ရော်နယ်ဒိုရဲ့ ၂၅မိနစ်ကန်ချက်တစ်ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တဲ့ ယူနိုက်တက် 😳

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းရဲ့ရလဒ်ဆိုးတွေနဲ့ ကျဆင်းမှုတွေကတော့ တစ်ပတ်နဲ့တစ်ပတ် မရိုးနိုင်အောင် မြင်နေကြားနေရပါတယ်။

ပြီးခဲ့တဲ့ ၂ပတ်က လီဗာပူးကို အိမ်ကွင်းမှာပဲ ၅ဂိုးပြတ်ရှုံးခဲ့လို့ အရှက်တကွဲဖြစ်ခဲ့ရမှု အကင်းမသေသေးချိန်မှာပဲ ဒီကနေ့ညမှာလည်း ဒါဘီပြိုင်ဘက်မန်စီးတီးကို အိုးလ်ထရက်ဖို့ဒ်မှာ ဒူးထောက်လက်မြှောက်အရှုံးပေးခဲ့ရပြန်ပါတယ်။

လီဗာပူးကပေးတဲ့ ဒဏ်ရာဟောင်း ကောင်းကောင်းမကျက်သေးချိန်မှာပဲ မန်စီးတီးက ဒဏ်ရာသစ်ထပ် ပေးခဲ့တယ်လို့ဆိုရမှာပါ။

ယူနိုက်တက်ဟာ မန်စီးတီးကို အဖက်ဖက်က ဘယ်လိုမှမယှဉ်နိုင်ဘဲ အရှုံးပေးခဲ့ရတာပါ။

ကန်ဆယ်လိုရဲ့ဖြတ်တင်ဘောကို မမီမကမ်းနဲ့ဖျက်ထုတ်ခဲ့တဲ့ ဘိုင်လီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိမှုကြောင့် စောစောစီးစီးဂိုးပေးလိုက်ရတာကလည်းဦးကျိုးသလိုဖြစ်စေခဲ့ပါတယ်။

ဗာရန်းဒဏ်ရာရနေလို့ဝင်ကစားခွင့်ရတဲ့ဘိုင်လီကတော့ မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ်ပွဲတွေမှာ OG သွင်းမိတဲ့ ပထမဆုံးကစားသ မားဆိုတဲ့မှတ်တမ်းဆိုးကို မယူချင်ဘဲယူခဲ့ရပါတယ်။

ပထမပိုင်းပြီးခါနီးမှာ ကန်ဆယ်လိုရဲ့ဖန်တီးပေးမှုကနေပဲ ဘာနာဒိုဆေးလ်ဗားက ဒုတိယဂိုးသွင်းအပြီးမှာတော့ ယူနိုက်တက်ဘယ်လိုမှ ပြန်မလာနိုင်တော့ဘူးဆိုတာ သေချာသထက်သေချာသွားစေခဲ့ပါတယ်။

ဘာနာဒိုဆေးလ်ဗားအတွက်တော့ အိုးလ်ထရက်ဖို့ဒ်ကိုလာရတာ အောင်မြေလိုပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ ယူနိုက်တက်ဘက်ကို သူသွင်းခဲ့တဲ့ ၃ဂိုးစလုံးက အိုးလ်ထရက်ဖို့ဒ်မှာချည်းသွင်းနိုင်ခဲ့တာကြောင့်ပါပဲ။

ယူနိုက်တက်အနေနဲ့ ဂိုးသမား ဒီဂီယာသာလက်စွမ်းမပြနိုင်ရင် လီဗာပူးနဲ့ပွဲကလို အရှက်တကွဲရှုံးပွဲနဲ့ ရင်ဆိုင်ရဦးမှာပါ။

ဒီဂီယာဟာ မန်စီးတီးရဲ့အပိုင်ကန်သွင်းမှု ၃ကြိမ်လောက်ကိုကာကွယ်ပေးခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၃၂ ရာခိုင်နှုန်းသာရှိခဲ့သလို တစ်ပွဲလုံးဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်ပဲလုပ်နိုင်တဲ့အထိ အခြေအနေဆိုးခဲ့တာပါ။

ရော်နယ်ဒိုရဲ့ ၂၅မိနစ် ဗော်လီကန်ချက်တစ်ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာဖြစ်ပြီး အဲဒီရှားရှားပါးပါးတစ်ကြိမ်ကိုလည်း မန်စီးတီးဂိုးသမား အီဒါဆင်ကကာကွယ်သွားခဲ့ပါတယ်။

နောက်ကျဂိုးတွေသွင်းပြီး အသင်းကိုမကြာခဏကယ်တင်ပေးခဲ့တဲ့ရော်နယ်ဒိုလည်း ဘာမှမတတ်နိုင်ဘဲလက်မှိုင်ချခဲ့ရပါတယ်။

ဂလေဇာမိသားစုအနေနဲ့ ဆိုးလ်ရှားရဲ့အနာ ဂတ်ကို ဘယ်လိုဆုံးဖြတ်မလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒိုရဲ႕ ၂၅မိနစ္ကန္ခ်က္တစ္ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တဲ့ ယူႏိုက္တက္ 😳

ယူႏိုက္တက္အသင္းရဲ႕ရလဒ္ဆိုးေတြနဲ႔ က်ဆင္းမႈေတြကေတာ့ တစ္ပတ္နဲ႔တစ္ပတ္ မ႐ိုးႏိုင္ေအာင္ ျမင္ေနၾကားေနရပါတယ္။ ၿပီးခဲ့တဲ့ ၂ပတ္က လီဗာပူးကို အိမ္ကြင္းမွာပဲ ၅ဂိုးျပတ္ရႈံးခဲ့လို႔ အရွက္တကြဲျဖစ္ခဲ့ရမႈ အကင္းမေသေသးခ်ိန္မွာပဲ ဒီကေန႔ညမွာလည္း ဒါဘီၿပိဳင္ဘက္မန္စီးတီးကို အိုးလ္ထရက္ဖို႔ဒ္မွာ ဒူးေထာက္လက္ေျမႇာက္အရႈံးေပးခဲ့ရျပန္ပါတယ္။ လီဗာပူးကေပးတဲ့ ဒဏ္ရာေဟာင္း ေကာင္းေကာင္းမက်က္ေသးခ်ိန္မွာပဲ မန္စီးတီးက ဒဏ္ရာသစ္ထပ္ ေပးခဲ့တယ္လို႔ဆိုရမွာပါ။

ယူႏိုက္တက္ဟာ မန္စီးတီးကို အဖက္ဖက္က ဘယ္လိုမွမယွဥ္ႏိုင္ဘဲ အရႈံးေပးခဲ့ရတာပါ။ ကန္ဆယ္လိုရဲ႕ျဖတ္တင္ေဘာကို မမီမကမ္းနဲ႔ဖ်က္ထုတ္ခဲ့တဲ့ ဘိုင္လီရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမိမႈေၾကာင့္ ေစာေစာစီးစီးဂိုးေပးလိုက္ရတာကလည္းဦးက်ိဳးသလိုျဖစ္ေစခဲ့ပါတယ္။

ဗာရန္းဒဏ္ရာရေနလို႔ဝင္ကစားခြင့္ရတဲ့ဘိုင္လီကေတာ့ မန္ခ်က္စတာဒါဘီ ပရီးမီးယားလိဂ္ပြဲေတြမွာ OG သြင္းမိတဲ့ ပထမဆုံးကစားသ မားဆိုတဲ့မွတ္တမ္းဆိုးကို မယူခ်င္ဘဲယူခဲ့ရပါတယ္။ ပထမပိုင္းၿပီးခါနီးမွာ ကန္ဆယ္လိုရဲ႕ဖန္တီးေပးမႈကေနပဲ ဘာနာဒိုေဆးလ္ဗားက ဒုတိယဂိုးသြင္းအၿပီးမွာေတာ့ ယူႏိုက္တက္ဘယ္လိုမွ ျပန္မလာႏိုင္ေတာ့ဘူးဆိုတာ ေသခ်ာသထက္ေသခ်ာသြားေစခဲ့ပါတယ္။

ဘာနာဒိုေဆးလ္ဗားအတြက္ေတာ့ အိုးလ္ထရက္ဖို႔ဒ္ကိုလာရတာ ေအာင္ေျမလိုပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ ယူႏိုက္တက္ဘက္ကို သူသြင္းခဲ့တဲ့ ၃ဂိုးစလုံးက အိုးလ္ထရက္ဖို႔ဒ္မွာခ်ည္းသြင္းႏိုင္ခဲ့တာေၾကာင့္ပါပဲ။

ယူႏိုက္တက္အေနနဲ႔ ဂိုးသမား ဒီဂီယာသာလက္စြမ္းမျပႏိုင္ရင္ လီဗာပူးနဲ႔ပြဲကလို အရွက္တကြဲရႈံးပြဲနဲ႔ ရင္ဆိုင္ရဦးမွာပါ။ ဒီဂီယာဟာ မန္စီးတီးရဲ႕အပိုင္ကန္သြင္းမႈ ၃ႀကိမ္ေလာက္ကိုကာကြယ္ေပးခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ ေဘာလုံးပိုင္ဆိုင္မႈ ၃၂ ရာခိုင္ႏႈန္းသာရွိခဲ့သလို တစ္ပြဲလုံးဂိုးေပါက္တည့္ကန္ခ်က္တစ္ႀကိမ္ပဲလုပ္ႏိုင္တဲ့အထိ အေျခအေနဆိုးခဲ့တာပါ။ ေရာ္နယ္ဒိုရဲ႕ ၂၅မိနစ္ ေဗာ္လီကန္ခ်က္တစ္ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တာျဖစ္ၿပီး အဲဒီရွားရွားပါးပါးတစ္ႀကိမ္ကိုလည္း မန္စီးတီးဂိုးသမား အီဒါဆင္ကကာကြယ္သြားခဲ့ပါတယ္။

ေနာက္က်ဂိုးေတြသြင္းၿပီး အသင္းကိုမၾကာခဏကယ္တင္ေပးခဲ့တဲ့ေရာ္နယ္ဒိုလည္း ဘာမွမတတ္ႏိုင္ဘဲလက္မႈိင္ခ်ခဲ့ရပါတယ္။ ဂေလဇာမိသားစုအေနနဲ႔ ဆိုးလ္ရွားရဲ႕အနာ ဂတ္ကို ဘယ္လိုဆုံးျဖတ္မလဲဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။