ရော်နယ်ဒိုရဲ့ အငြင်းပွားဖွယ်သွင်းဂိုးနဲ့ ပတ်သက်ပြီး ဖာနန်ဒက်စ်ကို လှောင်ပြောင်လိုက်တဲ့ မာတစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘရူနို ဖာနန်ဒက်စ်ရဲ့ ပေါ်တူဂီအသင်းဟာ ယခုတစ်ပတ်အတွင်း ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဥ်မှာ ဒိုင်လူကြီးရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကြောင့် အနိုင်ရလာဒ်နဲ့ ဝေးကွာခဲ့ရပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ နာကျင်အချိန်ပို ကန်သွင်းမှုဟာ ဂိုးစည်းကျော်သွားခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ခြင်း မရှိပါဘူး။

ဖာနန်ဒက်စ်ကလည်း ဆိုရှယ်မီဒီယာမှ တစ်ဆင့် ဆာဘီးယားအသင်းနဲ့ ( ၂ – ၂ ) သရေရလာဒ်ထွက်ပေါ်ခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း ရေးသားခဲ့ပါတယ်။

လက်ရွေးစင်အသင်းကနေ အနားယူထားပြီးဖြစ်တဲ့ ဆားဘီးယားကွင်းလယ်လူ မာတစ်ကတော့ မန်ယူနိုက်တက် အသင်းဖော်ကို စာနာခြင်းမရှိပဲ လှောင်ပြောင်သရော်လိုက်ပါတယ်။

မာတစ်က ကာရင်တန်လေ့ကျင့်ရေးကွင်းမှ ဖာနန်ဒက်စ်ရဲ့ locker နဲ့အတူ ရော်နယ်ဒိုရဲ့ ကန်သွင်းမှုကို ဂိုးစည်းမကျော်အောင် ပြန်လည်ပြုပြင်ထားတဲ့ပုံကို သူ့ရဲ့ အင်စတာဂရမ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရော်နယ်ဒို နှင့် ဖာနန်ဒက်စ်တို့ကို tag ပြီး “ စည်းပေါ်မှာပဲ ရှိနေပါတယ်။ ယခုရှင်းသွားပြီ မလား ?” လို့ ရေးသားခဲ့ပါတယ်။ မာတစ်က ဟာသအမြင်နဲ့ ရေးသားခဲ့တာ ဖြစ်သလို ဖာနန်ဒက်စ်ကလည်း နားလည်သဘောပေါက်ပါလိမ့်မယ်။

မာတစ် နှင့် ဖာနန်ဒက်စ်တို့ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နောက်ထပ်ပရီးမီးယားလိဂ် ပွဲစဥ်အဖြစ် တနင်္ဂနွေနေ့မှာ ဘရိုက်တန်အသင်းနဲ့ ကစားရဖို့ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေရာ္နယ္ဒိုရဲ႕ အျငင္းပြားဖြယ္သြင္းဂိုးနဲ႔ ပတ္သက္ၿပီး ဖာနန္ဒက္စ္ကို ေလွာင္ေျပာင္လိုက္တဲ့ မာတစ္

ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ေပၚတူဂီအသင္းဟာ ယခုတစ္ပတ္အတြင္း ကစားခဲ့တဲ့ ကမာၻ႔ဖလား ေျခစစ္ပြဲစဥ္မွာ ဒိုင္လူႀကီးရဲ႕ အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္ေၾကာင့္ အႏိုင္ရလာဒ္နဲ႔ ေဝးကြာခဲ့ရပါတယ္။ ခရစၥတီယာႏို ေရာ္နယ္ဒိုရဲ႕ နာက်င္အခ်ိန္ပို ကန္သြင္းမႈဟာ ဂိုးစည္းေက်ာ္သြားခဲ့ေပမယ့္ ကြင္းလယ္ဒိုင္က ဂိုးအျဖစ္သတ္မွတ္ေပးခဲ့ျခင္း မရွိပါဘူး။

ဖာနန္ဒက္စ္ကလည္း ဆိုရွယ္မီဒီယာမွ တစ္ဆင့္ ဆာဘီးယားအသင္းနဲ႔ ( ၂ – ၂ ) သေရရလာဒ္ထြက္ေပၚခဲ့တဲ့အေပၚ စိတ္ပ်က္မိေၾကာင္း ေရးသားခဲ့ပါတယ္။ လက္ေ႐ြးစင္အသင္းကေန အနားယူထားၿပီးျဖစ္တဲ့ ဆားဘီးယားကြင္းလယ္လူ မာတစ္ကေတာ့ မန္ယူႏိုက္တက္ အသင္းေဖာ္ကို စာနာျခင္းမရွိပဲ ေလွာင္ေျပာင္သေရာ္လိုက္ပါတယ္။

မာတစ္က ကာရင္တန္ေလ့က်င့္ေရးကြင္းမွ ဖာနန္ဒက္စ္ရဲ႕ locker နဲ႔အတူ ေရာ္နယ္ဒိုရဲ႕ ကန္သြင္းမႈကို ဂိုးစည္းမေက်ာ္ေအာင္ ျပန္လည္ျပဳျပင္ထားတဲ့ပုံကို သူ႔ရဲ႕ အင္စတာဂရမ္မွာ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ေရာ္နယ္ဒို ႏွင့္ ဖာနန္ဒက္စ္တို႔ကို tag ၿပီး “ စည္းေပၚမွာပဲ ရွိေနပါတယ္။ ယခုရွင္းသြားၿပီ မလား ?” လို႔ ေရးသားခဲ့ပါတယ္။ မာတစ္က ဟာသအျမင္နဲ႔ ေရးသားခဲ့တာ ျဖစ္သလို ဖာနန္ဒက္စ္ကလည္း နားလည္သေဘာေပါက္ပါလိမ့္မယ္။ မာတစ္ ႏွင့္ ဖာနန္ဒက္စ္တို႔ဟာ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ေနာက္ထပ္ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ တနဂၤေႏြေန႔မွာ ဘ႐ိုက္တန္အသင္းနဲ႔ ကစားရဖို႔ရွိေနပါတယ္။