ရော်နယ်ဒို၊ မက်ဆီတို့ကို ကျော်တက်ပြီး ဆုရနိုင်ခြေရှိတဲ့ ကန်တီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ချယ်လ်ဆီးအသင်းနဲ့ အတူ ချန်ပီယံလိဂ် ဆုဖလားကို ရယူထားနိုင်ခဲ့တဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ကန်တီဟာ ၂၀၂၀-၂၀၂၁ ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ အတွက် ရေပန်းအစားဆုံး ကစားသမား ၃ယောက်ထဲမှာ ပါဝင်ပါတယ်။

ကန်တီဟာ ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၈ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး သွင်းယူပေးနိုင်ခဲ့ခြင်း မရှိပေမယ့် ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ယခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ကန်တီက ရရှိသင့်ကြောင်း ထောက်ခံပြောဆိုမှုတွေ ရှိနေသလို ဘွတ်ကီဒိုင်တွေရဲ့ အလေးပေးမှုမှာလည်း ကန်တီဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ထက် ရွှေဘောလုံးဆုကို ရရှိဖို့ ပိုမို ရေပန်းစားနေတာပါ။

ထိပ်သီး ဘွတ်ကီ website တစ်ခု ဖြစ်တဲ့ Betfairရဲ့ ဖော်ပြချက်အရ ယခုနှစ်မှာ ရွှေဘောလုံးဆုကို ရရှိဖို့အမ်ဘာပေက ရေပန်းအစားဆုံး ဖြစ်နေပြီး ဒုတိယမြောက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ ကစားသမားဟာ လီဝမ်ဒေါစကီးပဲ ဖြစ်ပါတယ်။ တတိယနေရာမှာတော့ ကန်တီရှိပါတယ်။

ကန်တီဟာ ၂၀၁၆ ခုနှစ်တွင် လက်စတာအသင်းကနေချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၂၁၈)ပွဲ ကစားအပြီးတွင် ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလားနှင့် FAဖလားများကို ရယူနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ကန်တီကို နှစ်ရှည်သက်တမ်းတိုးရန် စီစဉ်နေပြီဖြစ်ကြောင်း သိရပါတယ်။

ကန်တီဟာအသက်(၃၀)ရှိပြီဖြစ်သလို၊ စာချုပ်သက်တမ်း (၂)နှစ်ကျန်ရှိနေသေးသော်လည်း ချယ်လ်ဆီးအသင်းက ကစားသမားဘဝ အဆုံးသတ်တဲ့အထိ အသင်းတွင် ဆက်ထိန်းထားရန် လိုလားနေကြောင်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေရာ္နယ္ဒို၊ မက္ဆီတို႔ကို ေက်ာ္တက္ၿပီး ဆုရႏိုင္ေျခရွိတဲ့ ကန္တီ

ၿပီးခဲ့တဲ့ ရက္ပိုင္းကမွ ခ်ယ္လ္ဆီးအသင္းနဲ႔ အတူ ခ်န္ပီယံလိဂ္ ဆုဖလားကို ရယူထားႏိုင္ခဲ့တဲ့ ျပင္သစ္ လက္ေ႐ြးစင္ ကြင္းလယ္လူ ကန္တီဟာ ၂၀၂၀-၂၀၂၁ ေ႐ႊေဘာလုံးဆုကို ရယူႏိုင္ဖို႔ အတြက္ ေရပန္းအစားဆုံး ကစားသမား ၃ေယာက္ထဲမွာ ပါဝင္ပါတယ္။

ကန္တီဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ခ်ယ္လ္ဆီးအသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၄၈ပြဲ ပါဝင္ ကစားေပးထားၿပီး သြင္းဂိုး သြင္းယူေပးႏိုင္ခဲ့ျခင္း မရွိေပမယ့္ ဂိုးဖန္တီးမႈ ၃ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ယခုႏွစ္ရဲ႕ ေ႐ႊေဘာလုံးဆုကို ကန္တီက ရရွိသင့္ေၾကာင္း ေထာက္ခံေျပာဆိုမႈေတြ ရွိေနသလို ဘြတ္ကီဒိုင္ေတြရဲ႕ အေလးေပးမႈမွာလည္း ကန္တီဟာ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ထက္ ေ႐ႊေဘာလုံးဆုကို ရရွိဖို႔ ပိုမို ေရပန္းစားေနတာပါ။

ထိပ္သီး ဘြတ္ကီ website တစ္ခု ျဖစ္တဲ့ Betfairရဲ႕ ေဖာ္ျပခ်က္အရ ယခုႏွစ္မွာ ေ႐ႊေဘာလုံးဆုကို ရရွိဖို႔အမ္ဘာေပက ေရပန္းအစားဆုံး ျဖစ္ေနၿပီး ဒုတိယေျမာက္ ေရပန္းအစားဆုံး ျဖစ္ေနတဲ့ ကစားသမားဟာ လီဝမ္ေဒါစကီးပဲ ျဖစ္ပါတယ္။ တတိယ​ေနရာမွာ​ေတာ့ ကန္တီရွိပါတယ္။ကန္တီဟာ ၂၀၁၆ ခုႏွစ္တြင္ လက္စတာအသင္းက​ေနခ်ယ္လ္ဆီးအသင္းဆီကို ေျပာင္းေ႐ႊ႕လာခဲ့သူ ျဖစ္ၿပီး အသင္းအတြက္ ၿပိဳင္ပြဲစုံ(၂၁၈)ပြဲ ကစားအၿပီးတြင္ ခ်န္ပီယံလိဂ္ဖလား၊ ယူ႐ိုပါလိဂ္ဖလား၊ ပရီးမီးယားလိဂ္ဖလားႏွင့္ FAဖလားမ်ားကို ရယူႏိုင္ခဲ့ပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ကန္တီကို ႏွစ္ရွည္သက္တမ္းတိုးရန္ စီစဥ္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။ ကန္တီဟာအသက္(၃၀)ရွိၿပီျဖစ္သလို၊ စာခ်ဳပ္သက္တမ္း (၂)ႏွစ္က်န္ရွိေနေသးေသာ္လည္း ခ်ယ္လ္ဆီးအသင္းက ကစားသမားဘဝ အဆုံးသတ္တဲ့အထိ အသင္းတြင္ ဆက္ထိန္းထားရန္ လိုလားေနေၾကာင္း သိရပါတယ္။