ရော်နယ်ဒိုနဲ့ ဂျူဗင်တပ်စ် လမ်းခွဲတော့မှာလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဂျူဗင်တပ်စ်နဲ့ ရော်နယ်ဒိုတို့ရဲ့ ချန်ပီယံလိဂ်အိပ်မက်မျှော်လင့်ချက်တွေဟာ ဒီရာသီမှာလည်း ၁၆ သင်းအဆင့်မှာတင် ပျက်စီးခဲ့ရပြီဖြစ်ပါတယ်။ ပထမအကျော့မှာ ပေါ်တိုကို အရေးနိမ့်ထားခဲ့တဲ့ ဂျူဗီတို့ အိမ်ကွင်းမှာ ၂-၁ နဲ့ ပြန်အနိုင်ယူခဲ့ကာ အချိန်ပိုအထိ ဆက်လက်ကစားခဲ့ရပေမယ့်လည်း အိမ်ကွင်းပေးဂိုး ၂ဂိုးအထိ ပေးခဲ့ရလို့ ထွက်ခွာခဲ့ရပါတယ်။

ပွဲချိန် ၁၈မိနစ်မှာ ပေါ်တိုက ဦးဆောင်ဂိုး ရသွားပြီး တာရီမီကို ဒီမီရယ် ဧရိယာထဲ ကစားပုံကြမ်းတာကြောင့် ပင်နယ်တီ ရခဲ့ကာ အိုလီဗီယာရာက တည်ငြိမ်စွာ ကန်သွင်းခဲ့ပါတယ်။ ဒုတိယပိုင်းစစချင်းမှာတော့ ချီဆာက အနီးကပ် ပိတ်သွင်းကာ ဂျူဗီအတွက် ချေပဂိုး ရယူပေးခဲ့ပါတယ်။ ၆၃မိနစ်မှာ ချီဆာက ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။ ၂ကျော့စလုံး ၂-၁ဂိုးတွေချည်းဖြစ်နေလို့ အချိန်ပို ဆက်ကစားခဲ့ရပါတယ်။

အချိန်ပိုမှာတော့ ပေါ်တိုက နောက်တစ်ဂိုးသွင်းယူခဲ့ကာ အခြေအနေကောင်းပိုင်ဆိုင်ခဲ့ပါတယ်။ရာဘီယော့က ဂျူဗီအတွက် အနိုင်ဂိုးတစ်ဂိုးပြန်သွင်းခဲ့ပေမယ့်လည်း အဝေးဂိုးသာတဲ့ ပေါ်တိုက နောက်တစ်ဆင့်တက်သွားခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ရော်နယ်ဒိုကို ခေါ်ယူပြီးနောက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ၃နှစ်ဆက် ကျော်ဖြတ် နိုင်ခဲ့ခြင်း မရှိပါဘူး။

ရော်နယ်ဒို ရောက်မလာခင်က ဂျူဗင်တပ်စ်ဟာ ၄နှစ်အတွင်း ဗိုလ်လုပွဲ ၂ကြိမ်အထိ တက်ရောက် ထားနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုအတွက်လည်း မတူညီတဲ့ကလပ်အသင်းသုံးသင်းနဲ့ ချန်ပီယံလိဂ်ဖလားရယူဖို့၊ ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ်မြောက်ရယူဖို့ ရည်မှန်းချက်တွေ ပျက်စီးခဲ့ရပါပြီ။

အခုဆိုရင်တော့ ပြိုင်ပွဲရှူံးနိမ့်မှု၊ အစောပိုင်းတုန်းက သတင်းထွက်ထားတဲ့ ကိုဗစ်စီးပွားရေးဆိုင်ရာ အကျပ်အတည်းတွေကြောင့် ဂျူဗီနဲ့ ရော်နယ်ဒိုတို့ကြား လမ်းခွဲအက်ကြောင်းတွေပိုများ လာခဲ့ပါပြီ။ ဒိုလေးရဲ့ အနာဂတ်ကစားသမားဘဝကို ဆက်လက်စောင့်ကြည့်အားပေးရအောင်ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေရာ္နယ္ဒိုနဲ႔ ဂ်ဴဗင္တပ္စ္ လမ္းခြဲေတာ့မွာလား

ဂ်ဴဗင္တပ္စ္နဲ႔ ေရာ္နယ္ဒိုတို႔ရဲ႕ ခ်န္ပီယံလိဂ္အိပ္မက္ေမွ်ာ္လင့္ခ်က္ေတြဟာ ဒီရာသီမွာလည္း ၁၆ သင္းအဆင့္မွာတင္ ပ်က္စီးခဲ့ရၿပီျဖစ္ပါတယ္။ ပထမအေက်ာ့မွာ ေပၚတိုကို အေရးနိမ့္ထားခဲ့တဲ့ ဂ်ဴဗီတို႔ အိမ္ကြင္းမွာ ၂-၁ နဲ႔ ျပန္အႏိုင္ယူခဲ့ကာ အခ်ိန္ပိုအထိ ဆက္လက္ကစားခဲ့ရေပမယ့္လည္း အိမ္ကြင္းေပးဂိုး ၂ဂိုးအထိ ေပးခဲ့ရလို႔ ထြက္ခြာခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၈မိနစ္မွာ ေပၚတိုက ဦးေဆာင္ဂိုး ရသြားၿပီး တာရီမီကို ဒီမီရယ္ ဧရိယာထဲ ကစားပုံၾကမ္းတာေၾကာင့္ ပင္နယ္တီ ရခဲ့ကာ အိုလီဗီယာရာက တည္ၿငိမ္စြာ ကန္သြင္းခဲ့ပါတယ္။ ဒုတိယပိုင္းစစခ်င္းမွာေတာ့ ခ်ီဆာက အနီးကပ္ ပိတ္သြင္းကာ ဂ်ဴဗီအတြက္ ေခ်ပဂိုး ရယူေပးခဲ့ပါတယ္။

၆၃မိနစ္မွာ ခ်ီဆာက ဦးေဆာင္ဂိုး သြင္းခဲ့ပါတယ္။ ၂ေက်ာ့စလုံး ၂-၁ဂိုးေတြခ်ည္းျဖစ္ေနလို႔ အခ်ိန္ပို ဆက္ကစားခဲ့ရပါတယ္။အခ်ိန္ပိုမွာေတာ့ ေပၚတိုက ေနာက္တစ္ဂိုးသြင္းယူခဲ့ကာ အေျခအေနေကာင္းပိုင္ဆိုင္ခဲ့ပါတယ္။ရာဘီေယာ့က ဂ်ဴဗီအတြက္ အႏိုင္ဂိုးတစ္ဂိုးျပန္သြင္းခဲ့ေပမယ့္လည္း အေဝးဂိုးသာတဲ့ ေပၚတိုက ေနာက္တစ္ဆင့္တက္သြားခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဟာ ေရာ္နယ္ဒိုကို ေခၚယူၿပီးေနာက္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ကို ၃ႏွစ္ဆက္ ေက်ာ္ျဖတ္ ႏိုင္ခဲ့ျခင္း မရွိပါဘူး။ ေရာ္နယ္ဒို ေရာက္မလာခင္က ဂ်ဴဗင္တပ္စ္ဟာ ၄ႏွစ္အတြင္း ဗိုလ္လုပြဲ ၂ႀကိမ္အထိ တက္ေရာက္ ထားႏိုင္ခဲ့ပါတယ္။ ေရာ္နယ္ဒိုအတြက္လည္း မတူညီတဲ့ကလပ္အသင္းသုံးသင္းနဲ႔ ခ်န္ပီယံလိဂ္ဖလားရယူဖို႔၊ ခ်န္ပီယံလိဂ္ဖလားကို ၆ ႀကိမ္ေျမာက္ရယူဖို႔ ရည္မွန္းခ်က္ေတြ ပ်က္စီးခဲ့ရပါၿပီ။

အခုဆိုရင္​ေတာ့ ၿပိဳင္ပြဲရႉံးနိမ့္မႈ၊ အ​ေစာပိုင္းတုန္းက သတင္းထြက္ထားတဲ့ ကိုဗစ္စီးပြား​ေရးဆိုင္ရာ အက်ပ္အတည္း​ေတြ​ေၾကာင့္ ဂ်ဴဗီနဲ႔ ေရာ္နယ္ဒိုတို႔ၾကား လမ္းခြဲအက္​ေၾကာင္း​ေတြပိုမ်ား လာခဲ့ပါၿပီ။ ဒို​ေလးရဲ႕ အနာဂတ္ကစားသမားဘ၀ကို ဆက္လက္​ေစာင့္ၾကည့္အား​ေပးရ​ေအာင္ပါ။