ရော်နယ်ဒိုရဲ့ခေတ် အဆုံးသတ်သွားပြီလို့ အစောကြီး ကောက်ချက်မချလိုက်ပါနဲ့…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

”ရော်နယ်ဒိုက အဘိုးကြီးဖြစ်နေပြီ”

”ပရီးမီးယားလိဂ်ရဲ့ ကစားပုံက အရမ်းမြန်တယ်…သူနဲ့ အံဝင်တော့မှာမဟုတ်ဘူး”

”ယူနိုက်တက်ကိုလာတာ စီးပွားရေးသက်သက်ပါကွာ ခြေစွမ်းကကျနေပြီ သူ့ကို ယူနိုက်တက်က လိုတာ မဟုတ်ဘူး” လို့ဆိုနေတဲ့

ပြိုင်ဘက် အသင်းတွေရဲ့ ပရိသတ်တွေပြောနေတဲ့ စကားသံတွေကိုလည်း ရော်နယ်ဒိုရဲ့သွင်းဂိုးတွေက တိတ်ဆိတ်သွားစေခဲ့ပါတယ်။

ရော်နယ်ဒို ပရီးမီးယားလိဂ်ဆီ ပြန်ရောက်လာခဲ့တဲ့အပေါ် လီဗာပူးလ်ရဲ့ ဂန္တဝင်ကစားသမား ကာရေဂါကဆိုရင်

“သူက သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တဦးဖြစ်တယ် ဆိုတာ မမှားသလို သံသယဖြစ်စရာ မလိုပါဘူး။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ပရီမီးယားလိဂ်အတွက် သူက အရမ်းကို အသက်ကြီးနေပါပြီ။

ဒါကြောင့် သူ ပြန်ရောက်လာတာက ယူနိုက်တက် အတွက် အကျိုးရှိစေနိုင်လောက်မယ်လို့တော့မထင်ဘူးဗျ” ဆိုပြီး ဝေဖန်ထားခဲ့တာတွေကို ရော်နယ်ဒိုက သွင်းဂိုးတွေနဲ့ ဖြေရှင်းခဲ့လိုက်ပါပြီ။

ဒီညမှာ ယူနိုက်တက် အသင်းဟာ ရော်နယ်ဒိုရဲ့သွင်းဂိုးတွေနဲ့အတူ နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်သွားနိုင်ခဲ့ပြီး အိမ်ကွင်းမှာ အမှတ်ပြည့်ရယူသွားနိုင်ခဲ့ပါတယ်။

၄ ပွဲကစားပြီးချိန်မှာ ၃ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၁၀ မှတ်နဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်သွားနိုင်ခဲ့ပါတယ်။

ခံစစ်ပိတ်ကစားနေတဲ့ နယူးကာဆယ်ရဲ့ ကစားပုံကြောင့် ဂိုးသွင်းနိုင်ဖို့ခက်ခဲခဲ့ပေမယ့် ပထမပိုင်းပြီးခါနီး (၄၅+၂) မိနစ်မှာ

ဂရင်းဝုဒ်ရဲ့ ကန်သွင်းချက်ကနေ ပြန်ထွက်လာတဲ့ဘောလုံးကို ရော်နယ်ဒိုက အပိုင်ပိတ်သွင်းပြီး ဦးဆောင်ဂိုးကို ရယူခဲ့ပါတယ်။

ဒီသွင်းဂိုးဟာ ရော်နယ်ဒိုအတွက် သူ့ရဲ့ (၂၀၀၉)ခုနှစ်က မန်စီးတီးအသင်းကို ဂိုးသွင်းယူခဲ့တဲ့ အဖွင့်ဂိုးသွင်းအပြီး

၁၂ နှစ်နဲ့ ၁၂၄ ရက်အကြာမှာ နောက် တစ်ကြိမ် ပရီမီးယားလိဂ်မှာ ယူနိုက်တက်အသင်းအတွက်ပြန်ကစားချိန်

သူ့ရဲ့နောက်ထပ် တစ်ကျော့ပြန် ပရီးမီးယားလိဂ်အဖွင့် သွင်းဂိုးတစ်ဂိုးကို ပြန်လည်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒုတိယပိုင်းအစမှာတော့ နယူးကာဆယ်တို့ ချေပဂိုးရသွားခဲ့ပြီး စိန့်မက်စီမန်ရဲ့ ဖန်တီးပေးမှုကနေ မန်ကွီလိုက ထောင့်ဖြတ်အနေအထားကနေ အပြင်းကန်သွင်းကာ ချေပဂိုး ပြန်လည် ရရှိသွားခဲ့ပါတယ်။

ဒါပေမယ့် နယူးကာဆယ်ရဲ့ ချေပဂိုးဟာ ၅ မိနစ်သာ ခံခဲ့ပြီး ပွဲချိန် (၆၂)မိနစ်မှာ ကွင်းလယ်ကနေ

လုခ်ရှောက ရော်နယ်ဒိုရဲ့ ပြေးလမ်းကြောင်းထဲကို ပေးပို့လိုက်ပြီး ရော်နယ်ဒိုက သူ့ဆီရောက်လာတဲ့ ဘောလုံးကို ဂိုးဧရိယာရဲ့

ဘယ်ခြမ်းကနေ သူ့ရဲ့ အားပါတဲ့ ကန်ချက်နဲ့ နောက်တစ်ကြိမ် ဦးဆောင်ဂိုး ထပ်သွင်းယူပေးခဲ့ပြန်ပါတယ်။

ဒါဟာ ရော်နယ်ဒိုအတွက် ၂၀၀၉ ခုနှစ် ဧပြီလမှာကစားခဲ့တဲ့ စပါးနဲ့ပွဲစဉ်နောက်ပိုင်း ပရီးမီးယားလိဂ်မှာ တစ်ပွဲတည်း ၂ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အနိုင်ဂိုး ရသွားပြီးနောက်မှာတော့ ယူနိုက်တက်က ပွဲကို ဆက်လက်ဦးဆောင်သွားခဲ့ပြီး တတိယအနိုင်ဂိုးကိုတော့ ပေါ့ဂ်ဘာရဲ့ ပေးပို့မှုကနေ ဘရူနိုက ဂိုးဧရိယာထိပ်က အဝေးကန်ချက်နဲ့ သွင်းယူသွားခဲ့တာပါ။

ယူနိုက်တက် အသင်းအတွက် အပိတ်ဂိုးကိုတော့ ပေါ့ဂ်ဘာရဲ့ဖန်တီးပေးမှုကနေ လင်ဂတ်က သွင်းယူပေးသွားခဲ့ပါတယ်။

ပေါ့ဘာ ဟာဒီနေ့ပွဲမှာ ဂိုးဖန်တီးမှု ၂ ကြိမ်ထပ် လုပ်နိုင်ခဲ့တာကြောင့် ၄ ပွဲကစားပြီးချိန်မှာ ဂိုးဖန်တီးပေးနိုင်မှုက ( ၇) ကြိမ်ရှိလာခဲ့ပါတယ်။

ပွဲပြီးမှာတော့ ယူနိုက်တက်အသင်းဟာ (၄ – ၁) ဂိုးရလဒ်နဲ့ အဆုံးသတ်ခဲ့သလို ရော်နယ်ဒို ပြန်လည်ကစားလာခဲ့တဲ့ ပွဲမှာ သွင်းဂိုးတွေမြိုင်ဆိုင်ခဲ့ ပြီး

ယူနိုက်တက် ပရိသတ်တွေအတွက် ပျော်ရွှင်မှုတွေရခဲ့တဲ့ ညတစ်ညဖြစ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒိုရဲ႕ေခတ္ အဆုံးသတ္သြားၿပီလို႔ အေစာႀကီး ေကာက္ခ်က္မခ်လိုက္ပါနဲ႔…

”ေရာ္နယ္ဒိုက အဘိုးႀကီးျဖစ္ေနၿပီ”

”ပရီးမီးယားလိဂ္ရဲ႕ ကစားပုံက အရမ္းျမန္တယ္…သူနဲ႔ အံဝင္ေတာ့မွာမဟုတ္ဘူး”

”ယူႏိုက္တက္ကိုလာတာ စီးပြားေရးသက္သက္ပါကြာ ေျခစြမ္းကက်ေနၿပီ သူ႔ကို ယူႏိုက္တက္က လိုတာ မဟုတ္ဘူး” လို႔ဆိုေနတဲ့

ၿပိဳင္ဘက္ အသင္းေတြရဲ႕ ပရိသတ္ေတြေျပာေနတဲ့ စကားသံေတြကိုလည္း ေရာ္နယ္ဒိုရဲ႕သြင္းဂိုးေတြက တိတ္ဆိတ္သြားေစခဲ့ပါတယ္။

ေရာ္နယ္ဒို ပရီးမီးယားလိဂ္ဆီ ျပန္ေရာက္လာခဲ့တဲ့အေပၚ လီဗာပူးလ္ရဲ႕ ဂႏၲဝင္ကစားသမား ကာေရဂါကဆိုရင္ “သူက သမိုင္းတေလွ်ာက္ အေကာင္းဆုံး ကစားသမားေတြထဲက တဦးျဖစ္တယ္ ဆိုတာ မမွားသလို သံသယျဖစ္စရာ မလိုပါဘူး။ ဒါေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ ပရီမီးယားလိဂ္အတြက္ သူက အရမ္းကို အသက္ႀကီးေနပါၿပီ။ ဒါေၾကာင့္ သူ ျပန္ေရာက္လာတာက ယူႏိုက္တက္ အတြက္ အက်ိဳးရွိေစႏိုင္ေလာက္မယ္လို႔ေတာ့မထင္ဘူးဗ်” ဆိုၿပီး ေဝဖန္ထားခဲ့တာေတြကို ေရာ္နယ္ဒိုက သြင္းဂိုးေတြနဲ႔ ေျဖရွင္းခဲ့လိုက္ပါၿပီ။

ဒီညမွာ ယူႏိုက္တက္ အသင္းဟာ ေရာ္နယ္ဒိုရဲ႕သြင္းဂိုးေတြနဲ႔အတူ ႏိုင္ပြဲတစ္ပြဲကို ေဖာ္ေဆာင္သြားႏိုင္ခဲ့ၿပီး အိမ္ကြင္းမွာ အမွတ္ျပည့္ရယူသြားႏိုင္ခဲ့ပါတယ္။ ၄ ပြဲကစားၿပီးခ်ိန္မွာ ၃ ပြဲႏိုင္ ၁ ပြဲသေရ ရမွတ္ ၁၀ မွတ္နဲ႔အတူ အမွတ္ေပးဇယားကို ဦးေဆာင္သြားႏိုင္ခဲ့ပါတယ္။

ခံစစ္ပိတ္ကစားေနတဲ့ နယူးကာဆယ္ရဲ႕ ကစားပုံေၾကာင့္ ဂိုးသြင္းႏိုင္ဖို႔ခက္ခဲခဲ့ေပမယ့္ ပထမပိုင္းၿပီးခါနီး (၄၅+၂) မိနစ္မွာ ဂရင္းဝုဒ္ရဲ႕ ကန္သြင္းခ်က္ကေန ျပန္ထြက္လာတဲ့ေဘာလုံးကို ေရာ္နယ္ဒိုက အပိုင္ပိတ္သြင္းၿပီး ဦးေဆာင္ဂိုးကို ရယူခဲ့ပါတယ္။

ဒီသြင္းဂိုးဟာ ေရာ္နယ္ဒိုအတြက္ သူ႔ရဲ႕ (၂၀၀၉)ခုႏွစ္က မန္စီးတီးအသင္းကို ဂိုးသြင္းယူခဲ့တဲ့ အဖြင့္ဂိုးသြင္းအၿပီး ၁၂ ႏွစ္နဲ႔ ၁၂၄ ရက္အၾကာမွာ ေနာက္ တစ္ႀကိမ္ ပရီမီးယားလိဂ္မွာ ယူႏိုက္တက္အသင္းအတြက္ျပန္ကစားခ်ိန္ သူ႔ရဲ႕ေနာက္ထပ္ တစ္ေက်ာ့ျပန္ ပရီးမီးယားလိဂ္အဖြင့္ သြင္းဂိုးတစ္ဂိုးကို ျပန္လည္ရရွိခဲ့တာလည္းျဖစ္ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ နယူးကာဆယ္တို႔ ေခ်ပဂိုးရသြားခဲ့ၿပီး စိန႔္မက္စီမန္ရဲ႕ ဖန္တီးေပးမႈကေန မန္ကြီလိုက ေထာင့္ျဖတ္အေနအထားကေန အျပင္းကန္သြင္းကာ ေခ်ပဂိုး ျပန္လည္ ရရွိသြားခဲ့ပါတယ္။

ဒါေပမယ့္ နယူးကာဆယ္ရဲ႕ ေခ်ပဂိုးဟာ ၅ မိနစ္သာ ခံခဲ့ၿပီး ပြဲခ်ိန္ (၆၂)မိနစ္မွာ ကြင္းလယ္ကေန လုခ္ေရွာက ေရာ္နယ္ဒိုရဲ႕ ေျပးလမ္းေၾကာင္းထဲကို ေပးပို႔လိုက္ၿပီး ေရာ္နယ္ဒိုက သူ႔ဆီေရာက္လာတဲ့ ေဘာလုံးကို ဂိုးဧရိယာရဲ႕ ဘယ္ျခမ္းကေန သူ႔ရဲ႕ အားပါတဲ့ ကန္ခ်က္နဲ႔ ေနာက္တစ္ႀကိမ္ ဦးေဆာင္ဂိုး ထပ္သြင္းယူေပးခဲ့ျပန္ပါတယ္။ ဒါဟာ ေရာ္နယ္ဒိုအတြက္ ၂၀၀၉ ခုႏွစ္ ဧၿပီလမွာကစားခဲ့တဲ့ စပါးနဲ႔ပြဲစဥ္ေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ တစ္ပြဲတည္း ၂ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အႏိုင္ဂိုး ရသြားၿပီးေနာက္မွာေတာ့ ယူႏိုက္တက္က ပြဲကို ဆက္လက္ဦးေဆာင္သြားခဲ့ၿပီး တတိယအႏိုင္ဂိုးကိုေတာ့ ေပါ့ဂ္ဘာရဲ႕ ေပးပို႔မႈကေန ဘ႐ူႏိုက ဂိုးဧရိယာထိပ္က အေဝးကန္ခ်က္နဲ႔ သြင္းယူသြားခဲ့တာပါ။

ယူႏိုက္တက္ အသင္းအတြက္ အပိတ္ဂိုးကိုေတာ့ ေပါ့ဂ္ဘာရဲ႕ဖန္တီးေပးမႈကေန လင္ဂတ္က သြင္းယူေပးသြားခဲ့ပါတယ္။ ေပါ့ဘာ ဟာဒီေန႔ပြဲမွာ ဂိုးဖန္တီးမႈ ၂ ႀကိမ္ထပ္ လုပ္ႏိုင္ခဲ့တာေၾကာင့္ ၄ ပြဲကစားၿပီးခ်ိန္မွာ ဂိုးဖန္တီးေပးႏိုင္မႈက ( ၇) ႀကိမ္ရွိလာခဲ့ပါတယ္။ ပြဲၿပီးမွာေတာ့ ယူႏိုက္တက္အသင္းဟာ (၄ – ၁) ဂိုးရလဒ္နဲ႔ အဆုံးသတ္ခဲ့သလို ေရာ္နယ္ဒို ျပန္လည္ကစားလာခဲ့တဲ့ ပြဲမွာ သြင္းဂိုးေတြၿမိဳင္ဆိုင္ခဲ့ ၿပီး ယူႏိုက္တက္ ပရိသတ္ေတြအတြက္ ေပ်ာ္႐ႊင္မႈေတြရခဲ့တဲ့ ညတစ္ညျဖစ္ခဲ့ပါတယ္။