ရော်နယ်ဒိုရဲ့ နေရာကို ဂျိုတာဆက်ခံနိုင်လိမ့်မယ်လို့ နည်းပြဟောင်း ဂျော်ဂျီဆီမာအိုယုံကြည်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးတောင်ပံကစားသမား ဒီယေဂိုဂျိုတာဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့နေရာကိုဆက်ခံမယ့်သူအဖြစ် နည်းပြဟောင်း ဖြစ်သူကအခိုင်အမာဆိုခဲ့ပါတယ်။

ယခုနှစ်ရာသီလီဗာပူးကိုရောက်လာခဲ့ပြီးနောက် ထိပ်တန်းကစားသမားတစ်ဦးအဖြစ် သက်သေပြနိုင်ခဲ့တဲ့ ဂျိုတာဟာယခင်ကပါကို့စ်အသင်းမှာစတင် ခြေစွမ်းပြခဲ့တာကြောင့် အက်သလက်တီကိုကခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။

အက်သလက်တီကိုအသင်းဟာဂျိုတာကိုခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီးနောက် ပေါ်တူဂီမှာသာဆက်နေစေခဲ့ပြီးပေါ်တိုထံအငှားချထားခဲ့ပါတယ်။

ပါကို့စ်မှာအတူလက်တွဲခဲ့ဖူးတဲ့ နည်းပြဂျော်ဂျီဆီမာအိုဟာပေါ်တူဂီသားရဲ့ အကြောင်းကိုကောင်းကောင်းသိသူတစ်ဦး ဖြစ်ပါတယ်။

ဆီမာအိုက “တကယ့် ရည်မှန်းချက်မရှိပဲနဲ့ ခုဂျိုတာလုပ်ပြနေတာတွေကိုဘယ်သူမှ မလုပ်နိုင်ပါဘူး။ သူပေါ်တိုကိုပြောင်းသွားတုန်းကသူရော်နယ်ဒိုရဲ့ နေရာကိုဆက်ခံလိမ့်မယ်ဆိုပြီးပေါ်တူဂီ ဝက်ဘ်ဆိုက်တစ်ခုကို ကျွန်တော် ပြောခဲ့ပါသေးတယ်”

“အဲ့ဒီအချိန်တုန်းကဂျိုတာပါကို့စ်မှာပဲကစားခဲ့ဖူးပြီးအက်သလက်တီကိုမှာအဆင်မပြေ ဖြစ်နေတဲ့အချိန်ဆိုတော့ ကျွန်တော့်ရဲ့ ပြောဆိုမှုက ကြီးမားတဲ့ အရာပါပဲ။ သူလီဗာပူးကိုပြောင်းသွားတုန်းက ကျွန်တော် မက်ဆေ့ပို့ပြီးဂုဏ်ပြုခဲ့ပါတယ်”

“၅စက္ကန့်အကြာမှာသူကရော်နယ်ဒိုနဲ့ သူ့အကြောင့် ကျွန်တော် ပြောထားတဲ့ လင့်ခ်နဲ့ အကြောင်းပြန်ခဲ့ပါတယ်။ အဲ့ဒါကသူပထမဆုံးပို့ခဲ့တဲ့အရာပါ။ သူအဲ့ဒီအကြောင်းကိုမှတ်ထားတာ ဖြစ်မယ်။ သူမမေ့ခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။

လီဗာပူးကိုမရောက်ခင်တုန်းကဂျိုတာဟာ ဝုဗ်မှာ ၁၃၁ပွဲကစားကာ ၄၄ဂိုး သွင်းနိုင်ခဲ့ပြီးအသင်းကြီးတွေရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းကလည်း နွေရာသီမှာတိုက်စစ်ပိုင်းကိုအားဖြည့်ဖို့အတွက် ပေါ်တူဂီသားကိုပေါင် ၄၅သန်းအထိ ပေးကာခေါ်ယူခဲ့ပါတယ်။ ဂျိုတာဟာလီဗာပူးမှာအလျင်အမြန် အထိုင်ကျခဲ့ပြီး ၁၁ပွဲ ကစားရမှာ ၇ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi









