ရော်နယ်ဒိုနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ဖို့ ပြောလာတဲ့ လူကာကူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ လူကာကူက သူ့ကို နာမည်ကျော် ဘောလုံးသမားဖြစ်တဲ့ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ နှိုင်းယှဉ်မှုတွေ လုပ်ဆောင်နေတာဟာ သူ့အတွက်တော့ ထိုက်တန်မှု မရှိလှဘဲ

အဲဒီလို နှိုင်းယှဉ်ခံရဖို့အတွက် သူ့အနေနဲ့ အများကြီး စွမ်းဆောင်နိုင်ဖို့ လိုအပ်နေသေးကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့ ၁၁၀ ဂိုး မြောက်နဲ့ ၁၁၁ ဂိုးမြောက် သွင်းဂိုးတွေကို ရယူသွားခဲ့ပါပြီ။ လူကာကူကတော့ သွင်းဂိုး ၆၆ ဂိုး ရထားပြီဖြစ်ပါတယ်။

သူတို့ နှစ်ဦးဟာ စီးရီးအေကလပ်တွေဖြစ်တဲ့ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်တို့မှာ ကစားခဲ့စဉ် စီးရီးအေ ဂိုးသွင်းဘုရင်ဆုအတွက် အပြိုင်အဆိုင် ဖြစ်ခဲ့ကြသေးတာပါ။

လူကာကူက “ကျွန်တော့်ကို ရော်နယ်ဒိုနဲ့ ဘယ်တော့မှ ထပ်ပြီး မနှိုင်းယှဉ်ကြပါနဲ့။

ကျွန်တော့်အတွက်ဆိုရင်တော့ ရော်နယ်ဒိုက ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမား(၃)ယောက်ထဲမှာ တစ်ယောက်အပါအဝင်ပါ။

သူ့ကို အဲဒီ(၃)ယောက်ထဲမှာ အဆင့်ဘယ်လောက်လဲဆိုတာကို မသတ်မှတ်ချင်ပေမယ့် သူက အကောင်းဆုံး (၃)ယောက်ထဲမှာတော့ ပါဝင်နေပါတယ်။

အခု သူရရှိနေတဲ့ အောင်မြင်မှုတွေက ကျွန်တော်တို့မျိုးဆက်က ဘောလုံးသမားတွေအတွက် မျှော်လင့်ချင်စရာပါ။

သူနဲ့ ကျွန်တော် အီတလီမြေမှာ ရင်ဆိုင်ကစားခဲ့ရတာ အရမ်းကံကောင်းခဲ့ရသလို အခုလည်း သူက ပရီးမီးယားလိဂ်ကို ပြန်ရောက်လာပြီဆိုတော့ ပိုပြီးဝမ်းသာမိပါတယ်။

အချက်အလက်တွေနဲ့ နှိုင်းယှဉ်တာမျိုးတွေနဲ့ ကျန်တာတွေကတော့ ဘာမှ အသုံးမဝင်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒိုက မနှစ်တုန်းက စီးရီးအေမှာ သွင်းဂိုး ၂၉ ဂိုး ရခဲ့ပြီး လူကာကူကတော့ သွင်းဂိုး ၂၄ ဂိုး ရခဲ့တာဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ သူတို့ နှစ်ဦး သွင်းဂိုး ဘယ်လောက် သွင်းယူမလဲ ဆိုတဲ့ နှိုင်းယှဉ် ဆွေးနွေးမှုတွေ ရှိနေပေမယ့် အဲ့လို နှိုင်းယှဉ်မှုတွေကို အလိုမရှိဘူးလို့ လူကာကူက ထုတ်ပြောခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒိုနဲ႔ ဘယ္ေတာ့မွ မႏႈိင္းယွဥ္ဖို႔ ေျပာလာတဲ့ လူကာကူ

ခ်ယ္လ္ဆီးအသင္းရဲ႕ တိုက္စစ္ကစားသမားျဖစ္သူ လူကာကူက သူ႔ကို နာမည္ေက်ာ္ ေဘာလုံးသမားျဖစ္တဲ့ ယူႏိုက္တက္ တိုက္စစ္မႉး ေရာ္နယ္ဒိုနဲ႔ ႏႈိင္းယွဥ္မႈေတြ လုပ္ေဆာင္ေနတာဟာ သူ႔အတြက္ေတာ့ ထိုက္တန္မႈ မရွိလွဘဲ အဲဒီလို ႏႈိင္းယွဥ္ခံရဖို႔အတြက္ သူ႔အေနနဲ႔ အမ်ားႀကီး စြမ္းေဆာင္ႏိုင္ဖို႔ လိုအပ္ေနေသးေၾကာင္း ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ သူ႔ရဲ႕ ၁၁၀ ဂိုး ေျမာက္နဲ႔ ၁၁၁ ဂိုးေျမာက္ သြင္းဂိုးေတြကို ရယူသြားခဲ့ပါၿပီ။ လူကာကူကေတာ့ သြင္းဂိုး ၆၆ ဂိုး ရထားၿပီျဖစ္ပါတယ္။ သူတို႔ ႏွစ္ဦးဟာ စီးရီးေအကလပ္ေတြျဖစ္တဲ့ ဂ်ဴဗင္တပ္စ္နဲ႔ အင္တာမီလန္တို႔မွာ ကစားခဲ့စဥ္ စီးရီးေအ ဂိုးသြင္းဘုရင္ဆုအတြက္ အၿပိဳင္အဆိုင္ ျဖစ္ခဲ့ၾကေသးတာပါ။

လူကာကူက “ကြၽန္ေတာ့္ကို ေရာ္နယ္ဒိုနဲ႔ ဘယ္ေတာ့မွ ထပ္ၿပီး မႏႈိင္းယွဥ္ၾကပါနဲ႔။ ကြၽန္ေတာ့္အတြက္ဆိုရင္ေတာ့ ေရာ္နယ္ဒိုက ေဘာလုံးေလာကရဲ႕ အေကာင္းဆုံး ကစားသမား(၃)ေယာက္ထဲမွာ တစ္ေယာက္အပါအဝင္ပါ။ သူ႔ကို အဲဒီ(၃)ေယာက္ထဲမွာ အဆင့္ဘယ္ေလာက္လဲဆိုတာကို မသတ္မွတ္ခ်င္ေပမယ့္ သူက အေကာင္းဆုံး (၃)ေယာက္ထဲမွာေတာ့ ပါဝင္ေနပါတယ္။ အခု သူရရွိေနတဲ့ ေအာင္ျမင္မႈေတြက ကြၽန္ေတာ္တို႔မ်ိဳးဆက္က ေဘာလုံးသမားေတြအတြက္ ေမွ်ာ္လင့္ခ်င္စရာပါ။ သူနဲ႔ ကြၽန္ေတာ္ အီတလီေျမမွာ ရင္ဆိုင္ကစားခဲ့ရတာ အရမ္းကံေကာင္းခဲ့ရသလို အခုလည္း သူက ပရီးမီးယားလိဂ္ကို ျပန္ေရာက္လာၿပီဆိုေတာ့ ပိုၿပီးဝမ္းသာမိပါတယ္။ အခ်က္အလက္ေတြနဲ႔ ႏႈိင္းယွဥ္တာမ်ိဳးေတြနဲ႔ က်န္တာေတြကေတာ့ ဘာမွ အသုံးမဝင္ပါဘူး” လို႔ ရွင္းလင္းေျပာဆိုသြားခဲ့ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ ေရာ္နယ္ဒိုက မႏွစ္တုန္းက စီးရီးေအမွာ သြင္းဂိုး ၂၉ ဂိုး ရခဲ့ၿပီး လူကာကူကေတာ့ သြင္းဂိုး ၂၄ ဂိုး ရခဲ့တာျဖစ္ပါတယ္။ ဒီရာသီ ပရီးမီးယားလိဂ္မွာ သူတို႔ ႏွစ္ဦး သြင္းဂိုး ဘယ္ေလာက္ သြင္းယူမလဲ ဆိုတဲ့ ႏႈိင္းယွဥ္​ ​ေဆြးေႏြးမႈေတြ ရွိေနေပမယ့္ အဲ့လို ႏႈိင္းယွဥ္မႈေတြကို အလိုမရွိဘူးလို႔ လူကာကူက ထုတ္ေျပာခဲ့တာပါ။