ရော်နယ်ဒိုရဲ့အရိပ်အောက်ကနေ တိုးထွက်လာသူ တူရင်နေမင်း

Photo Credit

Photo Credit

ဂျူဗင်တပ်တိုက်စစ်မှူး ပေါ်လိုဒီဘားလားဟာ ပြီးခဲ့တဲ့လက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲမှာ ထောင့်ချိုးအနေအထားလောက်ကနေ ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းကာ သူ့ရဲ့ဘောလုံးစွမ်းရည်တွေကို ပရိသတ်တွေ ပြန်လည်အမှတ်ရအောင်လို့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဲဒီကာလကတော့ သူ့ရဲ့အရည်အသွေးကို လုံးဝထင်ပေါ်စေခဲ့ပြီး သူ့ရဲ့အေးဂျင့်လည်းဖြစ်၊ အစ်ကိုလည်းဖြစ်တဲ့ ဂူစတာဗိုဒီဘားလားက အဲဒီဂိုးကို ဂလက်ဒီယေတာသွင်းဂိုးအဖြစ် တင်စားခဲ့ပါတယ်။ ဂူစတာဗိုက ဂိုးသွင်းအပြီး ပေါ်လိုအောင်ပွဲခံရာမှာ ဂလက်ဒီယေတာမျက်နှာဖုံးပုံစံမျိုးနဲ့ အောင်ပွဲခံတာကို ရည်ညွန်းချီးကျူးလိုက်တာဖြစ်ပေမယ့် သူ့ရဲ့စကားလုံးတွေကတော့ ဒီထက်ပိုလေးနက်ပါတယ်။

Photo Credit

ဒီဘားလားဟာ နည်းပြဟောင်း အယ်လီဂရီရဲ့ဂျူဗင်တပ်စ်နည်းပြဘ၀ နောက်ဆုံးရာသီမှာ အဆင်မပြေမှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီးနောက် ဒီရာသီမှာ သူ့ရဲ့ကစားသမားဘဝကို ပြန်လည်တူးဖော်နေတာဖြစ်ပါတယ်။ အယ်လီဂရီနဲ့ ဒီဘားလားတု့ိရဲ့ဆက်ဆံရေးက ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ပါးမားနဲ့ ၃-၃ ဂိုးသရေကျခဲ့တဲ့ပွဲအပြီးမှာ အယ်လီဂရီက ဒီဘားလားကို ”လိမ္မာတဲ့ကောင်လေး”လို့ ပြောဆိုခဲ့ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ အာဂျင်တီးနားလက်ရွေးစင် ဒီဘားလားဟာ အဲဒီပွဲမှာ လူစားဝင်အဖြစ်နဲ့တောင် ကစားခွင့်မရခဲ့ဘဲ ပွဲမပြီးခင် အရန်ခုံတန်းကနေ ထထွက်ကာ ဥမင်လိုဏ်ခေါင်းအတွင်း ဝင်သွားခဲ့လု့ိ အယ်လီဂရီက ဒေါသတကြီးပြောဆိုခဲ့တာပါ။

Photo Credit

”ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သူ့ဘက်က ပြန်တောင်းပန်ခဲ့ပါတယ်။ လိမ္မာတဲ့ကောင်လေးတစ်ယောက်ရဲ့အပြုအမူအတိုင်း သူပြန်တောင်းပန်ခဲ့တာပါ။ အသင်းဘက်ကလည်း ဒီလိုတာဝန်ယူမှုမျိုးလိုအပ်နေပါတယ်။ သူ့ရဲ့အပြုအမူက လက်သင့်ခံရမယ့်ကိစ္စမဟုတ်ဘဲ သူလည်း ဒါကို နားလည်ပါတယ်။ ဒီဖြစ်ရပ်က ဒီမှာပဲ အဆုံးသတ်သွားပါပြီ။ ကွင်းအတွင်း သူ့ရဲ့နေရာက ပြောင်းလဲမှာမဟုတ်ပါဘူး။ ပြောင်းလဲသွားတာက ဘာလဲဆိုတော့ ပြီးခဲ့တဲ့ရာသီမှာ ဟီဂူအင်နဲ့ မန်ဇူကစ်တို့ ရှိနေခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ရော်နယ်ဒိုနဲ့ မန်ဇူကစ်ဖြစ်လာတာပါ။ သူ့ရဲ့နေရာက ဒီအတိုင်းပဲဖြစ်ပြီး ကျွန်တော့်ဘက်ကလည်း သူ့ကို နောက်ခံအစွန်လူအဖြစ် ကစားရမယ်လို့ မပြောပါဘူး”လို့ အယ်လီဂရီက ပြောကြားခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ ဒီဘားလားကတော့ ရော်နယ်ဒိုကြောင့် သူလည်း တူရင်အိမ်ရှေ့မင်းသားအရိုက်အရာကနေ ဆင်းပေးခဲ့ရတယ်လို့ ခံစားခဲ့ရမှာ သေချာနေပြီး ဂျူဗင်တပ်က ရော်နယ်ဒိုကို ၂၀၁၈ ဇူလိုင်လက ရီးရဲလ်မက်ဒရစ်ကနေ ပေါင် ၁၀၅သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အယ်လီဂရီဟာ ၂၀၁၈-၁၉ ရာသီမှာ သူ့ရဲ့တိုက်စစ်ပိုင်းနဲ့ပတ်သက်လို့ တစ်ရာသီလုံးနီးပါး အလှည့်ကျထုတ်သုံးခဲ့ပေမယ့် ရော်နယ်ဒိုကတော့ ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပြီး ဒီဘားလားလည်း ၄၂ပွဲကစားခွင့်ရခဲ့ရာမှာ ၁၀ဂိုးပဲ သွင်းယူနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ်ပဲ ပြုလုပ်ပေးနိုင်ခဲ့လို့ သူ့ရဲ့အနေအထားနဲ့ ယှဉ်ရင် အဲဒီမှတ်တမ်းတွေက အတော်လေးအောက်ရောက်နေပါတယ်။ တိုက်စစ်မှူးအဖြစ်သာမက လိုအပ်ရင် ဘယ်ညာတောင်ပံနဲ့ ကွင်းလယ်တိုက်စစ်နေရာတွေမှာပါ ကစားနိုင်စွမ်းရှိတဲ့ ဒီဘားလားဟာ ၂၀၁၅ နွေရာသီက ပါလာမိုအသင်းကနေ ပေါင် ၂၈.၅ သန်းနဲ့ ရောက်ရှိလာပြီးနောက် အသင်းအတွက် စုစုပေါင်း ၆၈ ဂိုးသွင်းယူထားပြီး အသင်းဥက္ကဋ္ဌ အက်ဂ်နယ်လီကလည်း တစ်ရာသီခြေစွမ်းပျောက်ခဲ့ရပေမယ့် ဒီဘားလားကို အသင်းမှာပဲ ဆက်ထိန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဒီဘားလားလည်း အပြောင်းအရွှေ့သတင်းလူသားဖြစ်ခဲ့ပြီး ပီအက်စ်ဂျီ၊ မန်ယူနဲ့ စပါးအသင်းတို့က သူ့ကို ခေါ်ယူဖို့ အသည်းအသန်ကြိုးစားခဲ့ပေမယ့် ဒီဘားလားကတော့ အသင်းမပြောင်းဘဲ တူရင်မှာ သူ့ရဲ့တန်ဖိုးကို သက်သေပြသဖို့ ဆက်လက်ကစားခဲ့ပါတယ်။ ဒီဘားလားဟာ သူ့ရဲ့ဘဝတစ်လျှောက် ခံနိုင်ရည်၊ ဇွဲရှိမှုတို့နဲ့ပတ်သက်လို့ အမြဲတမ်းနီးပါး မှတ်ကျောက်တင်ခံခဲ့ပြီး အဲဒီအချက်က အောင်မြင်တဲ့ကစားသမားတစ်ဦးဖြစ်ရေးအတွက် အတော်လေးအရေးကြီးပါတယ်။ သူဟာ အာဂျင်တီးနားနိုင်ငံ၊ လာဂူနာလာဂါမြို့လေးမှာ လူလားမြောက်ခဲ့ရတာဖြစ်ပြီး အဲဒီမြို့မှာ အခြေချနေထိုင်သူက စုစုပေါင်း ၇၅၀၀ လောက်ပဲရှိပါတယ်။ ငယ်ဘဝမှာ ဖခင်ဖြစ်သူက ဒီဘားလားကို ကော်ဒိုးဘားရှိ အင်စတီကျူတိုအသင်းမှာ လေ့ကျင့်ခန်းဆင်းနိုင်ဖို့ နေ့စဉ် ရထားနဲ့ မိုင်ပေါင်း ၁၀၀ နီးပါးခရီးနှင်ခဲ့ရပါတယ်။ အဲဒီအတွေက်ကြောင့်ပဲ သူ့ရဲ့ဘောလုံးပါရမီက ပိုမိုရှင်သန်လာပါတယ်။

Photo Credit

ဒါပေမဲ့ ဖခင်ဖြစ်သူက အကြိတ်ရောဂါခံစားခဲ့ရချိန်မှာတော့ အဲဒီအချိန်တုန်းက အသက် ၁၅ နှစ်ရှိပြီဖြစ်တဲ့ ဒီဘားလားလည်း မွေးရပ်မြေကလပ် နယူးဝဲလ်အသင်းကို အငှားနဲ့ ပြန်ပြောင်းလာပြီး အဲဒီအတွက်ကြောင့် ရောဂါသည်ဖခင်ဖြစ်သူ မကွယ်လွန်ခင်မှာ အနီးကပ်ပြုစုပေးနိုင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီးနောက် ဒီဘားလားလည်း မိခင်ဖြစ်သူနဲ့ ညီအစ်ကိုတွေကို ချန်ထားရစ်ကာ အင်စတီကျူတိုအကယ်ဒမီရှိရာ ကော်ဒိုးဘားမြို့ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ ၂၀၁၁ ခုနှစ်က အာဂျင်တီးနားဒုတိယတန်းမှာ ပထမဆုံးပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ၉လအကြာမှာတော့ စီးရီးအေကလပ် ပါလာမိုအသင်းက သူ့ကို ခေါ်ယူခဲ့ပါတယ်။ ၂၀၁၉ မေလမှာ ဂျူဗင်တပ်စ်အသင်းက အယ်လီဂရီရဲ့နေရာမှာ ဆာရီကို အစားထိုးခန့်အပ်လိုက်ချိန်မှာတော့ ဒီဘားလားလည်း သူ့ရဲ့အစွမ်းအစတွေ ပြန်လည်ရရှိလိမ့်မယ်လို့ ခံစားခဲ့ရပါတယ်။

Photo Credit

ဘယ်လိုပဲဖြစ်ဖြစ် ဆာရီကလည်း အစောပိုင်းမှာ ဒီဘားလားကို ပွဲထွက်ခွင့်ပေးဖို့ အတော်လေးစဉ်းစားခဲ့ပြီး အထူးသဖြင့် နည်းပြဟောင်းနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့သလို ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တာတွေကြောင့်ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်း တတိယရရှိခဲ့တဲ့ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဒီဘားလားဟာ ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးခဲ့ရပြီး စုစုပေါင်း ၄ပွဲကစားခွင့်ရရှိခဲ့ရာမှာ ပွဲကစားခွင့်ရတာက ၉၁ မိနစ်ပဲရှိပါတယ်။ ”မက်ဆီနဲ့တစ်သင်းတည်းတွဲကစားဖို့က ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နှစ်ယောက်က ကစားတဲ့နေရာ တူညီလို့ပါ”လို့ ၂၀၁၇ ခုနှစ်အတွင်း ဒီဘားလားက ဖွင့်ဟခဲ့ဖူးပါတယ်။ အဓိကအားဖြင့်တော့ အာဂျင်တီးနားအသင်းမှာ မက်ဆီနဲ့ သူ ဘာဖြစ်လို့ တွဲမကစားနိုင်ရတာလဲဆိုတဲ့သံသယမေးခွန်းတွေကို ပြန်လည်ဖြေရှင်းခဲ့တာပါ။ ကလပ်အသင်းအဆင့်မှာတော့ ဒီဘားလားဟာ သူ့ရဲ့ပုံစံကောင်းတွေ ပြန်လည်ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး ယခုရာသီ ၁၇ပွဲမှာ ၇ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၄ကြိမ်ပြုလုပ်ပေးထားပါတယ်။

Photo Credit

သူဟာ ချဲလ်ဆီးအသင်းမှာ အငှားနဲ့ကစားပြီးနောက် ပြန်ရောက်လာတဲ့ အာဂျင်တီးနာတစ်နိုင်ငံတည်းသား ဟီဂူအင်နဲ့ပြန်လည်အတွဲညီနေပါတယ်။ နောက်ပြီး ဒီဘားလားဟာ ပွဲကြီးတွေမှာ ခြေစွမ်းပြနိုင်သူအဖြစ်လည်း တင်စားခြင်းခံနေရပြီး အင်တာမီလန်နဲ့ပွဲမှာ သူ့ရဲ့သွင်းဂိုးကြောင့် ဂျူဗင်တပ်စ်လည်း အနိုင်ရခဲ့ပါတယ်။

Photo Credit

သူဟာ လက်ချီ၊ အေစီမီလန်၊ ဘိုလော့ဂ်နာတို့နဲ့ကစားခဲ့တဲ့စီးရီးအေပွဲတွေမှာ ဂိုးတွေသွင်းယူနိုင်ခဲ့သလို ဘရက်ရှား၊ စပယ်လ်၊ ဆက်ဆူအိုလိုတို့နဲ့ကစားခဲ့တဲ့ပွဲတွေမှာလည်း ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် အောက်တိုဘာလအတွင်း လိုကိုမိုတစ်မော်စကိုနဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ ဒီဘားလားက ၂ဂိုးသွင်းယူနိုင်ခဲ့လို့ ဆာရီလည်း အက်သလက်တီကိုနဲ့ပွဲမှာ ဒီဘားလားကို ယုံကြည်မှုအပြည့်နဲ့ ပွဲထွက်ခွင့်ပေးခဲ့ပါတယ်။ အခုဆိုရင် တူရင်မှာ တစ်ရာသီကြာ ပျောက်ကွယ်သွားတဲ့ ဒီဘားလားနေမင်းကတော့ ပြန်လည်တောက်ပနေပြီဖြစ်ပါတယ်။

Photo Credit

Zawgyi

ေရာ္နယ္ဒိုရဲ႕အရိပ္ေအာက္ကေန တုိးထြက္လာသူ တူရင္ေနမင္း

ဂ်ဴဗင္တပ္တုိက္စစ္မွဴး ေပၚလိုဒီဘားလားဟာ ၿပီးခဲ့တဲ့လက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အက္သလက္တီကိုနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ေထာင့္ခ်ိဳးအေနအထားေလာက္ကေန ျပစ္ဒဏ္ေဘာကို တုိက္႐ိုက္ကန္သြင္းကာ သူ႕ရဲ႕ေဘာလုံးစြမ္းရည္ေတြကို ပရိသတ္ေတြ ျပန္လည္အမွတ္ရေအာင္လုိ႔ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ အဲဒီကာလကေတာ့ သူ႕ရဲ႕အရည္အေသြးကို လုံး၀ထင္ေပၚေစခဲ့ၿပီး သူ႕ရဲ႕ေအးဂ်င့္လည္းျဖစ္၊ အစ္ကိုလည္းျဖစ္တဲ့ ဂူစတာဗိုဒီဘားလားက အဲဒီဂိုးကို ဂလက္ဒီေယတာသြင္းဂိုးအျဖစ္ တင္စားခဲ့ပါတယ္။ ဂူစတာဗိုက ဂိုးသြင္းအၿပီး ေပၚလိုေအာင္ပြဲခံရာမွာ ဂလက္ဒီေယတာမ်က္ႏွာဖုံးပုံစံမ်ိဳးနဲ႔ ေအာင္ပြဲခံတာကို ရည္ညြန္းခ်ီးက်ဴးလုိက္တာျဖစ္ေပမယ့္ သူ႕ရဲ႕စကားလုံးေတြကေတာ့ ဒီထက္ပိုေလးနက္ပါတယ္။
ဒီဘားလားဟာ နည္းျပေဟာင္း အယ္လီဂရီရဲ႕ဂ်ဴဗင္တပ္စ္နည္းျပဘ၀ ေနာက္ဆုံးရာသီမွာ အဆင္မေျပမႈေတြနဲ႔ရင္ဆုိင္ခဲ့ရၿပီးေနာက္ ဒီရာသီမွာ သူ႕ရဲ႕ကစားသမားဘ၀ကို ျပန္လည္တူးေဖာ္ေနတာျဖစ္ပါတယ္။ အယ္လီဂရီနဲ႔ ဒီဘားလားတု႔ိရဲ႕ဆက္ဆံေရးက ၿပီးခဲ့တ့ဲေဖေဖာ္၀ါရီလမွာ အဆုိးရြားဆုံးျဖစ္ခဲ့ၿပီး ပါးမားနဲ႔ ၃-၃ ဂိုးသေရက်ခဲ့တဲ့ပဲြအၿပီးမွာ အယ္လီဂရီက ဒီဘားလားကို ”လိမၼာတဲ့ေကာင္ေလး”လုိ႔ ေျပာဆုိခဲ့ၿပီး ျပင္းျပင္းထန္ထန္ေ၀ဖန္ခဲ့ပါတယ္။ အာဂ်င္တီးနားလက္ေရြးစင္ ဒီဘားလားဟာ အဲဒီပြဲမွာ လူစား၀င္အျဖစ္နဲ႔ေတာင္ ကစားခြင့္မရခဲ့ဘဲ ပြဲမၿပီးခင္ အရန္ခုံတန္းကေန ထထြက္ကာ ဥမင္လိုဏ္ေခါင္းအတြင္း ၀င္သြားခ့ဲလု႔ိ အယ္လီဂရီက ေဒါသတႀကီးေျပာဆုိခဲ့တာပါ။
”ဒီျဖစ္ရပ္နဲ႔ပတ္သက္လုိ႔ သူ႕ဘက္က ျပန္ေတာင္းပန္ခဲ့ပါတယ္။ လိမၼာတဲ့ေကာင္ေလးတစ္ေယာက္ရဲ႕အျပဳအမူအတုိင္း သူျပန္ေတာင္းပန္ခဲ့တာပါ။ အသင္းဘက္ကလည္း ဒီလုိတာ၀န္ယူမႈမ်ိဳးလိုအပ္ေနပါတယ္။ သူ႕ရဲ႕အျပဳအမူက လက္သင့္ခံရမယ့္ကိစၥမဟုတ္ဘဲ သူလည္း ဒါကို နားလည္ပါတယ္။ ဒီျဖစ္ရပ္က ဒီမွာပဲ အဆုံးသတ္သြားပါၿပီ။ ကြင္းအတြင္း သူ႕ရဲ႕ေနရာက ေျပာင္းလဲမွာမဟုတ္ပါဘူး။ ေျပာင္းလဲသြားတာက ဘာလဲဆုိေတာ့ ၿပီးခဲ့တဲ့ရာသီမွာ ဟီဂူအင္နဲ႔ မန္ဇူကစ္တုိ႔ ရွိေနခဲ့တာျဖစ္ၿပီး ဒီႏွစ္မွာေတာ့ ေရာ္နယ္ဒိုနဲ႔ မန္ဇူကစ္ျဖစ္လာတာပါ။ သူ႕ရဲ႕ေနရာက ဒီအတုိင္းပဲျဖစ္ၿပီး ကၽြန္ေတာ့္ဘက္ကလည္း သူ႕ကို ေနာက္ခံအစြန္လူအျဖစ္ ကစားရမယ္လုိ႔ မေျပာပါဘူး”လုိ႔ အယ္လီဂရီက ေျပာၾကားခဲ့ပါတယ္။
ဒါေပမဲ့ ဒီဘားလားကေတာ့ ေရာ္နယ္ဒိုေၾကာင့္ သူလည္း တူရင္အိမ္ေရွ႕မင္းသားအ႐ိုက္အရာကေန ဆင္းေပးခဲ့ရတယ္လုိ႔ ခံစားခဲ့ရမွာ ေသခ်ာေနၿပီး ဂ်ဴဗင္တပ္က ေရာ္နယ္ဒုိကုိ ၂၀၁၈ ဇူလုိင္လက ရီးရဲလ္မက္ဒရစ္ကေန ေပါင္ ၁၀၅သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။ အယ္လီဂရီဟာ ၂၀၁၈-၁၉ ရာသီမွာ သူ႕ရဲ႕တုိက္စစ္ပိုင္းနဲ႔ပတ္သက္လုိ႔ တစ္ရာသီလုံးနီးပါး အလွည့္က်ထုတ္သုံးခဲ့ေပမယ့္ ေရာ္နယ္ဒိုကေတာ့ ပုံမွန္ပဲြထြက္ခြင့္ရခဲ့ၿပီး ဒီဘားလားလည္း ၄၂ပြဲကစားခြင့္ရခဲ့ရာမွာ ၁၀ဂိုးပဲ သြင္းယူႏိုင္ကာ ဂိုးဖန္တီးမႈ ၂ႀကိမ္ပဲ ျပဳလုပ္ေပးႏိုင္ခဲ့လုိ႔ သူ႕ရဲ႕အေနအထားနဲ႔ ယွဥ္ရင္ အဲဒီမွတ္တမ္းေတြက အေတာ္ေလးေအာက္ေရာက္ေနပါတယ္။ တုိက္စစ္မွဴးအျဖစ္သာမက လုိအပ္ရင္ ဘယ္ညာေတာင္ပံနဲ႔ ကြင္းလယ္တိုက္စစ္ေနရာေတြမွာပါ ကစားႏိုင္စြမ္းရွိတဲ့ ဒီဘားလားဟာ ၂၀၁၅ ေႏြရာသီက ပါလာမုိအသင္းကေန ေပါင္ ၂၈.၅ သန္းနဲ႔ ေရာက္ရွိလာၿပီးေနာက္ အသင္းအတြက္ စုစုေပါင္း ၆၈ ဂိုးသြင္းယူထားၿပီး အသင္းဥကၠ႒ အက္ဂ္နယ္လီကလည္း တစ္ရာသီေျခစြမ္းေပ်ာက္ခဲ့ရေပမယ့္ ဒီဘားလားကို အသင္းမွာပဲ ဆက္ထိန္းဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ကာလအတြင္း ဒီဘားလားလည္း အေျပာင္းအေရႊ႕သတင္းလူသားျဖစ္ခဲ့ၿပီး ပီအက္စ္ဂ်ီ၊ မန္ယူနဲ႔ စပါးအသင္းတို႔က သူ႕ကို ေခၚယူဖုိ႔ အသည္းအသန္ႀကိဳးစားခ့ဲေပမယ့္ ဒီဘားလားကေတာ့ အသင္းမေျပာင္းဘဲ တူရင္မွာ သူ႕ရဲ႕တန္ဖုိးကို သက္ေသျပသဖို႔ ဆက္လက္ကစားခဲ့ပါတယ္။ ဒီဘားလားဟာ သူ႕ရဲ႕ဘ၀တစ္ေလွ်ာက္ ခံႏိုင္ရည္၊ ဇြဲရွိမႈတို႔နဲ႔ပတ္သက္လုိ႔ အၿမဲတမ္းနီးပါး မွတ္ေက်ာက္တင္ခံခဲ့ၿပီး အဲဒီအခ်က္က ေအာင္ျမင္တဲ့ကစားသမားတစ္ဦးျဖစ္ေရးအတြက္ အေတာ္ေလးအေရးႀကီးပါတယ္။ သူဟာ အာဂ်င္တီးနားႏိုင္ငံ၊ လာဂူနာလာဂါၿမိဳ႕ေလးမွာ လူလားေျမာက္ခဲ့ရတာျဖစ္ၿပီး အဲဒီၿမိဳ႕မွာ အေျခခ်ေနထိုင္သူက စုစုေပါင္း ၇၅၀၀ ေလာက္ပဲရွိပါတယ္။ ငယ္ဘ၀မွာ ဖခင္ျဖစ္သူက ဒီဘားလားကို ေကာ္ဒိုးဘားရွိ အင္စတီက်ဴတုိအသင္းမွာ ေလ့က်င့္ခန္းဆင္းႏိုင္ဖို႔ ေန႔စဥ္ ရထားနဲ႔ မိုင္ေပါင္း ၁၀၀ နီးပါးခရီးႏွင္ခဲ့ရပါတယ္။ အဲဒီအေတြက္ေၾကာင့္ပဲ သူ႕ရဲ႕ေဘာလုံးပါရမီက ပိုမိုရွင္သန္လာပါတယ္။
ဒါေပမဲ့ ဖခင္ျဖစ္သူက အႀကိတ္ေရာဂါခံစားခဲ့ရခ်ိန္မွာေတာ့ အဲဒီအခ်ိန္တုန္းက အသက္ ၁၅ ႏွစ္ရွိၿပီျဖစ္တဲ့ ဒီဘားလားလည္း ေမြးရပ္ေျမကလပ္ နယူး၀ဲလ္အသင္းကို အငွားနဲ႔ ျပန္ေျပာင္းလာၿပီး အဲဒီအတြက္ေၾကာင့္ ေရာဂါသည္ဖခင္ျဖစ္သူ မကြယ္လြန္ခင္မွာ အနီးကပ္ျပဳစုေပးႏိုင္ခဲ့ပါတယ္။ ဖခင္ျဖစ္သူ ကြယ္လြန္သြားၿပီးေနာက္ ဒီဘားလားလည္း မိခင္ျဖစ္သူနဲ႔ ညီအစ္ကိုေတြကို ခ်န္ထားရစ္ကာ အင္စတီက်ဴတုိအကယ္ဒမီရွိရာ ေကာ္ဒိုးဘားၿမိဳ႕ကို ျပန္လည္ေျပာင္းေရႊ႕ခဲ့ပါတယ္။ သူဟာ ၂၀၁၁ ခုႏွစ္က အာဂ်င္တီးနားဒုတိယတန္းမွာ ပထမဆုံးပြဲထြက္ကစားခြင့္ရရွိခဲ့ၿပီး ၉လအၾကာမွာေတာ့ စီးရီးေအကလပ္ ပါလာမုိအသင္းက သူ႕ကို ေခၚယူခဲ့ပါတယ္။ ၂၀၁၉ ေမလမွာ ဂ်ဴဗင္တပ္စ္အသင္းက အယ္လီဂရီရဲ႕ေနရာမွာ ဆာရီကို အစားထိုးခန္႔အပ္လုိက္ခ်ိန္မွာေတာ့ ဒီဘားလားလည္း သူ႕ရဲ႕အစြမ္းအစေတြ ျပန္လည္ရရွိလိမ့္မယ္လုိ႔ ခံစားခဲ့ရပါတယ္။
ဘယ္လုိပဲျဖစ္ျဖစ္ ဆာရီကလည္း အေစာပိုင္းမွာ ဒီဘားလားကို ပြဲထြက္ခြင့္ေပးဖို႔ အေတာ္ေလးစဥ္းစားခဲ့ၿပီး အထူးသျဖင့္ နည္းျပေဟာင္းနဲ႔ ဆက္ဆံေရးအဆင္မေျပျဖစ္ခဲ့သလုိ ၂၀၁၉ ကိုပါအေမရိကဖလားၿပိဳင္ပဲြမွာ ေျခစြမ္းမျပႏုိင္ခဲ့တာေတြေၾကာင့္ျဖစ္ပါတယ္။ အာဂ်င္တီးနားအသင္း တတိယရရွိခဲ့တဲ့ ၂၀၁၉ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ ဒီဘားလားဟာ ပုံမွန္ပြဲထြက္ခြင့္ဆုံး႐ံႈးခဲ့ရၿပီး စုစုေပါင္း ၄ပြဲကစားခြင့္ရရွိခဲ့ရာမွာ ပြဲကစားခြင့္ရတာက ၉၁ မိနစ္ပဲရွိပါတယ္။ ”မက္ဆီနဲ႔တစ္သင္းတည္းတြဲကစားဖို႔က ခက္ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ကၽြန္ေတာ္တုိ႔ႏွစ္ေယာက္က ကစားတဲ့ေနရာ တူညီလုိ႔ပါ”လုိ႔ ၂၀၁၇ ခုႏွစ္အတြင္း ဒီဘားလားက ဖြင့္ဟခဲ့ဖူးပါတယ္။ အဓိကအားျဖင့္ေတာ့ အာဂ်င္တီးနားအသင္းမွာ မက္ဆီနဲ႔ သူ ဘာျဖစ္လုိ႔ တြဲမကစားႏိုင္ရတာလဲဆုိတဲ့သံသယေမးခြန္းေတြကို ျပန္လည္ေျဖရွင္းခဲ့တာပါ။ ကလပ္အသင္းအဆင့္မွာေတာ့ ဒီဘားလားဟာ သူ႕ရဲ႕ပုံစံေကာင္းေတြ ျပန္လည္ရွာေဖြေဖာ္ထုတ္ႏိုင္ခဲ့ၿပီး ယခုရာသီ ၁၇ပြဲမွာ ၇ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၄ႀကိမ္ျပဳလုပ္ေပးထားပါတယ္။
သူဟာ ခ်ဲလ္ဆီးအသင္းမွာ အငွားနဲ႔ကစားၿပီးေနာက္ ျပန္ေရာက္လာတ့ဲ အာဂ်င္တီးနာတစ္ႏိုင္ငံတည္းသား ဟီဂူအင္နဲ႔ျပန္လည္အတြဲညီေနပါတယ္။ ေနာက္ၿပီး ဒီဘားလားဟာ ပဲြႀကီးေတြမွာ ေျခစြမ္းျပႏိုင္သူအျဖစ္လည္း တင္စားျခင္းခံေနရၿပီး အင္တာမီလန္နဲ႔ပဲြမွာ သူ႕ရဲ႕သြင္းဂိုးေၾကာင့္ ဂ်ဴဗင္တပ္စ္လည္း အႏိုင္ရခဲ့ပါတယ္။ သူဟာ လက္ခ်ီ၊ ေအစီမီလန္၊ ဘုိေလာ့ဂ္နာတုိ႔နဲ႔ကစားခဲ့တဲ့စီးရီးေအပြဲေတြမွာ ဂိုးေတြသြင္းယူႏုိင္ခဲ့သလို ဘရက္ရွား၊ စပယ္လ္၊ ဆက္ဆူအိုလုိတုိ႔နဲ႔ကစားခဲ့တဲ့ပြဲေတြမွာလည္း ဂိုးဖန္တီးမႈျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။ အထူးသျဖင့္ ေအာက္တုိဘာလအတြင္း လိုကုိမိုတစ္ေမာ္စကုိနဲ႔ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပဲြမွာ ဒီဘားလားက ၂ဂိုးသြင္းယူႏုိင္ခဲ့လုိ႔ ဆာရီလည္း အက္သလက္တီကိုနဲ႔ပြဲမွာ ဒီဘားလားကို ယုံၾကည္မႈအျပည့္နဲ႔ ပြဲထြက္ခြင့္ေပးခဲ့ပါတယ္။ အခုဆုိရင္ တူရင္မွာ တစ္ရာသီၾကာ ေပ်ာက္ကြယ္သြားတဲ့ ဒီဘားလားေနမင္းကေတာ့ ျပန္လည္ေတာက္ပေနၿပီျဖစ္ပါတယ္။