ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့မှာ သူ ပါဝင်ဆောင်ရွက်ခဲ့ပုံကို ဖာဂူဆန် ပြောပြ

Viber No => 09 969 710 910                                                            Shwe Casino Facebook Page Link => https://bit.ly/3AQZRVp                                                            Shwe Casino App Download Link => https://bit.ly/3k41mc4

မန်စီးတီးကိုပြောင်းဖို့ စီစဉ်ခဲ့ပြီးမှ မန်ချက်စတာယူနိုက်တက်ကို ပြန်ရောက်လာတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့မှာ အရေးပါတဲ့ အခန်းကနေ သူ ပါဝင်ခဲ့တယ်လို့ ဂန္ထဝင်နည်းပြ ဖာဂူဆန်က ထုတ်ပြောလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ဘောလုံးနဲ့ပတ်သက်ရင် ဖာဂူဆန်ကို သူ့ရဲ့ ဖခင်တစ်ဦးလိုသတ်မှတ်ထားသူပါ။

ဒီအကြောင်းကိုလည်း အရင်က ဖွင့်ပြောခဲ့ဖူးပါတယ်။

အခုလည်း ဖာဂူဆန် ကြောင့်သာ မဟုတ်ခဲ့ရင် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ ရှိနေပါတယ်။

ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့သတင်းတွေ ထွက်ခဲ့ချိန်က ဖာဂူဆန်ဟာ သူ့ကစားသမားဟောင်းဆီကို သူကိုယ်တိုင်ဖုန်းဆက်ပြီး မန်ချက်စတာယူနိုက်တက်ကိုပဲ ပြန်ပြောင်းလာဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီအကြောင်းတွေကို နယူးကာဆယ်နဲ့ပွဲအပြီး Viaplayနဲ့ အင်တာဗျူးမှာ ဖာဂူဆန်က ပြောပြာခဲ့တာဖြစ်ပါတယ်။

“တခြားလူတွေလိုပဲ ကျွန်တော်လည်း အပြောင်းအရွှေ့သတင်းတွေအပေါ် စိတ်လှုပ်ရှားမိပါတယ်။

တစ်နေ့လုံးမျှော်တလင့်လင့်နဲ့ နေခဲ့ရသလို နောက်တစ်နေ့ အိပ်ယာနိုးတော့လည်း ဒီစိတ်နဲ့ပါပဲ။

ရော်နယ်ဒိုကိုပြန်ခေါ်နိုင်ခဲ့ရာမှာ လူအများကြီးရဲ့ကြိုးစားမှုတွေပါပါတယ်။

ရော်နယ်ဒိုကိုယ်တိုင်က ဒီကိုပြန်လာချင်တာကိုသိတော့ ကျွန်တော်လည်း ပါဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။

ဒါက အရေးကြီးတဲ့အချက်ပါ။ တော်တော်လည်း အလုပ်ဖြစ်ခဲ့ပါတယ်။

ဒီအပြောင်းအရွှေ့က အရမ်းစိတ်ခံစားမှုပေးတယ်လို့ မဆိုလိုပါဘူး။

ဒါပေမယ့် ကျွန်တော့်အတွက် စိတ်လှုပ်ရှားစရာဖြစ်ခဲ့တာအမှန်ပါပဲ။

မန်စီးတီးကိုသာ သူ ပြောင်းခဲ့ရင် ဘယ်လိုဖြစ်မလဲကို စိတ်တောင်မကူးဝံ့တာကြောင့် နောက်ဆုံးမှ သက်ပြင်းချနိုင်ခဲ့ပါတယ်။

ဒါကြောင့် သူ ဒီကို ပြန်ရောက်ဖို့သေချာအောင် ကျွန်တော်တို့တွေ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားခဲ့ပါတယ်။

အောင်လုံးပြီးစီးသွားတော့ ဂလေဇာမိသားစုကိုလည်း ကျွန်တော် စကားပြောခဲ့ပါတယ်”လို့ ပြောပါတယ်။

နယူးကာဆယ်ကို ၄-၁ဂိုးနဲ့ ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှာ ၂နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂလေဇာမိသားစုလည်း အိုးလ်ထရက်ဖို့ဒ်ပွဲကြည့်စင်ကနေ လာရောက်အားပေးတာကိုတွေ့ရပါတယ်။

Viber No => 09 969 710 910                                                            Shwe Casino Facebook Page Link => https://bit.ly/3AQZRVp                                                            Shwe Casino App Download Link => https://bit.ly/3k41mc4

zawgyi

ေရာ္နယ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕မွာ သူ ပါဝင္ေဆာင္႐ြက္ခဲ့ပုံကို ဖာဂူဆန္ ေျပာျပ

မန္စီးတီးကိုေျပာင္းဖို႔ စီစဥ္ခဲ့ၿပီးမွ မန္ခ်က္စတာယူႏိုက္တက္ကို ျပန္ေရာက္လာတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ အေျပာင္းအေ႐ႊ႕မွာ အေရးပါတဲ့ အခန္းကေန သူ ပါဝင္ခဲ့တယ္လို႔ ဂႏၴဝင္နည္းျပ ဖာဂူဆန္က ထုတ္ေျပာလိုက္ပါတယ္။

ေရာ္နယ္ဒိုဟာ ေဘာလုံးနဲ႔ပတ္သက္ရင္ ဖာဂူဆန္ကို သူ႔ရဲ႕ ဖခင္တစ္ဦးလိုသတ္မွတ္ထားသူပါ။ ဒီအေၾကာင္းကိုလည္း အရင္က ဖြင့္ေျပာခဲ့ဖူးပါတယ္။ အခုလည္း ဖာဂူဆန္ ေၾကာင့္သာ မဟုတ္ခဲ့ရင္ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ရွိေနပါတယ္။

ေရာ္နယ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕သတင္းေတြ ထြက္ခဲ့ခ်ိန္က ဖာဂူဆန္ဟာ သူ႔ကစားသမားေဟာင္းဆီကို သူကိုယ္တိုင္ဖုန္းဆက္ၿပီး မန္ခ်က္စတာယူႏိုက္တက္ကိုပဲ ျပန္ေျပာင္းလာဖို႔ တိုက္တြန္းခဲ့ပါတယ္။ ဒီအေၾကာင္းေတြကို နယူးကာဆယ္နဲ႔ပြဲအၿပီး Viaplayနဲ႔ အင္တာဗ်ဴးမွာ ဖာဂူဆန္က ေျပာျပာခဲ့တာျဖစ္ပါတယ္။

“တျခားလူေတြလိုပဲ ကြၽန္ေတာ္လည္း အေျပာင္းအေ႐ႊ႕သတင္းေတြအေပၚ စိတ္လႈပ္ရွားမိပါတယ္။ တစ္ေန႔လုံးေမွ်ာ္တလင့္လင့္နဲ႔ ေနခဲ့ရသလို ေနာက္တစ္ေန႔ အိပ္ယာႏိုးေတာ့လည္း ဒီစိတ္နဲ႔ပါပဲ။ ေရာ္နယ္ဒိုကိုျပန္ေခၚႏိုင္ခဲ့ရာမွာ လူအမ်ားႀကီးရဲ႕ႀကိဳးစားမႈေတြပါပါတယ္။ ေရာ္နယ္ဒိုကိုယ္တိုင္က ဒီကိုျပန္လာခ်င္တာကိုသိေတာ့ ကြၽန္ေတာ္လည္း ပါဝင္ေဆာင္႐ြက္ေပးခဲ့ပါတယ္။ ဒါက အေရးႀကီးတဲ့အခ်က္ပါ။ ေတာ္ေတာ္လည္း အလုပ္ျဖစ္ခဲ့ပါတယ္။ ဒီအေျပာင္းအေ႐ႊ႕က အရမ္းစိတ္ခံစားမႈေပးတယ္လို႔ မဆိုလိုပါဘူး။

ဒါေပမယ့္ ကြၽန္ေတာ့္အတြက္ စိတ္လႈပ္ရွားစရာျဖစ္ခဲ့တာအမွန္ပါပဲ။ မန္စီးတီးကိုသာ သူ ေျပာင္းခဲ့ရင္ ဘယ္လိုျဖစ္မလဲကို စိတ္ေတာင္မကူးဝံ့တာေၾကာင့္ ေနာက္ဆုံးမွ သက္ျပင္းခ်ႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ သူ ဒီကို ျပန္ေရာက္ဖို႔ေသခ်ာေအာင္ ကြၽန္ေတာ္တို႔ေတြ တစ္ဆင့္ၿပီးတစ္ဆင့္ ႀကိဳးစားခဲ့ပါတယ္။ ေအာင္လုံးၿပီးစီးသြားေတာ့ ဂေလဇာမိသားစုကိုလည္း ကြၽန္ေတာ္ စကားေျပာခဲ့ပါတယ္”လို႔ ေျပာပါတယ္။ နယူးကာဆယ္ကို ၄-၁ဂိုးနဲ႔ ဂိုးျပတ္ႏိုင္ခဲ့တဲ့ပြဲမွာ ၂ႏွစ္ေက်ာ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ဂေလဇာမိသားစုလည္း အိုးလ္ထရက္ဖို႔ဒ္ပြဲၾကည့္စင္ကေန လာေရာက္အားေပးတာကိုေတြ႕ရပါတယ္။