FA တွေအတွက် ဆော်လိုက်နည်းလမ်းညွှန်ဖြစ်လာနိုင်တဲ့ ရော်နယ်ဒို စုံတွဲရဲ့ လျှို့ဝှက်ချက်တွေကို Netflix မှာ ကြည့်ရှုခွင့်ရတော့မယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အမေရိကန် ရုပ်သံကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Netflix က ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ချစ်သူ ဂျော်ဂျီနာ ရိုဒရီဂွက်နဲ့ ပတ်သက်ပြီး

ရိုက်ကူးထားတဲ့ documentary ကို မကြာမီ ထုတ်လွှင့်ပြသတော့မယ်လို့ RMC Sport အရ သိရပါတယ်။

ဘလွန်းဒီအော ( ၅ ) ကြိမ် ဆုရှင်ရဲ့ ပရိသတ်တွေအနေနဲ့ သူတို့စုံတွဲရဲ့ လျှို့ဝှက်ချက်အချို့ကို လေ့လာခွင့်ရမှာဖြစ်ပြီး

လွန်ခဲ့တဲ့ ( ၅ ) နှစ်က မက်ဒရစ်မြို့မှာ မြင်မြင်ချင်း မေတ္တာသက်ဝင်သွားခဲ့တဲ့ ရော်နယ်ဒိုရဲ့ အချစ်တွေကိုလည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

ထုတ်လွှင့်ပြသမယ့်ရက်ကို ကြေညာထားခြင်းမရှိသေးပေမယ့် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ပရိသတ်တွေအားလုံးကတော့ ရင်ခုန်စွာစောင့်ဆိုင်းနေကြပြီဖြစ်ပါတယ်။

ပေါ်တူဂီတိုက်စစ်မှူးဟာ ကွင်းထဲမှာ ပေါက်ကွဲပြလေ့ရှိပေမယ့် ကိုယ်ပိုင်ဘဝကိုတော့ လျှို့ဝှက်စွာဖြတ်သန်းလေ့ရှိတာတွေ့ရပါတယ်။

“I am Georgina”လို့ အမည်ပေးထားတဲ့ အဆိုပါ documentary မှာတော့ CR7တို့စုံတွဲရဲ့ ( ၂၀၁၆ ) ခုနှစ်က တွေ့ဆုံမှုအပါအဝင်

နေ့စဥ်လူမှုဘဝဖြတ်သတ်ပုံအချို့ကိုလည်း ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။

စပိန်မော်ဒယ်ဟာ မက်ဒရစ်မြို့က Gucci စတိုးမှာ အလုပ်လုပ်နေစဥ် ရော်နယ်ဒိုနဲ့ စတင်တွေ့ဆုံခဲ့တာဖြစ်ပြီး

သရဲနီတိုက်စစ်မှူးကလည်း အဆိုပါ အခိုက်အတန့်ကို မေ့မရနိုင်ကြောင်း documentary ထဲမှာ ယခုလုိ ရင်ဖွင့်ခဲ့ပါတယ် ။

“ ဒါက စက္ကန့်ပိုင်းအတွင်းမှာပဲ ဖြစ်သွားခဲ့တာပါ ။ သူမနဲ့ ချစ်ကျွမ်းဝင်ဖို့ အရမ်းခက်ခဲမယ်လို့ ဘယ်တော့မှ မစဥ်းစားမိပါဘူး ။ တကယ်ကို မမျှော်လင့်တာပါ ။

ဂျော်ဂျီနာက ကျွန်တော် လုံးဝ ချစ်မြတ်နိုးတဲ့ အမျိုးသမီး ဖြစ်ပါတယ်။”

ဂျော်ဂျီနာကလည်း သူတို့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး “ ကျွန်မ အသက်က ယခု (၂၇ ) ရှိပါပြီ။ လွန်ခဲ့တဲ့ငါးနှစ်အတွင်းမှာ ဘဝကပြောင်းလဲသွားပါတယ်။

နွေရာသီကာလတစ်ခုရဲ့ ကြာသပတေးနေ့မှာ အလုပ်ကနေ အိမ်ပြန်ဖို့ ပြင်ဆင်နေချိန် ရုပ်ခေျာချော ကောင်လေးတစ်ယောက် ဝင်လာခဲ့ပါတယ်။

ကျန်တာကတော့ အားလုံးသိတဲ့အတိုင်းပါပဲ ။” လို့ ဆိုထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

FA ေတြအတြက္ ေဆာ္လိုက္နည္းလမ္းၫႊန္ျဖစ္လာႏိုင္တဲ့ ေရာ္နယ္ဒို စုံတြဲရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြကို Netflix မွာ ၾကည့္ရႈခြင့္ရေတာ့မယ္

အေမရိကန္ ႐ုပ္သံကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ Netflix က ခရစၥတီယာႏို ေရာ္နယ္ဒိုရဲ႕ ခ်စ္သူ ေဂ်ာ္ဂ်ီနာ ႐ိုဒရီဂြက္နဲ႔ ပတ္သက္ၿပီး ႐ိုက္ကူးထားတဲ့ documentary ကို မၾကာမီ ထုတ္လႊင့္ျပသေတာ့မယ္လို႔ RMC Sport အရ သိရပါတယ္။

ဘလြန္းဒီေအာ ( ၅ ) ႀကိမ္ ဆုရွင္ရဲ႕ ပရိသတ္ေတြအေနနဲ႔ သူတို႔စုံတြဲရဲ႕ လွ်ိဳ႕ဝွက္ခ်က္အခ်ိဳ႕ကို ေလ့လာခြင့္ရမွာျဖစ္ၿပီး လြန္ခဲ့တဲ့ ( ၅ ) ႏွစ္က မက္ဒရစ္ၿမိဳ႕မွာ ျမင္ျမင္ခ်င္း ေမတၱာသက္ဝင္သြားခဲ့တဲ့ ေရာ္နယ္ဒိုရဲ႕ အခ်စ္ေတြကိုလည္း ျမင္ေတြ႕ႏိုင္မွာျဖစ္ပါတယ္။ထုတ္လႊင့္ျပသမယ့္ရက္ကို ေၾကညာထားျခင္းမရွိေသးေပမယ့္ ခရစၥတီယာႏို ေရာ္နယ္ဒိုရဲ႕ ပရိသတ္ေတြအားလုံးကေတာ့ ရင္ခုန္စြာေစာင့္ဆိုင္းေနၾကၿပီျဖစ္ပါတယ္။

ေပၚတူဂီတိုက္စစ္မႉးဟာ ကြင္းထဲမွာ ေပါက္ကြဲျပ ေလ့ရွိေပမယ့္ ကိုယ္ပိုင္ဘဝကိုေတာ့ လွ်ိဳ႕ဝွက္စြာျဖတ္သန္းေလ့ရွိတာေတြ႕ရပါတယ္။ “I am Georgina”လို႔ အမည္ေပးထားတဲ့ အဆိုပါ documentary မွာေတာ့ CR7တို႔စုံတြဲရဲ႕ ( ၂၀၁၆ ) ခုႏွစ္က ေတြ႕ဆုံမႈအပါအဝင္ ေန႔စဥ္လူမႈဘဝျဖတ္သတ္ပုံအခ်ိဳ႕ကိုလည္း ၾကည့္ရႈခြင့္ရမွာျဖစ္ပါတယ္။

စပိန္ေမာ္ဒယ္ဟာ မက္ဒရစ္ၿမိဳ႕က Gucci စတိုးမွာ အလုပ္လုပ္ေနစဥ္ ေရာ္နယ္ဒိုနဲ႔ စတင္ေတြ႕ဆုံခဲ့တာျဖစ္ၿပီး သရဲနီတိုက္စစ္မႉးကလည္း အဆိုပါ အခိုက္အတန႔္ကို ေမ့မရႏိုင္ေၾကာင္း documentary ထဲမွာ ယခုလုိ ရင္ဖြင့္ခဲ့ပါတယ္ ။“ ဒါက စကၠန႔္ပိုင္းအတြင္းမွာပဲ ျဖစ္သြားခဲ့တာပါ ။ သူမနဲ႔ ခ်စ္ကြၽမ္းဝင္ဖို႔ အရမ္းခက္ခဲမယ္လို႔ ဘယ္ေတာ့မွ မစဥ္းစားမိပါဘူး ။ တကယ္ကို မေမွ်ာ္လင့္တာပါ ။ ေဂ်ာ္ဂ်ီနာက ကြၽန္ေတာ္ လုံးဝ ခ်စ္ျမတ္ႏိုးတဲ့ အမ်ိဳးသမီး ျဖစ္ပါတယ္။”

ေဂ်ာ္ဂ်ီနာကလည္း သူတို႔ ေတြ႕ဆုံမႈနဲ႔ ပတ္သက္ၿပီး “ ကြၽန္မ အသက္က ယခု (၂၇ ) ရွိပါၿပီ။ လြန္ခဲ့တဲ့ငါးႏွစ္အတြင္းမွာ ဘဝကေျပာင္းလဲသြားပါတယ္။ ေႏြရာသီကာလတစ္ခုရဲ႕ ၾကာသပေတးေန႔မွာ အလုပ္ကေန အိမ္ျပန္ဖို႔ ျပင္ဆင္ေနခ်ိန္ ႐ုပ္ေခ်ာေခ်ာ ေကာင္ေလးတစ္ေယာက္ ဝင္လာခဲ့ပါတယ္။ က်န္တာကေတာ့ အားလုံးသိတဲ့အတိုင္းပါပဲ ။” လို႔ ဆိုထားပါတယ္။