ရော်နယ်ဒိုနဲ့ အသင်းအတွက် အင်အားဖြည့်ရတော့မယ့် ဂျူဗင်တပ်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်အသင်းဟာ ဒီနှစ်ရာသီ အသင်းရဲ့ ခြေစွမ်းပိုင်းကျဆင်းနေတာနဲ့ ရလဒ်ပိုင်းတွေ ဆိုးဝါးနေတာကြောင့် လာမယ့်ရာသီမှာ အပြောင်းအလဲ တွေလုပ်ဖို့စီစဉ်နေပါတယ်။ တစ်ဖက်မှာလည်း ရော်နယ်ဒိုက အသင်းအနေနဲ့ ကစားသမားအသစ်နှစ်ဦးခန့်ကို ခေါ်ယူပေးဖို့ မျှော်လင့်နေကာ အသင်းမှာ သူ ဆက်လက်ကစားပြီး အောင်မြင်မှုတွေရယူပေးသွားဖို့အတွက် ပစ်မှတ်ထားနေကြောင်းလည်း သိရပါတယ်။

ရော်နယ်ဒိုဟာ ရီးရဲလ်မှာတုန်းက တွဲဖက်တိုက်စစ်မှူးဘန်ဇီမာ လိုကစားသမားမျိုးနဲ့ ကာလရှည်တွဲကစားခဲ့ကြပြီး ဘန်ဇီမာဟာ နေရာလွတ်ရှာဖွေမှု၊ ရော်နယ်ဒိုအပေါ် ပံ့ပိုးမှုတွေအပြင် လိုအပ်ရင် တောင်ပံထိပါထွက်ဆော့ပေးခဲ့တဲ့ထိ ကူညီမှုတွေ များစွာပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဂျူဗင်တပ်စ်အနေနဲ့ ဘန်ဇီမာလို ကစားသမားမျိုးခေါ်နိုင်ဖို့ လိုအပ်ပါတယ်။

လက်ရှိမှာ မိုရာတာ၊ ဒီဘားလားတို့နဲ့ ရော်နယ်ဒိုက တွဲဖက်ကစားနေရတာဖြစ်ပြီး ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးကိုလည်း ခေါ်ယူနေစေချင်တယ်လို့ သိရပါတယ်။ နည်းပြပီယာလိုကတော့ အသင်းရဲ့ ကစားသမားဟောင်း ၂ ဦးဖြစ်တဲ့ မွိုင်ကိန်း နဲ့ ပေါ့ဘာကိုပစ်မှတ်ထားနေပြီး ပြောင်းရွှေ့ကြေးများများသုံးဖို့ ဆန္ဒရှိနေပါတယ်။ ပီယာလိုက မွိုင်ကိန်းဟာ မိုရာတာ၊ ဒီဘားလားတို့ထက် ရော်နယ်ဒိုကိုပိုကူညီနိုင်မယ်လို့ ယူဆထားပါတယ်။

အခုအခါမှာတော့ ရော်နယ်ဒိုဟာ သူ့ရဲ့အနာဂတ်အတွက် အေးဂျင့်ဂျော့မန်ဒက်စ်၊ အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပြီး ရာသီကုန်မှာတော့ အားလုံးအဆင်ပြေချောမွေ့သွားဖို့ မျှော်လင့်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေရာ္နယ္ဒိုနဲ႔ အသင္းအတြက္ အင္အားျဖည့္ရေတာ့မယ့္ ဂ်ဴဗင္တပ္စ္

ဂ်ဴဗင္တပ္စ္အသင္းဟာ ဒီႏွစ္ရာသီ အသင္းရဲ႕ ေျခစြမ္းပိုင္းက်ဆင္းေနတာနဲ႔ ရလဒ္ပိုင္းေတြ ဆိုးဝါးေနတာေၾကာင့္ လာမယ့္ရာသီမွာ အေျပာင္းအလဲ ေတြလုပ္ဖို႔စီစဥ္ေနပါတယ္။ တစ္ဖက္မွာလည္း ေရာ္နယ္ဒိုက အသင္းအေနနဲ႔ ကစားသမားအသစ္ႏွစ္ဦးခန႔္ကို ေခၚယူေပးဖို႔ ေမွ်ာ္လင့္ေနကာ အသင္းမွာ သူ ဆက္လက္ကစားၿပီး ေအာင္ျမင္မႈေတြရယူေပးသြားဖို႔အတြက္ ပစ္မွတ္ထားေနေၾကာင္းလည္း သိရပါတယ္။

ေရာ္နယ္ဒိုဟာ ရီးရဲလ္မွာတုန္းက တြဲဖက္တိုက္စစ္မႉးဘန္ဇီမာ လိုကစားသမားမ်ိဳးနဲ႔ ကာလရွည္တြဲကစားခဲ့ၾကၿပီး ဘန္ဇီမာဟာ ေနရာလြတ္ရွာေဖြမႈ၊ ေရာ္နယ္ဒိုအေပၚ ပံ့ပိုးမႈေတြအျပင္ လိုအပ္ရင္ ေတာင္ပံထိပါထြက္ေဆာ့ေပးခဲ့တဲ့ထိ ကူညီမႈေတြ မ်ားစြာျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ ဂ်ဴဗင္တပ္စ္အေနနဲ႔ ဘန္ဇီမာလို ကစားသမားမ်ိဳးေခၚႏိုင္ဖို႔ လိုအပ္ပါတယ္။ လက္ရွိမွာ မိုရာတာ၊ ဒီဘားလားတို႔နဲ႔ ေရာ္နယ္ဒိုက တြဲဖက္ကစားေနရတာျဖစ္ၿပီး ကြင္းလယ္တိုက္စစ္ကစားသမားတစ္ဦးကိုလည္း ေခၚယူေနေစခ်င္တယ္လို႔ သိရပါတယ္။

နည္းျပပီယာလိုက​ေတာ့ အသင္းရဲ႕ ကစားသမားေဟာင္း ၂ ဦးျဖစ္တဲ့ မြိဳင္ကိန္း နဲ႔ ေပါ့ဘာကိုပစ္မွတ္ထားေနၿပီး ေျပာင္းေ႐ႊ႕ေၾကးမ်ားမ်ားသုံးဖို႔ ဆႏၵရွိေနပါတယ္။ ပီယာလိုက မြိဳင္ကိန္းဟာ မိုရာတာ၊ ဒီဘားလားတို႔ထက္ ေရာ္နယ္ဒိုကိုပိုကူညီႏိုင္မယ္လို႔ ယူဆထားပါတယ္။

အခုအခါမွာေတာ့ ေရာ္နယ္ဒိုဟာ သူ႔ရဲ႕အနာဂတ္အတြက္ ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္၊ အသင္းနဲ႔ ေဆြးေႏြးမႈေတြျပဳလုပ္ေနၿပီး ရာသီကုန္မွာေတာ့ အားလုံးအဆင္ေျပေခ်ာေမြ႕သြားဖို႔ ေမွ်ာ္လင့္​ေနပါတယ္။