ရော်နယ်ဒိုရဲ့ big fan လေးတစ်ယောက် မနေ့ညက ခြေစွမ်းတွေပြခဲ့တယ် . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ ဖလား ခြေစစ်ပွဲစဉ်အဖြစ် မနေ့ညက အန်ဒိုရာအသင်းနဲ့ ကစားခဲ့ပြီး (၄−ဝ) ဂိုး နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ပွဲမစတင်မီကတည်းက ဂိုးပြတ်နိုင်မယ်လို့ အလေးပေးခံရတဲ့ အင်္ဂလန်အသင်းဟာ ပွဲအပြီးမှာ (၄)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပေမယ့် အန်ဒိုရာအသင်းရဲ့ ကစားသမားတွေရဲ့ခံစစ်ကောင်းမွန်မှုကြောင့် သွင်းဂိုးတွေအလွယ်တကူ ရခဲ့တဲ့ ပွဲစဉ်တစ်ခုတော့ မဟုတ်ပါဘူး။

ဒီပွဲမှာ ယူနိုက်တက် ကွင်းလယ်ကစားသမား လင်ဂတ်က ပွဲချိန်ပြည့် ပါဝင် ကစားခဲ့ပြီး ထူးရှယ် ခြေစွမ်းတွေကို ပြသသွားခဲ့ပါတယ်။

မိနစ် (၂၀) ဝန်းကျင်က ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့ မှာ ဂိုးသမားကို ကျော်ပြီးသွင်းယူခဲ့တဲ့ ဂိုးသာ လူကျွံမနေခဲ့ဘူးဆိုရင် ဒီပွဲမှာ လင်ဂတ်က hat-trick ရယူသွားမယ့်သူဖြစ်ခဲ့မှာပါ။

လင်ဂတ်ဟာ ဒီပွဲမှာ ကိုယ်တိုင် (၂) ဂိုးသွင်းပြီး အသင်းဖော် ဆာကာ ဂိုးသွင်းနိုင်ဖို့ အတွက်လည်း ဖန်တီးမှု တစ်ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါသေးတယ်။

ပထမပိုင်း (၁၈)မိနစ်မှာ လင်ဂတ်ဟာ အင်္ဂလန်အသင်းအတွက် အဖွင့်ဂိုးသွင်းပြီးချိန်မှာ ရော်နယ်ဒိုစတိုင်ရယ် သူ့ရဲ့ စတိုင်ရယ်ကို ရောနှောပြီး အောင်ပွဲခံခဲ့ပါတယ်။

ပွဲအပြီးမှာတော့ သူဟာ ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမား Player Of The Match အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ လင်ဂတ်ဟာ ပြီးခဲ့တဲ့ ယူရို (၂၀၂၀) ပြိုင်ပွဲမှာလည်း နိုင်ငံအသင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။

နွေရာသီဈေးကွက်မှာ အသင်းမှာ ထွက်ခွာဖို့ အလားအလာများခဲ့ပေမယ့် နည်းပြဆိုးလ်ရှားက လင်ဂတ်ကို ဆက်ထိန်းထားဖို့ ဆန္ဒရှိခဲ့ပြီး ကစားသမား ကိုယ်တိုင်ကလည်း

အသင်းချစ်တဲ့စိတ် အပြင် သူ့ရဲ့ အိုင်ဒေါ ပါ အသင်းဆီကို ပြန်ရောက်လာခဲ့တာကြောင့် မစွန်ခွာနိုင်ဖြစ်နေပြီး ဒီရာသီမှာ ပွဲထွက်ခွင့် တစ်နေရာစာအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ပွဲအပြီး BelN Sportsနဲ့ အင်တာဗျူး ပြုလုပ်တဲ့ အချိန်မှာလည်း လင်ဂတ်ကသူ့ရဲ့ ပထမဂိုးသွင်းပြီးချိန်က အောင်ပွဲခံခဲ့တာက ရော်နယ်ဒိုကို “ကြိုဆိုတဲ့ လက်ဆောင်´´ ပေးခဲ့တာပါဆိုပြီး ပြောပြသွားခဲ့ပါတယ်။

သူက မေဆင်မောင့်ကိုလည်း အင်ဒိုရာနဲ့ မကစားခင်ကတည်းက သူဂိုးသွင်းနိုင်ခဲ့ရင် သူ့ရဲ့စတိုင်နဲ့ ရော်နယ်ဒိုရဲ့စတိုင်ကို ရောပြီးအောင်ပွဲခံမယ်လို့ ကြိုတင်ပြောခဲ့သလို ပွဲမှာလည်း အမှန်တကယ်ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ပြောတဲ့အတိုင်းဖြစ်အောင်လုပ်နိုင်ခဲ့တဲ့ သူဖြစ်ခဲ့ပါတယ်။

လင်ဂတ်ဟာ ပြီးခဲ့တဲ့ဒုတိယရာသီဝက်က ဝက်စ်ဟမ်းမှာ အငှားကစားခဲ့ပြီးနောက် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အင်္ဂလန် အသင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရသူဖြစ်ပေမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲမှာတော့ ရွေးချယ်မခံခဲ့ရပါဘူး။

ဒီရာသီမှာ ယူနိုက်တက် အတွက် ၁၀မိနစ်ကျော်သာ ကစားခွင့်ရထားပေမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက်တော့ ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။

အင်ဒိုရာနဲ့ ပွဲမှာ လင်ဂတ်ရဲ့ စွမ်းဆောင်ရည်တွေကတော့

ဘောလုံးပေးပို့နိုင်မှု (၈၉%)

ဘောလုံးထိတွေမှု (၇၉)ကြိမ်

ဂိုးကန်သွင်းမှု (၄) ကြိမ်

သွင်းဂိုး (၂)ဂိုး

ဂိုးဖန်တီးမှု (၁) ကြိမ်

ဘောလုံး ရှင်းထုတ်နိုင်မှု (၃/၄)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒိုရဲ႕ big fan ေလးတစ္ေယာက္ မေန႕ညက ေျခစြမ္းေတြျပခဲ့တယ္ . . .

အဂၤလန္အသင္းဟာ ကမာၻ႔ ဖလား ေျခစစ္ပြဲစဥ္အျဖစ္ မေန႔ညက အန္ဒိုရာအသင္းနဲ႔ ကစားခဲ့ၿပီး (၄−ဝ) ဂိုး နဲ႔ ဂိုးျပတ္အႏိုင္ရခဲ့ပါတယ္။ ပြဲမစတင္မီကတည္းက ဂိုးျပတ္ႏိုင္မယ္လို႔ အေလးေပးခံရတဲ့ အဂၤလန္အသင္းဟာ ပြဲအၿပီးမွာ (၄)ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့ေပမယ့္ အန္ဒိုရာအသင္းရဲ႕ ကစားသမားေတြရဲ႕ခံစစ္ေကာင္းမြန္မႈေၾကာင့္ သြင္းဂိုးေတြအလြယ္တကူ ရခဲ့တဲ့ ပြဲစဥ္တစ္ခုေတာ့ မဟုတ္ပါဘူး။

ဒီပြဲမွာ ယူႏိုက္တက္ ကြင္းလယ္ကစားသမား လင္ဂတ္က ပြဲခ်ိန္ျပည့္ ပါဝင္ ကစားခဲ့ၿပီး ထူးရွယ္ ေျခစြမ္းေတြကို ျပသသြားခဲ့ပါတယ္။ မိနစ္ (၂၀) ဝန္းက်င္က ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းအေတြ႕ မွာ ဂိုးသမားကို ေက်ာ္ၿပီးသြင္းယူခဲ့တဲ့ ဂိုးသာ လူကြၽံမေနခဲ့ဘူးဆိုရင္ ဒီပြဲမွာ လင္ဂတ္က hat-trick ရယူသြားမယ့္သူျဖစ္ခဲ့မွာပါ။

လင္ဂတ္ဟာ ဒီပြဲမွာ ကိုယ္တိုင္ (၂) ဂိုးသြင္းၿပီး အသင္းေဖာ္ ဆာကာ ဂိုးသြင္းႏိုင္ဖို႔ အတြက္လည္း ဖန္တီးမႈ တစ္ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့ပါေသးတယ္။ ပထမပိုင္း (၁၈)မိနစ္မွာ လင္ဂတ္ဟာ အဂၤလန္အသင္းအတြက္ အဖြင့္ဂိုးသြင္းၿပီးခ်ိန္မွာ ေရာ္နယ္ဒိုစတိုင္ရယ္ သူ႔ရဲ႕ စတိုင္ရယ္ကို ေရာေႏွာၿပီး ေအာင္ပြဲခံခဲ့ပါတယ္။ ပြဲအၿပီးမွာေတာ့ သူဟာ ပြဲစဥ္ရဲ႕အေကာင္းဆုံးကစားသမား Player Of The Match အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

ယူႏိုက္တက္မွာ ပုံမွန္ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနတဲ့ လင္ဂတ္ဟာ ၿပီးခဲ့တဲ့ ယူ႐ို (၂၀၂၀) ၿပိဳင္ပြဲမွာလည္း ႏိုင္ငံအသင္းကေန ခ်န္လွပ္ခံခဲ့ရတာျဖစ္ပါတယ္။ ေႏြရာသီေဈးကြက္မွာ အသင္းမွာ ထြက္ခြာဖို႔ အလားအလာမ်ားခဲ့ေပမယ့္ နည္းျပဆိုးလ္ရွားက လင္ဂတ္ကို ဆက္ထိန္းထားဖို႔ ဆႏၵရွိခဲ့ၿပီး ကစားသမား ကိုယ္တိုင္ကလည္း အသင္းခ်စ္တဲ့စိတ္ အျပင္ သူ႔ရဲ႕ အိုင္ေဒါ ပါ အသင္းဆီကို ျပန္ေရာက္လာခဲ့တာေၾကာင့္ မစြန္ခြာႏိုင္ျဖစ္ေနၿပီး ဒီရာသီမွာ ပြဲထြက္ခြင့္ တစ္ေနရာစာအတြက္ တိုက္ပြဲဝင္ဖို႔ ဆုံးျဖတ္ထားတာျဖစ္ပါတယ္။

ပြဲအၿပီး BelN Sportsနဲ႔ အင္တာဗ်ဴး ျပဳလုပ္တဲ့ အခ်ိန္မွာလည္း လင္ဂတ္ကသူ႔ရဲ႕ ပထမဂိုးသြင္းၿပီးခ်ိန္က ေအာင္ပြဲခံခဲ့တာက ေရာ္နယ္ဒိုကို “ႀကိဳဆိုတဲ့ လက္ေဆာင္´´ ေပးခဲ့တာပါဆိုၿပီး ေျပာျပသြားခဲ့ပါတယ္။ သူက ေမဆင္ေမာင့္ကိုလည္း အင္ဒိုရာနဲ႔ မကစားခင္ကတည္းက သူဂိုးသြင္းႏိုင္ခဲ့ရင္ သူ႔ရဲ႕စတိုင္နဲ႔ ေရာ္နယ္ဒိုရဲ႕စတိုင္ကို ေရာၿပီးေအာင္ပြဲခံမယ္လို႔ ႀကိဳတင္ေျပာခဲ့သလို ပြဲမွာလည္း အမွန္တကယ္ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ ေျပာတဲ့အတိုင္းျဖစ္ေအာင္လုပ္ႏိုင္ခဲ့တဲ့ သူျဖစ္ခဲ့ပါတယ္။

လင္ဂတ္ဟာ ၿပီးခဲ့တဲ့ဒုတိယရာသီဝက္က ဝက္စ္ဟမ္းမွာ အငွားကစားခဲ့ၿပီးေနာက္ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ အဂၤလန္ အသင္းမွာ ျပန္လည္ေ႐ြးခ်ယ္ခံခဲ့ရသူျဖစ္ေပမယ့္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာေတာ့ ေ႐ြးခ်ယ္မခံခဲ့ရပါဘူး။ ဒီရာသီမွာ ယူႏိုက္တက္ အတြက္ ၁၀မိနစ္ေက်ာ္သာ ကစားခြင့္ရထားေပမယ့္ ကမာၻ႔ဖလားေျခစစ္ပြဲေတြအတြက္ေတာ့ ျပန္လည္ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

အင္ဒိုရာနဲ႕ ပြဲမွာ လင္ဂတ္ရဲ႕ စြမ္းေဆာင္ရည္ေတြကေတာ့

ေဘာလံုးေပးပို႕ႏိုင္မႈ (၈၉%)

ေဘာလံုးထိေတြမႈ (၇၉)ၾကိမ္

ဂိုးကန္သြင္းမႈ (၄) ၾကိမ္

သြင္းဂိုး (၂)ဂိုး

ဂိုးဖန္တီးမႈ (၁) ၾကိမ္

ေဘာလံုး ရွင္းထုတ္ႏိုင္မႈ (၃/၄)