ရော်နယ်ဒိုဆိုတာ ဘောလုံးလိုက်လုနေစရာမလိုတဲ့သူ ဆိုပြီး ပြောတဲ့ ဖာဒီနန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နောက်ခံလူဟောင်းတစ်ဦးဖြစ်တဲ့ ရီယိုဖာဒီနန်က သရဲနီ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြေးလွှားလှုပ်ရှားပြနေစရာမလိုတဲ့ ကစားသမားဖြစ်တာကြောင့် ဒိုလေးကို ပျင်းရိတယ်လို့ ဝေဖန်စရာမလိုကြောင်း ပြောဆိုလိုက်ပါတယ်။

တိုက်စစ်မှူးစီရော်နယ်ဒိုဟာ ချန်ပီယံလိဂ် ၌ကစားခဲ့တဲ့ အဝေးကွင်း(88)ပွဲတွင် ဂိုး(60)အထိသွင်းယူနိုင်ခဲ့ပါတယ်။

အဝေးကွင်း၌ပါဝင်ကစားမှု နှင့် သွင်းဂိုးပမာဏဟာ လက်ရှိ ဥရောပကစားသမားအားလုံးထက် များနေပါတယ်။

စီရော်နယ်ဒိုဟာ တကယ်လို့အတ္တလန်တာ နှင့်ကစားမယ့်ပွဲ၌ ဂိုးသွင်းပါက (2003)ခုနှစ်က နစ္စတယ်ရွိုင်းနောက်ပိုင်း

ယူနိုက်တက်အတွက် ချန်ပီယံလိဂ် ၌ (4)ပွဲဆက်ဂိုးသွင်းပေးတဲ့ ဒုတိယမြောက် ကစား သမားအဖြစ်မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

ဖာဒီနန်က “ရော်နယ်ဒိုက အသင်းကို အလှည့်အပြောင်းဖြစ်အောင် ပြုလုပ်ပေးနိုင်သူဖြစ်ပါတယ်။

ဒါပေမယ့် ခင်ဗျားတို့ပြောနေသလို ဒိုလေးက ပွဲတချို့မှာ ဘာလို့မလုပ်ရလဲဆိုတာအကြောင်းအရင်းရှိပါတယ်။

အဲဒီလို အရမ်းကြိုးစားလိုက်ကစားရင် တစ်ခါတလေ ကိုယ့်ကိုယ်ကိုအရှက်ခွဲနေတာနဲ့အတူတူပါပဲ”

“ပွဲချိန်အတွင်းမှာ သူ လုပ်ပြခဲ့ပြီးတာတွေအားလုံးက ဘယ်လိုခေတ်မှာမဆို စူပါကစားသမားတစ်ဦးအဖြစ်ရှိခဲ့ပါတယ်။

သူက အဲဒီလိုကစားသမားမျိုးပါ။ သူက လိုက်ပြီးတော့ ဘောလုံးလုနေမှာလည်းမဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့ သူက တခြားကစားသမားတွေလို ပြေးလွှားနေဖို့မှ မလိုအပ်တာဘဲ။

ပြီးတော့ ယူနိုက်တက်ကို အဲဒီလို ရုန်းဖို့အတွက် သူ ရောက်လာတာမဟုတ်ဘူးလေ”

“ရော်နယ်ဒိုလို ကစားသမားတစ်ဦးကို ခေါ်ထားတယ်ဆိုရင်တော့ သူ့ရဲ့အားသာချက်ကို အသုံးချပြီးတော့ ကစားဖို့ တစ်ခါတလေမှာ လိုအပ်ပါတယ်” လို့ ပြောဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi






