆိုင်နေရတဲ့ adidas က အင်္ကျီတွေကို ပရိသတ်တွေတောင်းဆိုနေသလောက် ထုတ်လုပ်ပေးနိုင်ဖို့အတွက်

အားစိုက်လုပ်ဆောင်နေကြပေမယ့် ကိုဗစ်ကြောင့်ထုတ်လုပ်ရေးနှောင့်နှေးနေမှုက ဈေးကွက်ရဲ့ လိုအပ်ချက်ကိုတော့ လိုသလောက်ထုတ်လုပ်ပေးနိုင်မှာမဟုတ်သေးပါဘူး။

ရော်နယ်ဒိုကြောင့် ဂျာစီအင်္ကျီရောင်းချမှု အလွန်မြင့်မားလာနိုင်ပေမယ့် ယူနိုက်တက်ဟာ adidas နဲ့ ချုပ်ဆိုထားတဲ့စာချုပ်အရ ဂျာစီ တစ်ထည်ရောင်းချရတိုင်း ၁၀ ရာခိုင်နှုန်းသာ ခံစားခွင့်ရမှာဖြစ်တာကြောင့် အကျိုးအမြတ်က (၉.၄) ပေါင်သာ ရရှိမှာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ဂျာမန်အခြေစိုက် အားကစားပစ္စည်းထုတ်လုပ်တဲ့ adidas တို့ဟာ၂၀၁၄ခုနှစ်တုန်းက ပေါင်သန်း (၇၅၀) တန် ကြေးရှိပြီး ၁၀ နှစ်သက်တမ်းရှိတဲ့အင်္ကျီစပွန်ဆာစာချုပ်ကို ချုပ်ချုပ်ဆိုခဲ့ကြပါတယ်။

အဲ့သည့် စာချုပ်ဟာ ဘောလုံးသမိုင်းမှာ အမြင့်မားဆုံး အင်္ကျီစပွန်ဆာ စာချုပ်လည်းဖြစ်ပါတယ်။

ယူနိုက်တက် ဂျာစီတွေကို ထုတ်လုပ်ပေးတဲ့ adidas ကတော့ ဈေးကွက်တောင်းဆိုသလောက် ထုတ်လုပ်မပေးနိုင်တဲ့ အခြေအနေကို အမြန်ဆုံး ဖြေရှင်းရပါမယ်။

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi

​ေရာ္နယ္ဒို ဂ်ာစီ ဒ​လ​ေဟာထုတ္​ေရာင္းၿပီး ​​ေငြထုပ္ပိုက္ခ်င္​ေပမယ့္ အခက္ႀကဳံ​ေနရတဲ့ ယူႏိုက္တက္

မေန႕ညက ယူႏိုက္တက္ အသင္းရဲ႕ တရားဝင္ pageမွာ ေရာ္နယ္ဒိုဝတ္ဆင္မယ့္ ေက်ာ္နံပါတ္ ကိုတရားဝင္ေၾကျငာသြားခဲ့သလို သူဝတ္ဆင္မယ့္ ေက်ာနံပါတ္ (၇)ဟာလည္း ယူႏိုက္တက္ ပရိသတ္ေတြ ျမင္ခ်င္ၾကတဲ့နံပါတ္ ျဖစ္ေနတာေၾကာင့္ ဒီဂ်ာစီဟာ ဝယ္လိုအား ျမင့္တက္လာဖြယ္ရွိပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္ ဂ်ာစီေတြကို ထုတ္လုပ္ေပးနဲ႕တဲ့ adidas ကေတာ့ ေဈးကြက္ေတာင္းဆိုသေလာက္ ထုတ္လုပ္မေပးႏိုင္တဲ့ အေျခအေနမ်ိဳးနဲ႕ ရင္ဆိုင္ေနရပါတယ္။

ဂ်ဴဗင္တပ္ကေန မထင္မွတ္ပဲ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ယူႏိုက္တက္အသင္းဆီကို တေက်ာ့ျပန္လာခဲ့တဲ့ ေရာ္နယ္ဒိုဟာ သူအရင္က ဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ကို အလြယ္တကူရရွိခဲ့တာေတာ့မဟုတ္ပါဘူး။ မႏွစ္ကေဘာလံုးရာသီမွာ အသင္းကိုေရာက္ရွိခဲ့တဲ့ ကာဗာနီက ေက်ာနံပါတ္ (၇) ကို ဝတ္ဆင္ၿပီး ေျခစြမ္းေတြျပသခဲ့လို႕ ဒီနံပါတ္ကို ကာဗာနီက ေရာ္နယ္ဒိုကို ဝတ္ဆင္ခြင့္ေပးပါ့မလားဆိုၿပီး ေတြးမိေနခဲ့ၾကပါေသးတယ္။

ဒါေပမယ့္ ဆန္ခ်ိဳအတြက္ ေက်ာနံပါတ္ (၇)ကို မစြန္႕လႊတ္ခဲ့ေပမယ့္ ကာဗာနီဟာ ေရာ္နယ္ဒိုအတြက္ေတာ့ ဒီေက်ာနံပါတ္ကို စြန္႕လႊတ္ ေပးခဲ့သလို သူက လက္ေရြးစဥ္အသင္းမွာ ဝတ္ဆင္တဲ့ ေက်ာနံပါတ္ (၂၁)ကိုေျပာင္းေရႊ႕ ဝတ္ဆင္ခဲ့ပါတယ္။ ေရာ္နယ္ဒိုအတြက္ ကစားသမားဘက္ကေက်ာနံပါတ္ ကို စြန္႕လႊတ္ေပးခဲ့ရံုသာမက ပရီးမီးယားလိဂ္အဖြဲခ်ဳပ္ကလည္း သူ႕အတြက္ အထူးအခြင့္အေရးတစ္ရပ္အေနနဲ႕ ေက်ာနံပါတ္ (၇)ကိုဝတ္ဆင္ခြင့္ရေအာင္ ခြင့့္ျပဳခ်က္ေပးခဲ့ပါတယ္။

ပံုမွန္ဆိုရင္ ပရီးမီးယားလိဂ္ ရာသီတစ္ခုမွာ အက်ႌေက်ာနံပါတ္အေျပာင္းအလဲမလုပ္ႏိုင္တဲ့ စည္းမ်ဥ္းရွိ ေပမယ့္ ပရီးမီးယားလိဂ္က ယူႏိုက္တက္အသင္းကို အထူးအခြင့္အေရးေပးခဲ့တာလည္း ျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ အိုင္ယာလန္နဲ႕ ပြဲမွာရခဲ့တဲ့ အဝါကဒ္ ျပစ္ဒဏ္ေၾကာင့္ တစ္ပြဲပယ္ခံေနရၿပီး ေပၚတူဂီအသင္းကေန ေစာေစာစီးစီး ႏုတ္ထြက္ခြင့္ရရွိလာမႈနဲ႔ အတူ အလုပ္ ဗီဇာအဆင္ေျပခဲ့ရင္ေတာ့ စက္တင္ဘာ (၁၁)ရက္ေန႔ နယူးကာဆယ္နဲ႕ပြဲမွာ သူ႕ရဲ႕ ယူႏိုက္တက္ကစားသမားတစ္ေက်ာ့ျပန္ခရီးရဲ႕ ပထမဆုံးပြဲကို ကစားသြားႏိုင္မွာပါ။

ေရာ္နယ္ဒိုရဲ႕ ပြဲဦးထြက္ကစားမယ့္ပြဲမွာ ယူႏိုက္တက္ပရိသတ္ေတြက ေရာ္နယ္ဒိုရဲ႕ နာမည္နဲ႕ ေက်ာနံပါတ္ ပါတဲ့ ဂ်ာစီကို ဝယ္ယူလိုေနၾကေပမယ့္ adidas ရဲ႕ အက်ၤီထုတ္လုပ္မႈအပိုင္းအခက္အခဲေၾကာင့္ လိုသေလာက္ ဝယ္ယူႏိုင္မွာ မဟုတ္ေသးပါဘူး။

The Independent သတင္းစာမွာေတာ့ adidas ဟာကိုဗစ္ေၾကာင့္ ဗီယက္နမ္မွာရွိတဲ့ အက်ႌထုတ္လုပ္ေရးစက္႐ုံက ထုတ္လုပ္မႈေႏွာင့္ေႏွးေနမႈနဲ႔အတူ ယူႏိုက္တက္ အတြက္အက်ႌလိုအပ္သေလာက္ ထုတ္လုပ္ ေပးႏိုင္မွာမဟုတ္ဘူးလို႕ ေဖာ္ျပထားပါတယ္။ ဗီယက္နမ္ဟာ Adidas ရဲ႕ပစၥည္းအားလုံးရဲ႕၂၈ ရာခိုင္ႏႈန္းကို ထုတ္လုပ္ေပးေနတဲ့ ႏိုင္ငံျဖစ္ပါတယ္။

ယူႏိုက္တက္ကို ႔ခရစၥတီယာႏို ေရာက္လာခ်ိန္က အလြန္ျမန္ဆန္ခဲ့တာေၾကာင့္ ၾကိဳတင္ျပင္ဆင္ထားမႈေတြ မျပဳလျပ္ႏိုင္ခဲ့ခ်ိန္မွာ ဝယ္လိုအား ျမင့္တက္ေနမႈနဲ႕ ရင္ဆိုင္ေနရတဲ့ adidas က အက်ႌေတြကို ပရိသတ္ေတြေတာင္းဆိုေနသေလာက္ ထုတ္လုပ္ေပးႏိုင္ဖို႕အတြက္ အားစိုက္လုပ္ေဆာင္ေနၾကေပမယ့္ ကိုဗစ္ေၾကာင့္ထုတ္လုပ္ေရးေႏွာင့္ေႏွးေနမႈက ေဈးကြက္ရဲ႕ လိုအပ္ခ်က္ကိုေတာ့ လိုသေလာက္ထုတ္လုပ္ေပးႏိုင္မွာမဟုတ္ေသးပါဘူး။

ေရာ္နယ္ဒိုေၾကာင့္ ဂ်ာစီအက်ႌေရာင္းခ်မႈ အလြန္ျမင့္မားလာႏိုင္ေပမယ့္ ယူႏိုက္တက္ဟာ adidas နဲ႕ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္အရ ဂ်ာစီ တစ္ထည္ေရာင္းခ်ရတိုင္း ၁၀ ရာခိုင္ႏႈန္းသာ ခံစားခြင့္ရမွာျဖစ္တာေၾကာင့္ အက်ိဳးအျမတ္က (၉.၄) ေပါင္သာ ရရွိမွာျဖစ္ပါတယ္။

ယူႏိုက္တက္နဲ႔ ဂ်ာမန္အေျခစိုက္ အားကစားပစၥည္းထုတ္လုပ္တဲ့ adidas တို႕ဟာ၂၀၁၄ခုႏွစ္တုန္းက ေပါင္သန္း (၇၅၀) တန္ ေၾကးရွိၿပီး ၁၀ ႏွစ္သက္တမ္းရွိတဲ့အက်ႌစပြန္ဆာစာခ်ဳပ္ကို ခ်ဳပ္ခ်ဳပ္ဆိုခဲ့ၾကပါတယ္။ အဲ့သည့္ စာခ်ဳပ္ဟာ ေဘာလုံးသမိုင္းမွာ အျမင့္မားဆုံး အက်ႌစပြန္ဆာ စာခ်ဳပ္လည္းျဖစ္ပါတယ္။

ယူႏိုက္တက္ ဂ်ာစီေတြကို ထုတ္လုပ္ေပးတဲ့ adidas ကေတာ့ ေဈးကြက္ေတာင္းဆိုသေလာက္ ထုတ္လုပ္မေပးႏိုင္တဲ့ အေျခအေနကို အျမန္ဆုံး ​ေျဖရွင္း​ရပါမယ္။