ရော်နယ်ဒိုနဲ့ပတ်သက်လို့ ဆာရီရဲ့အကြောင်းပြချက်ကို လှောင်စရာဖြစ်စေခဲ့တဲ့ပေါ်တူဂီတိုက်စစ်မှူးရဲ့ဖွင့်ဟချက်

Photo Credit

Photo Credit

တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းဖော်တစ်ဦးက ရော်နယ်ဒိုအနေနဲ့ ဘာဒဏ်ရာမှရရှိနေခြင်းမရှိဘူးလို့ အခိုင်အမာပြောကြားလိုက်ရာ ဂျူဗင်တပ်စ်နည်းပြဆာရီရဲ့အကြောင်းပြချက်နဲ့ တိုက်ရိုက်ကြီးဆန့်ကျင်နေပါတယ်။
ဆာရီက ဂျူဗင်တပ်စ်အသင်းရဲ့နောက်ဆုံး ၂ပွဲဆက် ရော်နယ်ဒိုကို လူစားလဲခဲ့ရပြီးနောက် ရီးရဲလ်တိုက်စစ်မှူးဟောင်းအနေနဲ့ ဒူးဒဏ်ရာခံစားနေရတယ်လို့ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

Photo Credit ; Reuters

ရော်နယ်ဒိုဟာ အေစီမီလန်ကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲချိန် ၅၅မိနစ်အရောက် စောစီးစွာလူစားလဲခံခဲ့ရပြီးနောက် ဒေါသတကြီးတုံ့ပြန်ခဲ့ရာ အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရ ဆာရီကို —-မသားလို့ ဆဲဆိုခဲ့ကြောင်း သိရပါတယ်။

Photo Credit ; Getty Images

ဒါပေမဲ့ လစ်သူယေးနီးယား၊ လူဇင်ဘတ်တို့နဲ့ကစားရမယ့် ယူရို ၂၀၂၀ ခြေစစ်ပွဲတွေအတွက် ပေါ်တူဂီအသင်းဆီ ရော်နယ်ဒိုလာရောက်ပူးပေါင်းခဲ့ပြီးနောက် ပေါ်တူဂီတိုက်စစ်မှူး ဂွန်ကာလိုပါစီယန်စီယာက ရော်နယ်ဒိုအနေနဲ့ ဘာဒဏ်ရာမှမရထားကြောင်း အခိုင်အမာဆိုပါတယ်။

Photo Credit

”ကျွန်တော့်အနေနဲ့ ဆရာဝန်တစ်ယောက်မဟုတ်ပေမယ့် သူ့ကို ကြည့်ရတာတော့ အေးဆေးပါပဲ။ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လို့ အရေးကြီးဆုံးအရာက ပေါ်တူဂီအသင်းနဲ့အတူ သူရှိနေတာပါပဲ”လို့ ပါစီယန်စီယာက ပြောပါတယ်။

Photo Credit

ပါစီယန်စီယာရဲ့ပြောစကားက ဆာရီနဲ့ ရော်နယ်ဒိုတို့ကြား အဆင်မပြေဖြစ်နေတယ်ဆိုတဲ့သတင်းတွေကို ပိုမိုအားကောင်းစေခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က လိုကိုမိုတစ်မော်စကိုအသင်းကို ၁-၂ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ ၁-၁ ဂိုးဖြစ်နေချိန် ၈၈မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။

Photo Credit

အသက် ၃၄နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ အဲဒီ ၂ပွဲမတိုင်ခင် ဒီရာသီ ချန်ပီယံလိဂ်နဲ့စီးရီးအေမှာ ပွဲတိုင်းမိနစ် ၉၀ပြည့်ကစားခဲ့တာဖြစ်ပါတယ်။

Photo Credit

Zawgyi

ေရာ္နယ္ဒိုနဲ႔ပတ္သက္လုိ႔ ဆာရီရဲ႕အေၾကာင္းျပခ်က္ကို ေလွာင္စရာျဖစ္ေစခဲ့တ့ဲေပၚတူဂီတုိက္စစ္မွဴးရဲ႕ဖြင့္ဟခ်က္

တုိက္စစ္မွဴး ေရာ္နယ္ဒိုရဲ႕ေပၚတူဂီအသင္းေဖာ္တစ္ဦးက ေရာ္နယ္ဒိုအေနနဲ႔ ဘာဒဏ္ရာမွရရွိေနျခင္းမရွိဘူးလုိ႔ အခုိင္အမာေျပာၾကားလုိက္ရာ ဂ်ဴဗင္တပ္စ္နည္းျပဆာရီရဲ႕အေၾကာင္းျပခ်က္နဲ႔ တုိက္႐ိုက္ႀကီးဆန္႔က်င္ေနပါတယ္။
ဆာရီက ဂ်ဴဗင္တပ္စ္အသင္းရဲ႕ေနာက္ဆုံး ၂ပြဲဆက္ ေရာ္နယ္ဒိုကို လူစားလဲခဲ့ရၿပီးေနာက္ ရီးရဲလ္တုိက္စစ္မွဴးေဟာင္းအေနနဲ႔ ဒူးဒဏ္ရာခံစားေနရတယ္လုိ႔ ဖြင့္ဟခဲ့တာျဖစ္ပါတယ္။
ေရာ္နယ္ဒိုဟာ ေအစီမီလန္ကို ၁-၀ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာ ပဲြခ်ိန္ ၅၅မိနစ္အေရာက္ ေစာစီးစြာလူစားလဲခံခဲ့ရၿပီးေနာက္ ေဒါသတႀကီးတုံ႔ျပန္ခဲ့ရာ အီတလီမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ ဆာရီကို —-မသားလုိ႔ ဆဲဆုိခဲ့ေၾကာင္း သိရပါတယ္။
ဒါေပမဲ့ လစ္သူေယးနီးယား၊ လူဇင္ဘတ္တုိ႔နဲ႔ကစားရမယ့္ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲေတြအတြက္ ေပၚတူဂီအသင္းဆီ ေရာ္နယ္ဒိုလာေရာက္ပူးေပါင္းခဲ့ၿပီးေနာက္ ေပၚတူဂီတုိက္စစ္မွဴး ဂြန္ကာလိုပါစီယန္စီယာက ေရာ္နယ္ဒုိအေနနဲ႔ ဘာဒဏ္ရာမွမရထားေၾကာင္း အခုိင္အမာဆုိပါတယ္။
”ကၽြန္ေတာ့္အေနနဲ႔ ဆရာ၀န္တစ္ေယာက္မဟုတ္ေပမယ့္ သူ႕ကို ၾကည့္ရတာေတာ့ ေအးေဆးပါပဲ။ သူက ကမၻာ့အေကာင္းဆုံးကစားသမားျဖစ္လုိ႔ အေရးႀကီးဆုံးအရာက ေပၚတူဂီအသင္းနဲ႔အတူ သူရွိေနတာပါပဲ”လုိ႔ ပါစီယန္စီယာက ေျပာပါတယ္။
ပါစီယန္စီယာရဲ႕ေျပာစကားက ဆာရီနဲ႔ ေရာ္နယ္ဒိုတုိ႔ၾကား အဆင္မေျပျဖစ္ေနတယ္ဆိုတ့ဲသတင္းေတြကို ပိုမိုအားေကာင္းေစခဲ့ပါတယ္။ ေရာ္နယ္ဒုိဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္က လိုကိုမိုတစ္ေမာ္စကိုအသင္းကို ၁-၂ ဂိုးနဲ႔အႏိုင္ရရွိခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ ၁-၁ ဂိုးျဖစ္ေနခ်ိန္ ၈၈မိနစ္မွာ လူစားလဲခံခဲ့ရပါတယ္။
အသက္ ၃၄ႏွစ္အရြယ္ရွိ ေရာ္နယ္ဒိုဟာ အဲဒီ ၂ပြဲမတုိင္ခင္ ဒီရာသီ ခ်န္ပီယံလိဂ္နဲ႔စီးရီးေအမွာ ပြဲတုိင္းမိနစ္ ၉၀ျပည့္ကစားခဲ့တာျဖစ္ပါတယ္။