ရော်နယ်ဒို ဂိုးသွင်းဖို့ပဲ မျှော်လင့်ထားတဲ့ မက်ဂွိုင်းယား
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက် အသင်းဟာအတ္တလန္တာ အသင်းကို ဧည့်ခံ ကစားခဲ့ရာမှာ ရော်နယ်ဒိုရဲ့ အဖိုးတန် ဂိုးတွေကြောင့် ပွဲစဉ်အပြီး 3 – 2 နဲ့ နိုင်ခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ယူနိုက်တက် အသင်း ခေါင်းဆောင် မက်ဂွိုင်းယားက ပွဲစဉ်အပြီးသတင်းစာရှင်းလင်းပွဲမှာ ပထမပိုင်း ရှုံးနိမ့်မှုအပြီး အနိုင် ကစားနိုင်စွမ်း ရှိတယ်လို့
သူတို့ အားလုံး ယုံကြည်ခဲ့ကြကြောင်း ၊ အလွတ် တည်ကန်ဘောတွေကနေ 2 ဂိုး ပေးခဲ့ရပေမဲ့ သူတို့ရဲ့ ကစားပုံ ပိုကောင်းခဲ့တယ်လို့ ယုံကြည်ခဲ့ကြကြောင်း ဖွင့်ပြောပါတယ်။
” ပထမပိုင်းတုန်းက ကျွန်တော်တို့ပေးလိုက်ရတဲ့ပေးဂိုး နှစ်ဂိုးက တော်တော်လေးကိုဆိုးပါတယ်။
ဒီပွဲမှာကြီးမားတဲ့ အခိုက်အတန့်နှစ်ခုအထိရှိခဲ့ပါတယ်။
ပထမတစ်ချက် ကတော့ လူမကပ်နိုင်တာရယ် ဒုတိယတစ်ချက်ကတော့ မပေးသင့်တဲ့ set-play ကနေ ဂိုးပေးလိုက်ရတယ်။”
“ပထမပိုင်းမှာ ကတည်းက ကျွန်တော်တို့ဟာအခွင့်အရေး ကောင်းတွေများစွာဖန်တီးနိုင်ခဲ့တာပါ။
ဒါကြောင့်ပထမ ပိုင်းမှာပဲဂိုးပြန်ရနိုင်မယ်လို့ကျွန်တော်တို့ယုံကြည်ခဲ့ပါ တယ်။
နောက်ဆုံးမှာတော့ ကျွန်တော်တို့အတွက်လိုအပ်ပြီးထိုက်တန်တဲ့ သွင်းဂိုးတွေကို ရရှိခဲ့ပါတယ်။
ပွဲ ပြီးချိန် ကျွန်တော်တို့ပဲ အနိုင်ရဖို့ ထိုက်တန်တယ်လို့ထင်ပါတယ်။”
“တစ်နည်းနည်းနဲ့ စီရော်နယ်ဒိုဂိုးသွင်းလိမ့်မယ်လို့ကျွန်တော်ထင်မြင်ထားပါတယ်။
သူဂိုးသွင်းတဲ့အချိန် သူ့ အနောက်မှာကျွန်တော်ရှိခဲ့တယ်။
သူ့ရဲ့နေရာယူမှု နဲ့ ခုန်ချက်တွေပြီးပြည့်စုံမှုလည်းရှိခဲ့ပါတယ်။
စီရော်နယ်ဒိုရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ အပြင်းအထန်လေ့ကျင့်တာကို ကျွန်တော်တို့မြင်နေကျပဲ။
အခုလိုပွဲရဲ့သွင်းဂိုးမျိုးတွေ ဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် သွင်းယူနေကျပဲ။
ဒီပွဲမှာ ကျွန်တော်တို့အတွက် အရေးပါတဲ့ ချန်ပီယံလိဂ်သွင်းဂိုးကို သွင်းယူခဲ့ပါတယ်။ “လို့ မက်ဂွိုင်းယားက ပြောပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi