ရော်နယ်ဒို၊ မက်ဆီတို့ထက် ပိုကောင်းတဲ့သူ ဆိုပြီးအများက ချီးကျူးနေတဲ့ ဆာလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ (၅) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ဆာလာက ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

ယမန်နေ့ကပွဲမှာ ဆာလာဟာမာနေးရဲ့သွင်းဂိုးအတွက် ဖန်တီးပေးခဲ့သလို သွင်းဂိုးတစ်ဂိုးလည်း ခြေစွမ်းပြ သွင်းယူပြခဲ့ပါသေးတယ်။

ကလော့ပ်က “အခုလက်ရှိ ဘယ်သူအကောင်းဆုံးလဲဆိုတော့ ဆာလာပဲဖြစ်ပါတယ်။

ရော်နယ်ဒို နဲ့ မက်ဆီအကြောင်းကို အခု ဘယ်သူမှ သိပ်မပြောကြတော့ပါဘူး။

ဒါပေမယ့် လက်ရှိမှာတော့ ဆာလာက အကောင်းဆုံးပါ”လို့ပြောပါတယ်။

လီဗာပူးပရိသတ်တွေကလည်း အခုလိုမျိုးချီးကျူး ပြောဆိုထားပါတယ်။

“ ကမ္ဘာပေါ်မှာ ဆာလာလောက် ကောင်းတဲ့သူမရှိပါဘူး။

ဒါက အရမ်းကို ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဂိုးတစ်ဂိုးပါ ” လို့ လီဗာပူးပရိသတ်တစ်ဦးက ရေးထားပါတယ်။

“ လက်ရှိအချိန် ကမ္ဘာပေါ်မှာ ဘယ်သူကမှ ဆာလာလောက်မကောင်းကြပါဘူး ” လို့ နောက်တစ်ဦးက ရေးသား ထားပါတယ်။

“ပရီးမီးယားလိဂ်က တွေ့ဖူးသမျှတိုက်စစ်မှူးတွေထဲမှာ ဆာလာက အကောင်းဆုံးပါပဲ”လို့ တခြားပရိသတ် က ရေးထားပါသေးတယ်။

“ ဆာလာက မက်ဆီထက် ပိုကောင်းပါတယ်။

အဲဒီအတွက် မေးခွန်းထုတ်စရာမရှိပါဘူး ” ဆိုပြီး ရေးထားသူလည်းရှိပါတယ်။

လီဗာပူးအသင်းရဲ့ နောက်တန်း ကစားသမားဟောင်း ဖြစ်သူ ကာရေဂါကလည်း

“ လက်ရှိအချိန်မှာ ဆာလာက အကောင်းဆုံးကစားသမားဖြစ်ပါတယ် ” လို့ ပြောထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi





