ရော်နယ်ဒိုမရှိချိန် အလဲလဲ အကွဲကွဲ ဖြစ်နေတဲ့ ဂျူဗင်တပ်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နည်းပြသစ် အယ်လီဂရီရဲ့ ဂျူဗင်တပ်စ် အသင်းဟာ ဒီရာသီမှာ နိုင်ပွဲ ပျောက်ဆုံးနေပြီး ယမန်နေ့က ကစားခဲ့တဲ့ နာပိုလီ အသင်းနဲ့ ပွဲစဉ်မှာလည်း ၂ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။

နာပိုလီအသင်းက ဂျူဗင်တပ်စ်အသင်းထက် သိသိသာသာ ပိုကောင်းခဲ့သလို ဂျူဗင်တပ်စ်အသင်းကတော့ တစ်ဖက်အသင်းကို ခြိမ်းခြောက်နိုင်တဲ့ ကစားသမား ရှိမနေတာကြောင့် အလွယ်တကူပဲ အရေးနိမ့်ခဲ့ပါတယ်။

ရော်နယ်ဒို ရှိစဉ်က ဂိုးမသွင်းနိုင်သည့်တိုင် တစ်ဖက်အသင်းရဲ့ ကစားသမားတွေက သူ့ကို အာရုံစိုက် လူကပ် ကစားရတာကြောင့် ကျန်ကစားသမားတွေ နေရာလွတ် အများအပြား ရခဲ့ပေမယ့် နာပိုလီနဲ့ပွဲမှာတော့ အဲဒီလို စွမ်းဆောင်နိုင်တဲ့ ကစားသမားမျိုး ဂျူဗင်တပ်စ်ဘက်မှာ မပါလာပါဘူး။

မနေ့က ပွဲချိန် ၁၀မိနစ်မှာ ဂျူဗင်တပ်စ်က ဦးဆောင်ဂိုးရခဲ့ပြီး မိုရာတာက ဂိုးသမား အော့စပီနာနဲ့ တစ်ယောက်ချင်းတွေ့ချိန် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲအစပိုင်းမှာ နာပိုလီက တောက်လျောက် ဖိအားပေးကစားခဲ့ပေမယ့် ၁၀ကြိမ် ဂိုးပေါက် ကန်ရာမှာ ၂ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်က ဦးဆောင်ဂိုး ရခဲ့ပြီးနောက် ကူလူဆက်ဗ်စကီး အခွင့်အရေး ထပ်ရပေမယ့် အသုံးချနိုင်ခဲ့ခြင်း မရှိပါဘူး။

ဂျူဗီတို့ ဆက်ထိန်းထားနိုင်ခဲ့ပေမယ့် ခံစစ်ပိုင်းအမှားကြောင့် နာပိုလီကို ချေပဂိုး ခွင့်ပြုခဲ့ရပါတယ်။

အင်ဆစ်ဂ်နီရဲ့ ကန်ချက်ကို ဂိုးသမား ဆက်ဂ်ဇနီ ကာကွယ်ရာမှာ လွတ်ကျသွားခဲ့တာကြောင့် ပိုလီတာနိုက နာပိုလီအတွက် ချေပဂိုးအဖြစ် အနီးကပ် ပိတ်သွင်းခဲ့ပါတယ်။

သိပ်မကြာခင်မှာတော့ နောက်ထပ် ခံစစ်အမှားတစ်ခုကြောင့် ဂျူဗီတို့ ပေးဆပ်မှု ကြီးမားခဲ့ရပါတယ်။

ထောင့်ကန်ဘော ကာကွယ်ရာမှာ မွိုက်စ်ကိန်း ကိုယ့်ဂိုးထဲကိုယ် ခေါင်းတိုက်သွင်းမိခဲ့ပြီး ဆက်ဂ်ဇနီ ကာကွယ်နိုင်ခဲ့ပေမယ့်ကူလီဘာလေက ပိတ်သွင်းသွားခဲ့ပါတယ်။

ဂျူဗင်တပ်စ် အသင်း အနေနဲ့ အရှုံးနွံထဲက ပြန်လည် ရုန်းထနိုင်မယ်လို့ နည်းပြ အယ်လီဂရီက ယုံကြည်နေပြီး ရှုံးပွဲရလဒ်ထက် စိတ်ဒဏ်ရာ မရစေဖို့ လာမယ့် ချန်ပီယံလိဂ် ပွဲစဉ်မှာ နည်းနည်းမှ အမှားခံလို့ မရဖူးလို့ နည်းပြ အယ်လီဂရီကတော့ ပြောထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒိုမရွိခ်ိန္ အလဲလဲ အကြဲကြဲ ျဖစ္ေနတဲ့ ဂ်ဴဗင္တပ္စ္

နည္းျပသစ္ အယ္လီဂရီရဲ႕ ဂ်ဴဗင္တပ္စ္ အသင္းဟာ ဒီရာသီမွာ ႏိုင္ပြဲ ေပ်ာက္ဆုံးေနၿပီး ယမန္ေန႔က ကစားခဲ့တဲ့ နာပိုလီ အသင္းနဲ႔ ပြဲစဥ္မွာလည္း ၂ဂိုး ၁ဂိုးနဲ႔ ရႈံးနိမ့္ခဲ့ျပန္ပါတယ္။နာပိုလီအသင္းက ဂ်ဴဗင္တပ္စ္အသင္းထက္ သိသိသာသာ ပိုေကာင္းခဲ့သလို ဂ်ဴဗင္တပ္စ္အသင္းကေတာ့ တစ္ဖက္အသင္းကို ၿခိမ္းေျခာက္ႏိုင္တဲ့ ကစားသမား ရွိမေနတာေၾကာင့္ အလြယ္တကူပဲ အေရးနိမ့္ခဲ့ပါတယ္။

ေရာ္နယ္ဒို ရွိစဥ္က ဂိုးမသြင္းႏိုင္သည့္တိုင္ တစ္ဖက္အသင္းရဲ႕ ကစားသမားေတြက သူ႔ကို အာ႐ုံစိုက္ လူကပ္ ကစားရတာေၾကာင့္ က်န္ကစားသမားေတြ ေနရာလြတ္ အမ်ားအျပား ရခဲ့ေပမယ့္ နာပိုလီနဲ႔ပြဲမွာေတာ့ အဲဒီလို စြမ္းေဆာင္ႏိုင္တဲ့ ကစားသမားမ်ိဳး ဂ်ဴဗင္တပ္စ္ဘက္မွာ မပါလာပါဘူး။

မေန႔က ပြဲခ်ိန္ ၁၀မိနစ္မွာ ဂ်ဴဗင္တပ္စ္က ဦးေဆာင္ဂိုးရခဲ့ၿပီး မိုရာတာက ဂိုးသမား ေအာ့စပီနာနဲ႔ တစ္ေယာက္ခ်င္းေတြ႕ခ်ိန္ ကန္သြင္းသြားခဲ့တာ ျဖစ္ပါတယ္။

ပြဲအစပိုင္းမွာ နာပိုလီက ေတာက္ေလ်ာက္ ဖိအားေပးကစားခဲ့ေပမယ့္ ၁၀ႀကိမ္ ဂိုးေပါက္ ကန္ရာမွာ ၂ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္က ဦးေဆာင္ဂိုး ရခဲ့ၿပီးေနာက္ ကူလူဆက္ဗ္စကီး အခြင့္အေရး ထပ္ရေပမယ့္ အသုံးခ်ႏိုင္ခဲ့ျခင္း မရွိပါဘူး။

ဂ်ဴဗီတို႔ ဆက္ထိန္းထားႏိုင္ခဲ့ေပမယ့္ ခံစစ္ပိုင္းအမွားေၾကာင့္ နာပိုလီကို ေခ်ပဂိုး ခြင့္ျပဳခဲ့ရပါတယ္။ အင္ဆစ္ဂ္နီရဲ႕ ကန္ခ်က္ကို ဂိုးသမား ဆက္ဂ္ဇနီ ကာကြယ္ရာမွာ လြတ္က်သြားခဲ့တာေၾကာင့္ ပိုလီတာႏိုက နာပိုလီအတြက္ ေခ်ပဂိုးအျဖစ္ အနီးကပ္ ပိတ္သြင္းခဲ့ပါတယ္။

သိပ္မၾကာခင္မွာေတာ့ ေနာက္ထပ္ ခံစစ္အမွားတစ္ခုေၾကာင့္ ဂ်ဴဗီတို႔ ေပးဆပ္မႈ ႀကီးမားခဲ့ရပါတယ္။ ေထာင့္ကန္ေဘာ ကာကြယ္ရာမွာ မြိဳက္စ္ကိန္း ကိုယ့္ဂိုးထဲကိုယ္ ေခါင္းတိုက္သြင္းမိခဲ့ၿပီး ဆက္ဂ္ဇနီ ကာကြယ္ႏိုင္ခဲ့ေပမယ့္ကူလီဘာေလက ပိတ္သြင္းသြားခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္ အသင္း အေနနဲ႔ အရႈံးႏြံထဲက ျပန္လည္ ႐ုန္းထႏိုင္မယ္လို႔ နည္းျပ အယ္လီဂရီက ယုံၾကည္ေနၿပီး ရႈံးပြဲရလဒ္ထက္ စိတ္ဒဏ္ရာ မရေစဖို႔ လာမယ့္ ခ်န္ပီယံလိဂ္ ပြဲစဥ္မွာ နည္းနည္းမွ အမွားခံလို႔ မရဖူးလို႔ နည္းျပ အယ္လီဂရီက​ေတာ့ ​ေျပာထားပါတယ္။