ရော်နယ်ဒို၊ မက်ဆီတို့ထက် သာတဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆာလာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ် ကွင်းလယ် ကစားသမားဟောင်း ရော်ဘီဆားဗေ့ခ်ျက ရော်နယ်ဒိုနဲ့ မက်ဆီတို့ကို ကျော်ဖြတ်ပြီး၊ လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလာကို လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်လိုက်ပါတယ်။

“ကျွန်တော့်အတွက်တော့ မိုဟာမက် ဆာလာက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။

ဒီကစားသမားက အခုအချိန်မှာ မက်ဆီနဲ့ ရော်နယ်ဒိုထက် ပိုကောင်းနေလားလို့ မေးလာခဲ့ရင် ဟုတ်တာပေါ့ ပိုကောင်းနေတယ်လို့ပဲ ပြန်ဖြေမိမှာဗျ။”

” လက်ရှိ ဘောလုံး လောကမှာ တိုက်စစ်နေရာ အတွက် အကောင်းဆုံး ကစားသမားကို ရွေးပါဆိုရင် ကျွန်တော် ဆာလာကိုပဲ ဦးစားပေး ရွေးမိ ပါလိမ့်မယ်။”

“ဆာလာက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲမှာ ဖန်တီးနိုင်စွမ်း မြင့်မားပြီး၊ အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် ကူညီပေးနိုင်တဲ့ ကစားသမား ဖြစ်နေတာကြောင့် သူ့ကို လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ရတာပါ။” လို့ ဆားဗေ့ချ်က ဆိုပါတယ်။

ဆာလာဟာ လက်ရှိ ဘောလုံးရာသီမှာ လီဗာပူးအတွက် ပြိုင်ပွဲစုံ (၉) ဂိုး သွင်းယူပေးထားပြီး ၂၀၂၁ခုနှစ် Ballon d’Or အတွက် ဆန်ခါတင်ကစားသမားစာရင်းမှာလည်း ပါဝင်နေတာပါ။

မန်စီးတီးနဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ပြိုင်ဘက်နောက်ခံလူ (၃) ယောက်လောက်ကို လှလှပပလိမ်ခေါက်ပြီး ဂိုးသွင်းယူနိုင်ခဲ့တဲ့နောက် ဆာလာနဲ့ပတ်သက်လို့ ချီးကျူးသံတွေ တော်တော်လေး ကျယ်လောင်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

​ေရာ္နယ္ဒို၊ မက္ဆီတို႔ထက္ သာတဲ့ ကမာၻ႔အေကာင္းဆုံး ကစားသမား ဆာလာ

ပရီးမီးယားလိဂ္ ကြင္းလယ္ ကစားသမားေဟာင္း ေရာ္ဘီဆားေဗ့ခ္်က ေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ကို ေက်ာ္ျဖတ္ၿပီး၊ လီဗာပူး တိုက္စစ္မႉး မိုဟာမက္ ဆာလာကို လက္ရွိ ကမာၻ႔အေကာင္းဆုံး ကစားသမားအျဖစ္ ေ႐ြးခ်ယ္လိုက္ပါတယ္။“ကြၽန္ေတာ့္အတြက္ေတာ့ မိုဟာမက္ ဆာလာက လက္ရွိ ကမာၻ႔အေကာင္းဆုံး ကစားသမားပါ။ ဒီကစားသမားက အခုအခ်ိန္မွာ မက္ဆီနဲ႔ ေရာ္နယ္ဒိုထက္ ပိုေကာင္းေနလားလို႔ ေမးလာခဲ့ရင္ ဟုတ္တာေပါ့ ပိုေကာင္းေနတယ္လို႔ပဲ ျပန္ေျဖမိမွာဗ်။”

” လက္ရွိ ေဘာလုံး ေလာကမွာ တိုက္စစ္ေနရာ အတြက္ အေကာင္းဆုံး ကစားသမားကို ေ႐ြးပါဆိုရင္ ကြၽန္ေတာ္ ဆာလာကိုပဲ ဦးစားေပး ေ႐ြးမိ ပါလိမ့္မယ္။”

“ဆာလာက ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉးေတြထဲမွာ ဖန္တီးႏိုင္စြမ္း ျမင့္မားၿပီး၊ အသင္းေဖာ္ေတြ ဂိုးသြင္းႏိုင္ေအာင္ ကူညီေပးႏိုင္တဲ့ ကစားသမား ျဖစ္ေနတာေၾကာင့္ သူ႔ကို လက္ရွိ ကမာၻ႔အေကာင္းဆုံး ကစားသမားအျဖစ္ ေ႐ြးခ်ယ္ရတာပါ။” လို႔ ဆားေဗ့ခ်္က ဆိုပါတယ္။

ဆာလာဟာ လက္ရွိ ေဘာလုံးရာသီမွာ လီဗာပူးအတြက္ ၿပိဳင္ပြဲစုံ (၉) ဂိုး သြင္းယူေပးထားၿပီး ၂၀၂၁ခုႏွစ္ Ballon d’Or အတြက္ ဆန္ခါတင္ကစားသမားစာရင္းမွာလည္း ပါဝင္ေနတာပါ။

မန္စီးတီးနဲ႔ တစ္ဖက္ႏွစ္ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ ၿပိဳင္ဘက္ေနာက္ခံလူ (၃) ေယာက္ေလာက္ကို လွလွပပလိမ္ေခါက္ၿပီး ဂိုးသြင္းယူႏိုင္ခဲ့တဲ့ေနာက္ ဆာလာနဲ႔ပတ္သက္လို႔ ခ်ီးက်ဴးသံေတြ ေတာ္ေတာ္ေလး က်ယ္ေလာင္ေနပါတယ္။