
Photo Credit
Photo Credit
ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ ယမန်နေ့ညက မာယော့ကာကို ၅-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ဥရောပထိပ်တန်းလိဂ် ၅ခုအနက် နောက်ဆုံး ၁၄ရာသီဆက် တစ်ရာသီအနည်းဆုံး ၁၀ဂိုးသွင်းယူနိုင်တဲ့ပထမဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ မက်ဆီဟာ ၂၅ကိုက်အကွာကနေ သူ့အတွက် ပထမဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ယခုရာသီလာလီဂါသွင်းဂိုး ၁၀ဂိုးရှိလာခဲ့တာဖြစ်ပါတယ်။
Photo Credit
ပြီးခဲ့တဲ့တနင်္လာနေ့ကမှ ၆ကြိမ်မြောက် Ballon d’Or ဆုရရှိခဲ့တဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီဟာ ပထမပိုင်းမပြီးခင် နောက်ထပ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၈၃ မိနစ်မှာ ဟက်ထရစ်ရှင်အဖြစ် ဘာစီလိုနာအသင်းအတွက် အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီလိုဟက်ထရစ်သွင်းယူနိုင်တာက ယခုရာသီအတွင်း မက်ဆီအတွက် ဒုတိယမြောက်ဟက်ထရစ်ဖြစ်လာခဲ့ပြီး လာလီဂါသမိုင်းတစ်လျှောက် ဟက်ထရစ်အများဆုံးရရှိသူအဖြစ် စံချိန်တင်ထားတဲ့ ရီးရဲလ်ကြယ်ပွင့်ဟောင်း ရော်နယ်ဒိုရဲ့စံချိန်ကို ချိုးဖျက်ကာ ၃၅ ကြိမ်နဲ့ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
Photo Credit
မက်ဆီဟာ ၂၀၁၁-၁၂ ရာသီက ဘာစီလိုနာအတွက် လိဂ်သွင်းဂိုးအများဆုံးရာသီအဖြစ် ၃၇ပွဲမှာ ဂိုး၅၀ အထိ သွင်းယူနိုင်ခဲ့ပြီး သူ့အနေနဲ့ ယခုရာသီမှာတော့ ဒဏ်ရာပြဿနာတွေကြောင့် ရာသီအစမှာ ပုံမှန်ပါဝင်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ သူဟာ ဘာစီလိုနာအသင်းရဲ့လာလီဂါပထမဆုံး ၄ပွဲကို လွဲချော်ခဲ့ရပြီး ဂရန်နာဒါ၊ ဗီလာရီးရဲလ်တို့နဲ့ပွဲတွေမှာ ၄၅ မိနစ်ကြာကစားခဲ့ပါတယ်။
Photo Credit
ဒါပေမဲ့ နောက်ပိုင်းမှာတော့ မက်ဆီလည်း ကြံ့ခိုင်မှုအပြည့်ပြန်လည်ရရှိလာခဲ့ပြီးနောက် လာလီဂါမှာ ဦးစားပေးကစားသမားအဖြစ် ၉ပွဲသာကစားခွင့်ရထားပေမယ့် သွင်းဂိုး ၁၂ဂိုးနဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာ ထိပ်ဆုံးကို ရောက်ရှိလာကာ ဒုတိယနေရာက ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီးမားက မက်ဆီထက် ၄ပွဲပိုကစားထားပါတယ်။ မက်ဆီဟာ အဲဒီပွဲမှာ အဖွင့်ဂိုးကို အဝေးကနေကန်သွင်းနိုင်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းလည်း ယခုရာသီဥရောပထိပ်တန်းလိဂ် ၅ခုအနက် ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ဂိုးသွင်းအများဆုံးအသင်းအဖြစ် ရပ်တည်စေခဲ့ပါတယ်။
Photo Credit
ဘာစီလိုနာဟာ အခုဆိုရင် ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ၁၀ဂိုးအထိသွင်းယူထားနိုင်ပြီဖြစ်ရာ စီးတီးနဲ့ ဘော်ဒိုးတို့ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။ အဲဒီ ၁၀ဂိုးမှာ မက်ဆီတစ်ဦးတည်းသွင်းယူထားတဲ့ဂိုးအရေအတွက်က ၇ဂိုးအထိရှိနေပြီး မာယော့ကာနဲ့ပွဲမှာ တွဲဖက်တိုက်စစ်မှူးတွေဖြစ်တဲ့ ဂရစ်ဇ်မန်းနဲ့ ဆွာရက်ဇ်တို့လည်း ဂိုးတွေအသီးသီးသွင်းယူနိုင်ခဲ့ပါတယ်။
Photo Credit
Zawgyi
ေရာ္နယ္ဒိုရဲ႕လာလီဂါေနာက္ထပ္စံခ်ိန္ကို သမုိင္းထဲမွာ ခ်န္ထားရစ္လုိက္တဲ့ Record Breaker မက္ဆီ
ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီဟာ ယမန္ေန႔ညက မာေယာ့ကာကို ၅-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပဲြမွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ဥေရာပထိပ္တန္းလိဂ္ ၅ခုအနက္ ေနာက္ဆုံး ၁၄ရာသီဆက္ တစ္ရာသီအနည္းဆုံး ၁၀ဂိုးသြင္းယူႏုိင္တဲ့ပထမဆုံးကစားသမားအျဖစ္ စံခ်ိန္သစ္တင္ႏိုင္ခဲ့ပါတယ္။ မက္ဆီဟာ ၂၅ကိုက္အကြာကေန သူ႕အတြက္ ပထမဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္ ယခုရာသီလာလီဂါသြင္းဂိုး ၁၀ဂိုးရွိလာခဲ့တာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့တနလၤာေန႔ကမွ ၆ႀကိမ္ေျမာက္ Ballon d’Or ဆုရရွိခဲ့တ့ဲ အာဂ်င္တီးနားအသင္းေခါင္းေဆာင္မက္ဆီဟာ ပထမပိုင္းမၿပီးခင္ ေနာက္ထပ္ဂုိးသြင္းယူႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၈၃ မိနစ္မွာ ဟက္ထရစ္ရွင္အျဖစ္ ဘာစီလုိနာအသင္းအတြက္ အဆုံးသတ္ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။ ဒီလုိဟက္ထရစ္သြင္းယူႏုိင္တာက ယခုရာသီအတြင္း မက္ဆီအတြက္ ဒုတိယေျမာက္ဟက္ထရစ္ျဖစ္လာခဲ့ၿပီး လာလီဂါသမုိင္းတစ္ေလွ်ာက္ ဟက္ထရစ္အမ်ားဆုံးရရွိသူအျဖစ္ စံခ်ိန္တင္ထားတဲ့ ရီးရဲလ္ၾကယ္ပြင့္ေဟာင္း ေရာ္နယ္ဒိုရဲ႕စံခ်ိန္ကို ခ်ိဳးဖ်က္ကာ ၃၅ ႀကိမ္နဲ႔ စံခ်ိန္သစ္တင္ႏိုင္ခဲ့ပါတယ္။
မက္ဆီဟာ ၂၀၁၁-၁၂ ရာသီက ဘာစီလုိနာအတြက္ လိဂ္သြင္းဂိုးအမ်ားဆုံးရာသီအျဖစ္ ၃၇ပြဲမွာ ဂိုး၅၀ အထိ သြင္းယူႏိုင္ခဲ့ၿပီး သူ႕အေနနဲ႔ ယခုရာသီမွာေတာ့ ဒဏ္ရာျပႆနာေတြေၾကာင့္ ရာသီအစမွာ ပုံမွန္ပါ၀င္ခြင့္ရဖုိ႔ ႐ုန္းကန္ခဲ့ရပါတယ္။ သူဟာ ဘာစီလုိနာအသင္းရဲ႕လာလီဂါပထမဆုံး ၄ပြဲကို လြဲေခ်ာ္ခဲ့ရၿပီး ဂရန္နာဒါ၊ ဗီလာရီးရဲလ္တုိ႔နဲ႔ပဲြေတြမွာ ၄၅ မိနစ္ၾကာကစားခ့ဲပါတယ္။
ဒါေပမ့ဲ ေနာက္ပိုင္းမွာေတာ့ မက္ဆီလည္း ႀက့ံခိုင္မႈအျပည့္ျပန္လည္ရရွိလာခဲ့ၿပီးေနာက္ လာလီဂါမွာ ဦးစားေပးကစားသမားအျဖစ္ ၉ပြဲသာကစားခြင့္ရထားေပမယ့္ သြင္းဂိုး ၁၂ဂိုးနဲ႔ ဂိုးသြင္းအမ်ားဆုံးစာရင္းမွာ ထိပ္ဆုံးကို ေရာက္ရွိလာကာ ဒုတိယေနရာက ရီးရဲလ္တုိက္စစ္မွဴး ဘန္ဇီးမားက မက္ဆီထက္ ၄ပဲြပိုကစားထားပါတယ္။ မက္ဆီဟာ အဲဒီပြဲမွာ အဖြင့္ဂိုးကို အေ၀းကေနကန္သြင္းႏိုင္ခဲ့ၿပီးေနာက္ ဘာစီလုိနာအသင္းလည္း ယခုရာသီဥေရာပထိပ္တန္းလိဂ္ ၅ခုအနက္ ပင္နယ္တီဧရိယာအျပင္ဘက္ကေန ဂိုးသြင္းအမ်ားဆုံးအသင္းအျဖစ္ ရပ္တည္ေစခဲ့ပါတယ္။
ဘာစီလုိနာဟာ အခုဆုိရင္ ပင္နယ္တီဧရိယာအျပင္ဘက္ကေန ၁၀ဂိုးအထိသြင္းယူထားႏိုင္ၿပီျဖစ္ရာ စီးတီးနဲ႔ ေဘာ္ဒုိးတို႔ကို ေက်ာ္ျဖတ္ၿပီး ထိပ္ဆုံးမွာ ရပ္တည္ေနတာျဖစ္ပါတယ္။ အဲဒီ ၁၀ဂိုးမွာ မက္ဆီတစ္ဦးတည္းသြင္းယူထားတဲ့ဂိုးအေရအတြက္က ၇ဂိုးအထိရွိေနၿပီး မာေယာ့ကာနဲ႔ပဲြမွာ တြဲဖက္တုိက္စစ္မွဴးေတြျဖစ္တဲ့ ဂရစ္ဇ္မန္းနဲ႔ ဆြာရက္ဇ္တုိ႔လည္း ဂိုးေတြအသီးသီးသြင္းယူႏုိင္ခဲ့ပါတယ္။