ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ no-look passes မှာ အဓိကကွာခြားချက်ထွက်ပေါ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီတို့ဟာ မကြာသေးခင်က ကစားခဲ့တဲ့ပွဲတွေမှာ no-look passes ပြုလုပ်ခဲ့ကြပြီး အဲဒီမှာ ပေါ်တူဂီအသင်းခေါင်းဆောင်ရဲ့ no-look passe က ဂျူဗင်တပ်စ်အသင်း ချေပဂိုးပေးရလုနီးပါးအဖြစ် ဖြစ်သွားခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ တနင်္ဂနွေနေ့ညက ဆမ်ဒိုးရီးယားကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ စီးရီးအေအဖွင့်ပွဲမှာ ပါဝင်ကစားခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ နည်းပြသစ်ပီယာလိုရဲ့ပွဲဦးထွက်မှာ လူငယ်ကစားသမား ကူလူဆက်ဗ်စကီးရဲ့ဦးဆောင်ဂိုးနဲ့ စောစောစီးစီးဦးဆောင်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ အသင်းအတွက် အဆုံးသတ်ဂိုးသွင်းယူခဲ့တဲ့ ရော်နယ်ဒိုက ပထမပိုင်းပြီးခါနီးမှာ မမှားသင့်တဲ့အမှားကျူးလွန်မိခဲ့ပြီး သူ့ရဲ့ no-look passe ကနေ ပြိုင်ဘက် ဆမ်ဒိုးရီးယားအသင်းသားတစ်ဦးက ကြားဖြတ်လုယူသွားပါတယ်။

ဆမ်ဒိုးရီးယားအသင်းက အချိန်ဖြုန်းမနေဘဲ အဲဒီဖြစ်ရပ်ကနေ တန်ပြန်တိုက်စစ်ဆင်နိုင်ခဲ့ပြီး ထောင့်ဖြတ်ကန်သွင်းခဲ့ပေမယ့် ဂိုးတိုင်ဘေးက ကပ်ထွက်သွားခဲ့လို့သာ ချေပဂိုးမရခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ ပရိသတ်တစ်ဦးက ရော်နယ်ဒိုရဲ့ ထင်သလိုဖြစ်မလာခဲ့တဲ့ no-look passe နဲ့ ဘာစီလိုနာအတွက် သိပ်မကြာသေးခင်က no-look passe လုပ်ပြသွားတဲ့ မက်ဆီရဲ့အခြေအနေကို ယှဉ်ထိုးထားတဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုမီဒီယာမှာ တင်လိုက်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ မက်ဆီဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဂီရိုနာနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲမှာ ဘာစီလိုနာအသင်း ဦးဆောင်ဂိုးသွင်းယူနိုင်ရေးအတွက် Build-up လုပ်ရာမှာ no-look passe နဲ့ လူငယ်ကစားသမား ထရင်ကာအိုရဲ့ပြေးလမ်းထဲ အပိုင်ခင်းပေးလိုက်တာဖြစ်ပြီး ထရင်ကာအိုရဲ့ပေးပို့မှုကနေ ကော်တင်ညိုက ဂိုးသမားမရှိတော့တဲ့ဂိုးပေါက်ထဲ အသာပိတ်သွင်းသွားတာပါ။ ဘာစီလိုနာဟာ အဲဒီပွဲမှာ ၃-၁ ဂိုးနဲ့အနိုင်ယူခဲ့ပြီး မက်ဆီလည်း ပင်နယ်တီဧရိယာအပြင်ဘက်ကနေ သူအားမသန်တဲ့ ညာခြေနဲ့ပဲ ၂ဂိုးစလုံး ကန်သွင်းယူသွားတာပါ။

ရော်နယ်ဒိုကလည်း ဆမ်ဒိုးရီးယားနဲ့ပွဲမှာ အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂျူဗင်တပ်စ်တိုက်စစ်ကို တစ်ချိန်လုံးဦးဆောင်ကစားကာ သူ့ရဲ့ဘယ်ခြေနဲ့အပြင်းကန်သွင်းချက်က ဘားတန်းထိထွက်ခဲ့လု့ိသာ တစ်ဂိုးပဲ ရခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi
ေရာ္နယ္ဒိုနဲ႔ မက္ဆီတုိ႔ရဲ႕ no-look passes မွာ အဓိကကြာျခားခ်က္ထြက္ေပၚ

ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒိုနဲ႔ ဘာစီလိုနာအသင္းတုိက္စစ္မွဴး မက္ဆီတုိ႔ဟာ မၾကာေသးခင္က ကစားခဲ့တဲ့ပြဲေတြမွာ no-look passes ျပဳလုပ္ခဲ့ၾကၿပီး အဲဒီမွာ ေပၚတူဂီအသင္းေခါင္းေဆာင္ရဲ႕ no-look passe က ဂ်ဴဗင္တပ္စ္အသင္း ေခ်ပဂိုးေပးရလုနီးပါးအျဖစ္ ျဖစ္သြားခဲ့ပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ရွိ ေရာ္နယ္ဒိုဟာ တနဂၤေႏြေန႔ညက ဆမ္ဒိုးရီးယားကို ၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ စီးရီးေအအဖြင့္ပြဲမွာ ပါ၀င္ကစားခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္ဟာ နည္းျပသစ္ပီယာလုိရဲ႕ပြဲဦးထြက္မွာ လူငယ္ကစားသမား ကူလူဆက္ဗ္စကီးရဲ႕ဦးေဆာင္ဂိုးနဲ႔ ေစာေစာစီးစီးဦးေဆာင္ကစားႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့ ဒုတိယပုိင္းမွာ အသင္းအတြက္ အဆုံးသတ္ဂိုးသြင္းယူခဲ့တဲ့ ေရာ္နယ္ဒိုက ပထမပိုင္းၿပီးခါနီးမွာ မမွားသင့္တဲ့အမွားက်ဴးလြန္မိခဲ့ၿပီး သူ႕ရဲ႕ no-look passe ကေန ၿပိဳင္ဘက္ ဆမ္ဒိုးရီးယားအသင္းသားတစ္ဦးက ၾကားျဖတ္လုယူသြားပါတယ္။

ဆမ္ဒိုးရီးယားအသင္းက အခ်ိန္ျဖဳန္းမေနဘဲ အဲဒီျဖစ္ရပ္ကေန တန္ျပန္တုိက္စစ္ဆင္ႏိုင္ခဲ့ၿပီး ေထာင့္ျဖတ္ကန္သြင္းခဲ့ေပမယ့္ ဂိုးတုိင္ေဘးက ကပ္ထြက္သြားခဲ့လုိ႔သာ ေခ်ပဂိုးမရခဲ့တာျဖစ္ပါတယ္။ အဲဒီမွာ ပရိသတ္တစ္ဦးက ေရာ္နယ္ဒိုရဲ႕ ထင္သလုိျဖစ္မလာခဲ့တဲ့ no-look passe နဲ႔ ဘာစီလုိနာအတြက္ သိပ္မၾကာေသးခင္က no-look passe လုပ္ျပသြားတဲ့ မက္ဆီရဲ႕အေျခအေနကို ယွဥ္ထိုးထားတဲ့ ဗီဒီယိုဖုိင္တစ္ခု လူမႈမီဒီယာမွာ တင္လုိက္ပါတယ္။

အသက္ ၃၃ ႏွစ္အရြယ္ရွိ မက္ဆီဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္က ဂီ႐ိုနာနဲ႔ကစားခဲ့တဲ့ေျခစမ္းပြဲမွာ ဘာစီလုိနာအသင္း ဦးေဆာင္ဂုိးသြင္းယူႏိုင္ေရးအတြက္ Build-up လုပ္ရာမွာ no-look passe နဲ႔ လူငယ္ကစားသမား ထရင္ကာအိုရဲ႕ေျပးလမ္းထဲ အပိုင္ခင္းေပးလုိက္တာျဖစ္ၿပီး ထရင္ကာအိုရဲ႕ေပးပို႔မႈကေန ေကာ္တင္ညိဳက ဂိုးသမားမရိွိေတာ့တဲ့ဂိုးေပါက္ထဲ အသာပိတ္သြင္းသြားတာပါ။ ဘာစီလုိနာဟာ အဲဒီပြဲမွာ ၃-၁ ဂိုးနဲ႔အႏိုင္ယူခဲ့ၿပီး မက္ဆီလည္း ပင္နယ္တီဧရိယာအျပင္ဘက္ကေန သူအားမသန္တဲ့ ညာေျခနဲ႔ပဲ ၂ဂိုးစလုံး ကန္သြင္းယူသြားတာပါ။

ေရာ္နယ္ဒိုကလည္း ဆမ္ဒိုးရီးယားနဲ႔ပြဲမွာ အဆုံးသတ္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဂ်ဴဗင္တပ္စ္တုိက္စစ္ကို တစ္ခ်ိန္လုံးဦးေဆာင္ကစားကာ သူ႕ရဲ႕ဘယ္ေျခနဲ႔အျပင္းကန္သြင္းခ်က္က ဘားတန္းထိထြက္ခဲ့လု႔ိသာ တစ္ဂုိးပဲ ရခဲ့တာျဖစ္ပါတယ္။