ရော်နယ်ဒိုနဲ့ဟယ်ရီကိန်းတို့ရဲ့တိုက်စစ်တွဲလုံးကို ဂျူဗင်တပ်စ်မှာ မြင်တွေ့ရဖွယ်ရှိနေ

Photo Credit

အီတလီသတင်းဌာနတွေရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်နွေရာသီအတွင်း စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူပြီး အသင်းရဲ့တိုက်စစ်မှာ ရော်နယ်ဒိုနဲ့ ဟယ်ရီကိန်းတွဲလုံးကို ဖန်တီးဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

Photo Credit

စပါးဟာ ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ လိုက်ပ်ဇစ်ကို နှစ်ကျော့ပေါင်း ၄-၀ ဂိုးနဲ့အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးဖြစ်သလို ပရီးမီးယားလိဂ်မှာလည်း နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်နေရပါတယ်။ ဂျူဗင်တပ်စ်က အဲဒီအခြေအနေကို အသုံးချကာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ စီစဉ်လာတာဖြစ်ပါတယ်။

Photo Credit

ဂျူဗင်တပ်စ်က ဟယ်ရီကိန်းကို ဘန်ဇီးမားလက်သစ်အဖြစ် ရော်နယ်ဒိုနဲ့ တွဲကစားစေလိုတာဖြစ်ပြီး ရီးရဲလ်မှာ ဘန်ဇီးမားနဲ့ ရော်နယ်ဒိုတို့ အတွဲညီခဲ့သလိုမျိုး ဟယ်ရီကိန်းက ပြိုင်ဘက်ခံစစ်ကို အလုပ်ပိုရှုပ်စေချိန်မှာ ရော်နယ်ဒိုက ဘယ်ညာတောင်ပံတွေကနေ လွတ်လွတ်လပ်လပ်ကစားခဲ့တာဖြစ်ပါတယ်။

Photo Credit

ဂျူဗင်တပ်စ်ဟာ တိုက်စစ်ပိုင်းမှာ ရော်နယ်ဒိုနဲ့ ဒီဘားလားတို့ပဲ အားထားနေရလို့ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ ယခင်ကတည်းက သတင်းတွေထွက်ပေါ်နေခဲ့ပြီး အင်တာမီလန်ကနေ ပီအက်စ်ဂျီကို အငှားသွားကစားနေတဲ့ အီကာဒီအပြင် စီးတီးတိုက်စစ်မှူး ဂျီးဆပ်စ်နဲ့ လိုက်ပ်ဇစ်တိုက်စစ်မှူး ဝါနာတို့လည်း ပါဝင်နေပါတယ်။

Photo Credit

ဟယ်ရီကိန်းဟာ စပါးမှာ အောင်မြင်မှုရဖို့ ရုန်းကန်နေရပြီး နောက်ဆုံး ၈နှစ်ဆက်စီးရီးအေချန်ပီယံဖြစ်ထားတဲ့ ဂျူဗင်တပ်စ်က အောင်မြင်မှုရဖို့ သေချာတဲ့အချက်နဲ့အတူ ဆွဲဆောင်နေပါတယ်။ ဟယ်ရီကိန်းဟာ လက်ရှိအချိန်မှာ တံကောက်ကြောဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာဖို့ ကြိုးစားနေရပြီး နှစ်သစ်ကူးပွဲစဉ်နောက်ပိုင်း အနားယူနေရပါတယ်။

Photo Credit

အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ယခုလိုဒဏ်ရာမရခင် စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၁၇ဂိုးသွင်းယူပေးထားတဲ့အနက် ပရီးမီးယားလိဂ်မှာ ၁၁ဂိုးနဲ့ ချန်ပီယံလိဂ်မှာ ၆ဂိုးသွင်းယူပေးထားတာဖြစ်ပါတယ်။

Photo Credit

Zawgyi

ေရာ္နယ္ဒိုနဲ႔ဟယ္ရီကိန္းတုိ႔ရဲ႕တုိက္စစ္တြဲလုံးကို ဂ်ဴဗင္တပ္စ္မွာ ျမင္ေတြ႕ရဖြယ္ရွိေန

အီတလီသတင္းဌာနေတြရဲ႕ေဖာ္ျပခ်က္အရ ဂ်ဴဗင္တပ္စ္အသင္းဟာ လာမယ့္ေႏြရာသီအတြင္း စပါးတုိက္စစ္မွဴး ဟယ္ရီကိန္းကို ေခၚယူၿပီး အသင္းရဲ႕တိုက္စစ္မွာ ေရာ္နယ္ဒိုနဲ႔ ဟယ္ရီကိန္းတဲြလုံးကို ဖန္တီးဖို႔ စိတ္အားထက္သန္ေနတယ္လုိ႔ သိရပါတယ္။
စပါးဟာ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္မွာ လိုက္ပ္ဇစ္ကို ႏွစ္ေက်ာ့ေပါင္း ၄-၀ ဂိုးနဲ႔အေရးနိမ့္ကာ ၿပိဳင္ပဲြကေန ထြက္ခဲ့ရၿပီးျဖစ္သလုိ ပရီးမီးယားလိဂ္မွာလည္း ေနာက္ရာသီခ်န္ပီယံလိဂ္၀င္ခြင့္ရဖို႔ ႐ုန္းကန္ေနရပါတယ္။ ဂ်ဴဗင္တပ္စ္က အဲဒီအေျခအေနကို အသုံးခ်ကာ ဟယ္ရီကိန္းကို ေခၚယူဖုိ႔ စီစဥ္လာတာျဖစ္ပါတယ္။
ဂ်ဴဗင္တပ္စ္က ဟယ္ရီကိန္းကို ဘန္ဇီးမားလက္သစ္အျဖစ္ ေရာ္နယ္ဒိုနဲ႔ တဲြကစားေစလုိတာျဖစ္ၿပီး ရီးရဲလ္မွာ ဘန္ဇီးမားနဲ႔ ေရာ္နယ္ဒိုတို႔ အတြဲညီခဲ့သလုိမ်ိဳး ဟယ္ရီကိန္းက ၿပိဳင္ဘက္ခံစစ္ကို အလုပ္ပို႐ႈပ္ေစခ်ိန္မွာ ေရာ္နယ္ဒိုက ဘယ္ညာေတာင္ပံေတြကေန လြတ္လြတ္လပ္လပ္ကစားခဲ့တာျဖစ္ပါတယ္။
ဂ်ဴဗင္တပ္စ္ဟာ တုိက္စစ္ပိုင္းမွာ ေရာ္နယ္ဒိုနဲ႔ ဒီဘားလားတို႔ပဲ အားထားေနရလုိ႔ တုိက္စစ္မွဴးတစ္ဦး ေခၚယူဖုိ႔ ယခင္ကတည္းက သတင္းေတြထြက္ေပၚေနခဲ့ၿပီး အင္တာမီလန္ကေန ပီအက္စ္ဂ်ီကို အငွားသြားကစားေနတဲ့ အီကာဒီအျပင္ စီးတီးတုိက္စစ္မွဴး ဂ်ီးဆပ္စ္နဲ႔ လုိက္ပ္ဇစ္တုိက္္စစ္မွဴး ၀ါနာတုိ႔လည္း ပါ၀င္ေနပါတယ္။
ဟယ္ရီကိန္းဟာ စပါးမွာ ေအာင္ျမင္မႈရဖို႔ ႐ုန္းကန္ေနရၿပီး ေနာက္ဆုံး ၈ႏွစ္ဆက္စီးရီးေအခ်န္ပီယံျဖစ္ထားတဲ့ ဂ်ဴဗင္တပ္စ္က ေအာင္ျမင္မႈရဖုိ႔ ေသခ်ာတဲ့အခ်က္နဲ႔အတူ ဆြဲေဆာင္ေနပါတယ္။ ဟယ္ရီကိန္းဟာ လက္ရွိအခ်ိန္မွာ တံေကာက္ေၾကာဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာဖို႔ ႀကိဳးစားေနရၿပီး ႏွစ္သစ္ကူးပြဲစဥ္ေနာက္ပိုင္း အနားယူေနရပါတယ္။
အဂၤလန္အသင္းေခါင္းေဆာင္ ဟယ္ရီကိန္းဟာ ယခုလိုဒဏ္ရာမရခင္ စပါးအသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၇ဂိုးသြင္းယူေပးထားတဲ့အနက္ ပရီးမီးယားလိဂ္မွာ ၁၁ဂိုးနဲ႔ ခ်န္ပီယံလိဂ္မွာ ၆ဂိုးသြင္းယူေပးထားတာျဖစ္ပါတယ္။