ရော်နယ်ဒို၊ မက်ဆီတို့ထက်သာမယ့် ဟာလန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒေါ့မွန်အသင်းတိုက်စစ်မှူး ဟာလန်းဟာ ယမန်နေ့ညက သူ့အတွက် ၁၃ပွဲမြောက်ချန်ပီယံလိဂ်ပွဲအဖြစ် ပါဝင်ကစားခဲ့ရာ ၁၇ဂိုးနဲ့ ၁၈ ဂိုးမြောက်သွင်းဂိုးတွေ ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာ ရင်ဆိုင်ခဲ့ဖူးတဲ့ပြိုင်ဘက်တိုင်း ကိုဂိုးသွင်းတဲ့မှတ်တမ်းလည်း ဆက်လက်တင်နိုင်ခဲ့ပါတယ်။

ဆီဗီလာကို ဒေါ့မွန်အသင်းက အဝေးကွင်းမှာ ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ဒေါ့မွန်အတွက် ၂ဂိုးသွင်းယူပေးခဲ့တဲ့ ဟာလန်းဟာ ချန်ပီယံလိဂ်စံချိန်နှစ်ခုကို ချိုးဖျက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဟာလန်းဟာ ချန်ပီယံလိဂ် ပထမဆုံး ၁၃ ပွဲမှာ သွင်းဂိုး ၁၇ ဂိုးအထိ ရရှိခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဒေါ့မွန်အတွက် ချန်ပီယံလိဂ် ၇ ပွဲသာ ကစားပေးထားရသေးပေမယ့် သွင်းဂိုးအားဖြင့် ၁၀ ဂိုးအထိ ရရှိခဲ့ပြီဖြစ်လို့ ပြိုင်ပွဲသမိုင်းမှာ အသင်းတစ်သင်းအတွက် သွင်းဂိုး ၁၀ ဂိုး အမြန်ဆုံးပြည့်အောင် သွင်းယူနိုင်သူလည်းဖြစ်ခဲ့ပါတယ်။

ဟာလန်းဟာ ချန်ပီယံလိဂ်မှာ မတူညီတဲ့ပြိုင်ဘက် ၈သင်းနဲ့ ရင်ဆိုင်ထားပြီး ဘရုဂျက်ဘက်ကို ၄ဂိုး၊ ဂျန့်ဘက်ကို ၄ဂိုး၊ နာပိုလီဘက်ကို ၃ဂိုး၊ ပီအက်စ်ဂျီဘက်ကို ၂ဂိုး၊ ဆီဗီလာဘက်ကို ၂ဂိုး၊ လီဗာပူး၊ လာဇီယို၊ ဇင်းနစ်အသင်းတွေဘက်ကို တစ်ဂိုးစီအသီးသီးသွင်းယူထားပါတယ်။

အသက် ၂၀ အရွယ်သာရှိသေးတဲ့ ဟာလန်းဟာ အသက်အရွယ်နဲ့မလိုက်ဖက်အောင် ခြေစွမ်းကောင်းပြသထားပြီး၊ ဂိုးသွင်းစက်လို့ အမည်တွင်ရုံသာမက အခုဆို အသင်းတိုင်းလိုချင်တဲ့ လာဘ်ကောင်လေးဖြစ်နေပါပြီ။ အခုဆိုရင် ဘွန်ဒက်စ်လီဂါမှာ ရလဒ်တွေဆိုးရွားနေတဲ့ ဒေါ့မွန်အသင်းဟာ ခြေစွမ်းပြနေတဲ့ ဆီဗီလာကို အံ့အားသင့်ဖွယ်အနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ မျှော်လင့်ချက်အားကောင်းသွားခဲ့ပြီဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

​ေရာ္နယ္ဒို၊ မက္ဆီတို႔ထက္သာမယ့္ ဟာလန္း

ေဒါ့မြန္အသင္းတိုက္စစ္မႉး ဟာလန္းဟာ ယမန္​ေန႔ညက သူ႔အတြက္ ၁၃ပြဲေျမာက္ခ်န္ပီယံလိဂ္ပြဲအျဖစ္ ပါဝင္ကစားခဲ့ရာ ၁၇ဂိုးနဲ႔ ၁၈ ဂိုးေျမာက္သြင္းဂိုးေတြ ရယူႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ ရင္ဆိုင္ခဲ့ဖူးတဲ့ၿပိဳင္ဘက္တိုင္း ကိုဂိုးသြင္းတဲ့မွတ္တမ္းလည္း ဆက္လက္တင္ႏိုင္ခဲ့ပါတယ္။

ဆီဗီလာကို ေဒါ့မြန္အသင္းက အေဝးကြင္းမွာ ၃-၂ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့ပြဲစဥ္မွာ ေဒါ့မြန္အတြက္ ၂ဂိုးသြင္းယူေပးခဲ့တဲ့ ဟာလန္းဟာ ခ်န္ပီယံလိဂ္စံခ်ိန္ႏွစ္ခုကို ခ်ိဳးဖ်က္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ဟာလန္းဟာ ခ်န္ပီယံလိဂ္ ပထမဆုံး ၁၃ ပြဲမွာ သြင္းဂိုး ၁၇ ဂိုးအထိ ရရွိခဲ့တဲ့ ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ ေဒါ့မြန္အတြက္ ခ်န္ပီယံလိဂ္ ၇ ပြဲသာ ကစားေပးထားရေသးေပမယ့္ သြင္းဂိုးအားျဖင့္ ၁၀ ဂိုးအထိ ရရွိခဲ့ၿပီျဖစ္လို႔ ၿပိဳင္ပြဲသမိုင္းမွာ အသင္းတစ္သင္းအတြက္ သြင္းဂိုး ၁၀ ဂိုး အျမန္ဆုံးျပည့္ေအာင္ သြင္းယူႏိုင္သူလည္းျဖစ္ခဲ့ပါတယ္။

ဟာလန္းဟာ ခ်န္ပီယံလိဂ္မွာ မတူညီတဲ့ၿပိဳင္ဘက္ ၈သင္းနဲ႔ ရင္ဆိုင္ထားၿပီး ဘ႐ုဂ်က္ဘက္ကို ၄ဂိုး၊ ဂ်န႔္ဘက္ကို ၄ဂိုး၊ နာပိုလီဘက္ကို ၃ဂိုး၊ ပီအက္စ္ဂ်ီဘက္ကို ၂ဂိုး၊ ဆီဗီလာဘက္ကို ၂ဂိုး၊ လီဗာပူး၊ လာဇီယို၊ ဇင္းနစ္အသင္းေတြဘက္ကို တစ္ဂိုးစီအသီးသီးသြင္းယူထားပါတယ္။

အသက္ ၂၀ အ႐ြယ္သာရွိေသးတဲ့ ဟာလန္းဟာ အသက္အ႐ြယ္နဲ႔မလိုက္ဖက္ေအာင္ ေျခစြမ္း​ေကာင္းျပသထားၿပီး၊ ဂိုးသြင္းစက္လို႔ အမည္တြင္႐ုံသာမက အခုဆို အသင္းတိုင္းလိုခ်င္တဲ့ လာဘ္​ေကာင္​ေလးျဖစ္​ေနပါၿပီ။

အခုဆိုရင္ ဘြန္ဒက္စ္လီဂါမွာ ရလဒ္ေတြဆိုး႐ြားေနတဲ့ ေဒါ့မြန္အသင္းဟာ ေျခစြမ္းျပေနတဲ့ ဆီဗီလာကို အံ့အားသင့္ဖြယ္အႏိုင္ယူခဲ့ၿပီး ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္အားေကာင္းသြားခဲ့ၿပီျဖစ္ပါတယ္။