ရော်နယ်ဒိုရဲ့ နံပါတ် ၇ ဂျာစီ ပေါင် ၁၈၇ သန်းဖိုးအထိ ရောင်းချနိုင်ခဲ့ပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တစ်ချိန်က မန်ချက်စတာယူနိုက်တက်ကနေ ရီးရဲလ်မက်ဒရစ်ကို ဘက်ခမ်း ပြောင်းတော့ သူ့အတွက်ပြောင်းရွှေ့ကြေးကို ဂျာစီရောင်းရငွေကနေ ပြန်ရှာနိုင်ခဲ့တယ်လို့ ဖတ်ခဲ့ဖူးတယ်။

အခုလည်း မန်ချက်စတာယူနိုက်တက်ဟာ ခရစ္စတီယာနိုရော်နယ်ဒိုအတွက် ဂျူဗင်တပ်စ်အသင်းကို ပေးရမယ့် ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းကျော်ကို သူ့ရဲ့ကျောနံပါတ် ၇ ဂျာစီရောင်းရာကနေ ပြန်ရှာနိုင်ခဲ့ပါပြီ။

ဒါတောင် မန်ချက်စတာယူနိုက်တက်ဟာ ပြောင်းရွှေ့ကြေးကို တစ်ံလုံးတစ်ခဲတည်းပေးရမှာမဟုတ်ပါဘူး။ ၅နှစ်အရစ်ကျနဲ့ပေးရမှာပါ။

၅နှစ်အရစ်ကျနဲ့ပေးရမယ့်ငွေကြေးပမာဏကို ပရီးမီးယားလိဂ်ပွဲတွေမှာ ရော်နယ်ဒို ဘောလုံးတစ်ကြိမ်မှ မထိသေးဘဲနဲ့တင် မန်ယူ ပြန်ရှာနိုင်ခဲ့ပြီဖြစ်ပါတယ်။

အခုဆိုရင် ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဂျာစီရောင်းအား အကောင်းဆုံး ကစားသမားအဖြစ်မှတ်တမ်းဝင်လာတဲ့အပြင် ပြိုင်ဘက် မက်ဆီရဲ့ ပီအက်စ်ဂျီ ဂျာစီရောင်းအားထက်လည်း ၂ဆနီးပါး ပိုများနေပါတယ်။

ပမာဏအားဖြင့် ရော်နယ်ဒိုရဲ့ကျောနံပါတ် ၇ ဂျာစီရောင်းအားဟာ ပေါင် ၁၈၇သန်းဖိုးရှိလာပြီဖြစ်ပါတယ်။

ဒီငွေအားလုံးကို မန်ချက်စတာယူနိုက်တက်တစ်သင်းတည်းကရတာတော့မဟုတ်ပါဘူး။

အက်ဒီးဒက်စ်ကုမ္ပဏီနဲ့ချုပ်ဆိုထားတဲ့ စာချုပ်အရ မန်ချက်စတာယူနိုက်တက်က ဂျာစီရောင်းအားရဲ့ ၇ ရာခိုင်နှုန်းပဲရမှာပါ။

၇ ရာခိုင်နှုန်းနဲ့ပဲတွက်ရင်တောင်မှ ပေါင် ၁၃သန်းစွန်းစွန်း ရနေပြီဖြစ်လို့ သူ့အတွက် ပြောင်းရွှေ့ကြေးထက်မက ပိုနေပြီဖြစ်ပါတယ်။

မက်ဆီရဲ့ ကျောနံပါတ် ၃၀ ပီအက်စ်ဂျီ ဂျာစီရောင်းအားကတော့ ပေါင် ၁၀၃.၈ သန်းဖိုးရှိပြီး အဲဒီထဲကနေ ပီအက်စ်ဂျီက ပေါင် ၇.၃သန်းပြန်ရခဲ့တယ်လို့ သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒိုရဲ႕ နံပါတ္ ၇ ဂ်ာစီ ေပါင္ ၁၈၇ သန္းဖိုးအထိ ေရာင္းခ်ႏိုင္ခဲ့ၿပီ

တစ္ခ်ိန္က မန္ခ်က္စတာယူႏိုက္တက္ကေန ရီးရဲလ္မက္ဒရစ္ကို ဘက္ခမ္း ေျပာင္းေတာ့ သူ႔အတြက္ေျပာင္းေ႐ႊ႕ေၾကးကို ဂ်ာစီေရာင္းရေငြကေန ျပန္ရွာႏိုင္ခဲ့တယ္လို႔ ဖတ္ခဲ့ဖူးတယ္။ အခုလည္း မန္ခ်က္စတာယူႏိုက္တက္ဟာ ခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္ ဂ်ဴဗင္တပ္စ္အသင္းကို ေပးရမယ့္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၂ သန္းေက်ာ္ကို သူ႔ရဲ႕ေက်ာနံပါတ္ ၇ ဂ်ာစီေရာင္းရာကေန ျပန္ရွာႏိုင္ခဲ့ပါၿပီ။

ဒါေတာင္ မန္ခ်က္စတာယူႏိုက္တက္ဟာ ေျပာင္းေ႐ႊ႕ေၾကးကို တစ္ံလုံးတစ္ခဲတည္းေပးရမွာမဟုတ္ပါဘူး။ ၅ႏွစ္အရစ္က်နဲ႔ေပးရမွာပါ။ ၅ႏွစ္အရစ္က်နဲ႔ေပးရမယ့္ေငြေၾကးပမာဏကို ပရီးမီးယားလိဂ္ပြဲေတြမွာ ေရာ္နယ္ဒို ေဘာလုံးတစ္ႀကိမ္မွ မထိေသးဘဲနဲ႔တင္ မန္ယူ ျပန္ရွာႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အခုဆိုရင္ ေရာ္နယ္ဒိုဟာ ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္ ဂ်ာစီေရာင္းအား အေကာင္းဆုံး ကစားသမားအျဖစ္မွတ္တမ္းဝင္လာတဲ့အျပင္ ၿပိဳင္ဘက္ မက္ဆီရဲ႕ ပီအက္စ္ဂ်ီ ဂ်ာစီေရာင္းအားထက္လည္း ၂ဆနီးပါး ပိုမ်ားေနပါတယ္။ ပမာဏအားျဖင့္ ေရာ္နယ္ဒိုရဲ႕ေက်ာနံပါတ္ ၇ ဂ်ာစီေရာင္းအားဟာ ေပါင္ ၁၈၇သန္းဖိုးရွိလာၿပီျဖစ္ပါတယ္။

ဒီေငြအားလုံးကို မန္ခ်က္စတာယူႏိုက္တက္တစ္သင္းတည္းကရတာေတာ့မဟုတ္ပါဘူး။ အက္ဒီးဒက္စ္ကုမၸဏီနဲ႔ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္အရ မန္ခ်က္စတာယူႏိုက္တက္က ဂ်ာစီေရာင္းအားရဲ႕ ၇ ရာခိုင္ႏႈန္းပဲရမွာပါ။ ၇ ရာခိုင္ႏႈန္းနဲ႔ပဲတြက္ရင္ေတာင္မွ ေပါင္ ၁၃သန္းစြန္းစြန္း ရေနၿပီျဖစ္လို႔ သူ႔အတြက္ ေျပာင္းေ႐ႊ႕ေၾကးထက္မက ပိုေနၿပီျဖစ္ပါတယ္။

မက္ဆီရဲ႕ ေက်ာနံပါတ္ ၃၀ ပီအက္စ္ဂ်ီ ဂ်ာစီေရာင္းအားကေတာ့ ေပါင္ ၁၀၃.၈ သန္းဖိုးရွိၿပီး အဲဒီထဲကေန ပီအက္စ္ဂ်ီက ေပါင္ ၇.၃သန္းျပန္ရခဲ့တယ္လို႔ သိရပါတယ္။