
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဘာပေအနေနဲ့ မက်ဆီ၊ရော်နယ်ဒိုတို့လိုမျိုး ဘလွန်းဒီအော်ဆုကိုဆွတ်ခူးချင်တယ်ဆိုရင် အရင်ဆုံး ပီအက်စ်ဂျီအသင်းကနေထွက်ခွါပြီး
အင်္ဂလန်ဘောလုံးလောကမှာ လာရောက်ကစားသင့်တယ်လို့ ပြင်သစ်တိုက်စစ်မှူးဟောင်းကြီး နီကိုးလပ်စ်အနယ်ကာက တိုက်တွန်းသွားခဲ့ပါတယ်။
အသက်(၂၂)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမားလေး ဘာပေဟာ မိုနာကို ပီအက်စ်ဂျီအသင်းတွေနဲ့အတူ ပြင်သစ်ပြည်တွင်း ဆုဖလားတွေအားလုံးကို ရယူပိုင်ဆိုင်ခဲ့သူဖြစ်သလို ပြင်သစ်အသင်းနဲ့လည်း ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားဆုကြီးကိုပါ ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီထက်မကတဲ့ အောင်မြင်မှုတွေ ရယူနိုင်ဖို့နဲ့ အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်လာနိုင်ဖို့အတွက် ပီအက်စ်ဂျီအသင်းနဲ့ ပြင်သစ်လီဂူးပြိုင်ပွဲကို စွန့်ခွာသင့်ပြီလို့ အနယ်ကာက အကြံပြုပြောဆိုသွားခဲ့ပါတယ်။
အနယ်ကာက”တကယ်လို့သူ့အနေနဲ့ ကြီးမားတဲ့ဆုတံဆိပ်တွေရယူလိုရင် အနေအထားတစ်ခုမှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွါဖို့လိုပါတယ်”
“ပီအက်စ်ဂျီမှာ ဘာလုပ်လုပ်တင့်တယ်ပေမယ့် ပြင်သစ်မှာပဲသူလုပ်ပြနိုင်တယ်လို့ ပြောစရာတွေရှိလာပါတယ်။
အင်္ဂလန်နဲ့စပိန်က အကောင်းဆုံးလိဂ်တွေပါ။
ဒါကြောင့် တချို့တွေက ဘာပေကို အကောင်းဆုံးလိဂ်တွေမှာ အကောင်းဆုံးကစားသမားတွေနဲ့ မယှဉ်ပြိုင်ခဲ့ရသေးဘူးဆိုပြီး ပြောကြလိမ့်မယ်။
ဒါကြောင့် သူ့ဘက်ကနေ ဆုံးဖြတ်ရလိမ့်မယ်။”
“သူ့အနေနဲ့ Ballon d’Or ဆုကြီးကို အလိုရှိတယ်ဆိုရင် အကောင်းဆုံးကစားသမားတွေနဲ့ ယှဉ်ပြိုင်ကစားဖို့ လိုပါလိမ့်မယ်။
ဒါဆို ပီအက်စ်ဂျီမှာ ကစားနေရင်ရော အကောင်းဆုံးတွေနဲ့ မရင်ဆိုင်ရဘူးလားဆိုတာတော့ မဟုတ်ပါဘူး။
ဒါပေမယ့် ယှဉ်ပြိုင်မှု အပြင်းထန်ဆုံးလိဂ်က အင်္ဂလန်မှာပဲ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။”
“ဘာပေအနေနဲ့ ကစားသမားတွေထဲကမှ အကောင်းဆုံးသူ ဖြစ်ချင်တယ်ဆိုရင် ချယ်လ်ဆီး၊ ယူနိုက်တက်၊ အာဆင်နယ် ၊ မန်စီးတီး ၊ လီဗာပူး ဒါမှမဟုတ်ရင်လည်း စပိန်က မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာတို့ကို ပြောင်းရွေ့သင့်တယ်။” ဆိုပြီး ပြောထားပါတယ်။
ဘာပေအနေနဲ့ ပီအက်စ်ဂျီအသင်းအတွက် ၁၇၁ပွဲပါဝင်ကစားပေးထားပြီး ၁၃၂ဂိုးအထိ သွင်းယူပေးထားတာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi




ေရာ္နယ္ဒို၊ မက္ဆီတို႔ရဲ႕ ေျခရာနင္းႏိုင္ဖို႔ ဘာေပ ပီအက္စ္ဂ်ီက ထြက္မွရမယ္
ဘာေပအေနနဲ႔ မက္ဆီ၊ေရာ္နယ္ဒိုတို႔လိုမ်ိဳး ဘလြန္းဒီေအာ္ဆုကိုဆြတ္ခူးခ်င္တယ္ဆိုရင္ အရင္ဆုံး ပီအက္စ္ဂ်ီအသင္းကေနထြက္ခြါၿပီး အဂၤလန္ေဘာလုံးေလာကမွာ လာေရာက္ကစားသင့္တယ္လို႔ ျပင္သစ္တိုက္စစ္မႉးေဟာင္းႀကီး နီကိုးလပ္စ္အနယ္ကာက တိုက္တြန္းသြားခဲ့ပါတယ္။




အသက္(၂၂)ႏွစ္အ႐ြယ္ရွိ ျပင္သစ္လက္ေ႐ြးစင္ တိုက္စစ္ကစားသမားေလး ဘာေပဟာ မိုနာကို ပီအက္စ္ဂ်ီအသင္းေတြနဲ႔အတူ ျပင္သစ္ျပည္တြင္း ဆုဖလားေတြအားလုံးကို ရယူပိုင္ဆိုင္ခဲ့သူျဖစ္သလို ျပင္သစ္အသင္းနဲ႔လည္း ၂၀၁၈ခုႏွစ္ ကမာၻ႔ဖလားဆုႀကီးကိုပါ ပိုင္ဆိုင္ခဲ့ပါတယ္။ဒါေပမယ့္ ဒီထက္မကတဲ့ ေအာင္ျမင္မႈေတြ ရယူႏိုင္ဖို႔နဲ႔ အေကာင္းဆုံး ကစားသမားတစ္ေယာက္ ျဖစ္လာႏိုင္ဖို႔အတြက္ ပီအက္စ္ဂ်ီအသင္းနဲ႔ ျပင္သစ္လီဂူးၿပိဳင္ပြဲကို စြန႔္ခြာသင့္ၿပီလို႔ အနယ္ကာက အႀကံျပဳေျပာဆိုသြားခဲ့ပါတယ္။ အနယ္ကာက”တကယ္လို႔သူ႔အေနနဲ႔ ႀကီးမားတဲ့ဆုတံဆိပ္ေတြရယူလိုရင္ အေနအထားတစ္ခုမွာ ပီအက္စ္ဂ်ီအသင္းကေန ထြက္ခြါဖို႔လိုပါတယ္””ပီအက္စ္ဂ်ီမွာ ဘာလုပ္လုပ္တင့္တယ္ေပမယ့္ ျပင္သစ္မွာပဲသူလုပ္ျပႏိုင္တယ္လို႔ ေျပာစရာေတြရွိလာပါတယ္။ အဂၤလန္နဲ႔စပိန္က အေကာင္းဆုံးလိဂ္ေတြပါ။ ဒါေၾကာင့္ တခ်ိဳ႕ေတြက ဘာေပကို အေကာင္းဆုံးလိဂ္ေတြမွာ အေကာင္းဆုံးကစားသမားေတြနဲ႔ မယွဥ္ၿပိဳင္ခဲ့ရေသးဘူးဆိုၿပီး ေျပာၾကလိမ့္မယ္။ ဒါေၾကာင့္ သူ႔ဘက္ကေန ဆုံးျဖတ္ရလိမ့္မယ္။”




“သူ႔အေနနဲ႔ Ballon d’Or ဆုႀကီးကို အလိုရွိတယ္ဆိုရင္ အေကာင္းဆုံးကစားသမားေတြနဲ႔ ယွဥ္ၿပိဳင္ကစားဖို႔ လိုပါလိမ့္မယ္။ ဒါဆို ပီအက္စ္ဂ်ီမွာ ကစားေနရင္ေရာ အေကာင္းဆုံးေတြနဲ႔ မရင္ဆိုင္ရဘူးလားဆိုတာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ယွဥ္ၿပိဳင္မႈ အျပင္းထန္ဆုံးလိဂ္က အဂၤလန္မွာပဲ ရွိေနတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။””ဘာေပအေနနဲ႔ ကစားသမားေတြထဲကမွ အေကာင္းဆုံးသူ ျဖစ္ခ်င္တယ္ဆိုရင္ ခ်ယ္လ္ဆီး၊ယူႏိုက္တက္၊အာဆင္နယ္ ၊ မန္စီးတီး ၊ လီဗာပူး ဒါမွမဟုတ္ရင္လည္း စပိန္က မက္ဒရစ္ ဒါမွမဟုတ္ ဘာစီလိုနာတို႔ကို ေျပာင္းေ႐ြ႕သင့္တယ္။” ဆိုၿပီး ေျပာထားပါတယ္။ ဘာေပအေနနဲ႔ ပီအက္စ္ဂ်ီအသင္းအတြက္ ၁၇၁ပြဲပါဝင္ကစားေပးထားၿပီး ၁၃၂ဂိုးအထိ သြင္းယူေပးထားတာျဖစ္ပါတယ္။