ရော်နယ်ဒိုနဲ့ ဂါရတ်ဘေးလ်တို့ကို ခေါ်ယူဖို့ ဖာဂူဆန် သေချာသလောက်ရှိခဲ့တယ်လို့ အီဗရာ ထုတ်ဖော်ပြောဆို

Photo Credit

ယူနိုက်တက်ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်အနေနဲ့ ၂၀၁၃ ခုနှစ်က နည်းပြလောကကနေ အနားမယူခင် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုကို ပြန်ခေါ်ဖို့နဲ့ စပါးကနေ တိုက်စစ်မှူး ဂါရတ်ဘေးလ်ကို ခေါ်ယူနိုင်ဖို့ ၉၉ရာခိုင်နှုန်း သေချာခဲ့တယ်လို့ ယူနိုက်တက်ဘယ်နောက်ခံလူဟောင်း အီဗရာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ စကော့တလန်နိုင်ငံသား ဖာဂူဆန်ဟာ ယခင်က နည်းပြလောကကနေ အနားယူမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ၂၀၁၃ နွေရာသီမှာတော့ ၂၇နှစ်ကြာ ယူနိုက်တက်နည်းပြဘဝကို အဆုံးသတ်ခဲ့ပါတယ်။

Photo Credit

ဖာဂူဆန်ရဲ့ခေါ်ဆောင်မှုနဲ့ ယူနိုက်တက်ကို ရောက်လာခဲ့တဲ့ အီဗရာအပါအဝင် အသင်းသားတွေဟာ ပရီးမီးယားလိဂ်ဆုဖလား ၁၃ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ကြိမ်အပါအဝင် အောင်မြင်မှုအများအပြား ရယူနိုင်ခဲ့တဲ့ ဖာဂူဆန် အနားယူတဲ့သတင်းကို အံ့အားသင့်ခဲ့ပါတယ်။ အီဗရာက ဖာဂူဆန်အနေနဲ့ ကြယ်ပွင့်တိုက်စစ်မှူး ၂ဦးကို ခေါ်ယူဖို့လည်း ကြိုးစားခဲ့သေးကြောင်း ပြောပါတယ်။

Photo Credit

အဲဒီနောက် ရော်နယ်ဒိုဟာ ဘာနေဗျူးမှာပဲ ဆက်ကစားခဲ့ပြီး ရီးရဲလ်မှာ ဂါရတ်ဘေးလ်နဲ့အတူ အောင်မြင်မှုအများအပြား ရယူနိုင်ခဲ့ပါတယ်။ ”ကျွန်တော့်ရဲ့ယူနိုက်တက်ကစားသမားဘ၀ အခက်ခဲဆုံးကာလတစ်ခုကို ပြန်ပြောနေရတာပါ။ ၂ပတ်အလိုမှာ မီဒီယာတွေက နောက်နှစ်မှာ ဖာဂူဆန်အနားယူတော့မယ်လို့ ထင်ကြေးပေးနေချိန် သူက ကျွန်တော့်ကို ပြောပါတယ်။ ‘ပက်ထရစ်ရေ…ငါဘယ်တော့မှ အနားမယူဘူး။ ဒီမှာ နောက်၁၀နှစ် ဆက်ရှိနေဦးမှာ’လို့ ပြောပါတယ်”

Photo Credit

”ပြီးတော့ သူက ဆက်ပြောပါသေးတယ်။ ‘ငါ့ရဲ့ရည်မှန်းချက်ကလည်း ၉၉ ရာခိုင်နှုန်းသေချာနေပြီ။ အဲဒါက ဘာလဲဆိုတော့ အသင်းမှာ ရော်နယ်ဒိုနဲ့ ဂါရတ်ဘေးလ်တို့ ရှိနေဖို့ပဲ။ ချန်ပီယံလိဂ်ဖလား ထပ်ရဖို့ သူတို့နှစ်ယောက်ပဲ ထပ်ဖြည့်ရတော့မှာလေ။ ၉၉ရာခိုင်နှုန်း သေချာတယ် သူတို့လာဖို့ပေါ့’လို့ ဖာဂူဆန်က ကျွန်တော့်ကို ပြောပါတယ်။ အရိုးသားဆုံးပြောရရင် ရော်နယ်ဒိုနဲ့လည်း စကားပြောဖြစ်ခဲ့ပါတယ်”

Photo Credit

”သူ့ကို ဒီအကြောင်း မေးဖြစ်တော့ ရော်နယ်ဒိုက ဖာဂူဆန်ကို အသိပေးထားတဲ့အကြောင်း၊ ယူနိုက်တက်ကို ပြန်လာမယ့်အကြောင်း ကျွန်တော့်ကို အသိပေးပါတယ်။ ဒီအတိုင်းပဲ ကျွန်တော့်ကိုပြောတာပါ”လို့ အီဗရာက ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး အီဗရာက ဖာဂူဆန် အနားယူမှုနဲ့ပတ်သက်လို့ ”၂ပတ်နေတော့ ကျွန်တော်တို့အားလုံး အဝတ်လဲခန်းထဲ စောင့်နေခဲ့ပါတယ်”

Photo Credit

”ကာရင်တန်ကို ရောက်လာတော့ ကင်မရာတွေကလည်း အများကြီးပဲ။ အဝတ်လဲခန်းထဲမှာ ဖာဂူဆန်က ‘ငါတကယ်ပဲစိတ်မကောင်းဖြစ်မိပါတယ်။ တချို့က ငါဘာမှမပြောရသေးခင် ငါ အနားယူတော့မယ်လို့ ပြောနေကြတယ်။ ဒီအတွက်ကြောင့်ပဲ မင်းတို့ ကင်မရာတွေ တွေ့ခဲ့တာပေါ့။ ဒါပေမဲ့ ငါအနားယူတော့မယ်။ ငါ့မိန်းမက ငါ့ကိုလိုအပ်နေတယ်လေ။ ဗန်ပါစီနဲ့ ကာဂါဝါတို့ကို သေသေချာချာလေးတောင်းပန်တယ်။ ဒါကလည်း သူတို့နှစ်ယောက်ကို ဖာဂူဆန် ခေါ်ထားတာ သိပ်မကြာသေးလို့ပါ”လို့ ပြောပါတယ်။

Photo Credit

Zawgyi

ေရာ္နယ္ဒိုနဲ႔ ဂါရတ္ေဘးလ္တုိ႔ကို ေခၚယူဖို႔ ဖာဂူဆန္ ေသခ်ာသေလာက္ရွိခဲ့တယ္လုိ႔ အီဗရာ ထုတ္ေဖာ္ေျပာဆို

ယူႏုိက္တက္ဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္အေနနဲ႔ ၂၀၁၃ ခုႏွစ္က နည္းျပေလာကကေန အနားမယူခင္ ရီးရဲလ္မက္ဒရစ္တုိက္စစ္မွဴး ေရာ္နယ္ဒိုကို ျပန္ေခၚဖို႔နဲ႔ စပါးကေန တုိက္စစ္မွဴး ဂါရတ္ေဘးလ္ကို ေခၚယူႏုိင္ဖို႔ ၉၉ရာခုိင္ႏႈန္း ေသခ်ာခဲ့တယ္လုိ႔ ယူႏိုက္တက္ဘယ္ေနာက္ခံလူေဟာင္း အီဗရာက ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။ စေကာ့တလန္ႏိုင္ငံသား ဖာဂူဆန္ဟာ ယခင္က နည္းျပေလာကကေန အနားယူမယ္လုိ႔ သတင္းေတြထြက္ေပၚခဲ့ၿပီးေနာက္ ၂၀၁၃ ေႏြရာသီမွာေတာ့ ၂၇ႏွစ္ၾကာ ယူႏုိက္တက္နည္းျပဘ၀ကို အဆုံးသတ္ခ့ဲပါတယ္။
ဖာဂူဆန္ရဲ႕ေခၚေဆာင္မႈနဲ႔ ယူႏုိက္တက္ကို ေရာက္လာခဲ့တဲ့ အီဗရာအပါအ၀င္ အသင္းသားေတြဟာ ပရီးမီးယားလိဂ္ဆုဖလား ၁၃ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၂ႀကိမ္အပါအ၀င္ ေအာင္ျမင္မႈအမ်ားအျပား ရယူႏုိင္ခဲ့တဲ့ ဖာဂူဆန္ အနားယူတဲ့သတင္းကို အံ့အားသင့္ခဲ့ပါတယ္။ အီဗရာက ဖာဂူဆန္အေနနဲ႔ ၾကယ္ပြင့္တုိက္စစ္မွဴး ၂ဦးကို ေခၚယူဖုိ႔လည္း ႀကိဳးစားခဲ့ေသးေၾကာင္း ေျပာပါတယ္။
အဲဒီေနာက္ ေရာ္နယ္ဒိုဟာ ဘာေနဗ်ဴးမွာပဲ ဆက္ကစားခဲ့ၿပီး ရီးရဲလ္မွာ ဂါရတ္ေဘးလ္နဲ႔အတူ ေအာင္ျမင္မႈအမ်ားအျပား ရယူႏုိင္ခဲ့ပါတယ္။ ”ကၽြန္ေတာ့္ရဲ႕ယူႏုိက္တက္ကစားသမားဘ၀ အခက္ခဲဆုံးကာလတစ္ခုကို ျပန္ေျပာေနရတာပါ။ ၂ပတ္အလုိမွာ မီဒီယာေတြက ေနာက္ႏွစ္မွာ ဖာဂူဆန္အနားယူေတာ့မယ္လုိ႔ ထင္ေၾကးေပးေနခ်ိန္ သူက ကၽြန္ေတာ့္ကို ေျပာပါတယ္။ ‘ပက္ထရစ္ေရ…ငါဘယ္ေတာ့မွ အနားမယူဘူး။ ဒီမွာ ေနာက္၁၀ႏွစ္ ဆက္ရွိေနဦးမွာ’လုိ႔ ေျပာပါတယ္”
”ၿပီးေတာ့ သူက ဆက္ေျပာပါေသးတယ္။ ‘ငါ့ရဲ႕ရည္မွန္းခ်က္ကလည္း ၉၉ ရာခုိင္ႏႈန္းေသခ်ာေနၿပီ။ အဲဒါက ဘာလဲဆုိေတာ့ အသင္းမွာ ေရာ္နယ္ဒိုနဲ႔ ဂါရတ္ေဘးလ္တုိ႔ ရွိေနဖို႔ပဲ။ ခ်န္ပီယံလိဂ္ဖလား ထပ္ရဖို႔ သူတုိ႔ႏွစ္ေယာက္ပဲ ထပ္ျဖည့္ရေတာ့မွာေလ။ ၉၉ရာခိုင္ႏႈန္း ေသခ်ာတယ္ သူတုိ႔လာဖုိ႔ေပါ့’လုိ႔ ဖာဂူဆန္က ကၽြန္ေတာ့္ကို ေျပာပါတယ္။ အ႐ိုးသားဆုံးေျပာရရင္ ေရာ္နယ္ဒိုနဲ႔လည္း စကားေျပာျဖစ္ခဲ့ပါတယ္”
”သူ႕ကို ဒီအေၾကာင္း ေမးျဖစ္ေတာ့ ေရာ္နယ္ဒိုက ဖာဂူဆန္ကို အသိေပးထားတဲ့အေၾကာင္း၊ ယူႏုိက္တက္ကို ျပန္လာမယ့္အေၾကာင္း ကၽြန္ေတာ့္ကို အသိေပးပါတယ္။ ဒီအတိုုင္းပဲ ကၽြန္ေတာ့္ကိုေျပာတာပါ”လုိ႔ အီဗရာက ရွင္းလင္းေျပာၾကားခဲ့ပါတယ္။ ဆက္လက္ၿပီး အီဗရာက ဖာဂူဆန္ အနားယူမႈနဲ႔ပတ္သက္လုိ႔ ”၂ပတ္ေနေတာ့ ကၽြန္ေတာ္တုိ႔အားလုံး အ၀တ္လဲခန္းထဲ ေစာင့္ေနခဲ့ပါတယ္”
”ကာရင္တန္ကုိ ေရာက္လာေတာ့ ကင္မရာေတြကလည္း အမ်ားႀကီးပဲ။ အ၀တ္လဲခန္းထဲမွာ ဖာဂူဆန္က ‘ငါတကယ္ပဲစိတ္မေကာင္းျဖစ္မိပါတယ္။ တခ်ိဳ႕က ငါဘာမွမေျပာရေသးခင္ ငါ အနားယူေတာ့မယ္လုိ႔ ေျပာေနၾကတယ္။ ဒီအတြက္ေၾကာင့္ပဲ မင္းတုိ႔ ကင္မရာေတြ ေတြ႕ခဲ့တာေပါ့။ ဒါေပမဲ့ ငါအနားယူေတာ့မယ္။ ငါ့မိန္းမက ငါ့ကိုလိုအပ္ေနတယ္ေလ။ ဗန္ပါစီနဲ႔ ကာဂါ၀ါတုိ႔ကို ေသေသခ်ာခ်ာေလးေတာင္းပန္တယ္။ ဒါကလည္း သူတို႔ႏွစ္ေယာက္ကို ဖာဂူဆန္ ေခၚထားတာ သိပ္မၾကာေသးလုိ႔ပါ”လုိ႔ ေျပာပါတယ္။