ရော်နယ်ဒိုက သူ့တို့အတွက် အသက်တော်တော် ကြီးနေလို့ မခေါ်တော့ဘူးဆိုတဲ့ ဘိုင်ယန်ဥက္ကဌ


ဘိုင်ယန်မြူးနစ် ဥက္ကဌ ဟာဘက် ဟိုင်နားက ဂျူဗင်တပ်စ် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ဘယ်တော့မှ ခေါ်ယူမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဘိုင်ယန်မြူးနစ်က ပေါ်တူဂီသားကို ခေါ်မယ်လို့ သိရပြီး မွေးနေ့မှာ ရခဲ့တဲ့ ကားကိုလည်း ဂျာမန် အထက်ပိုင်းမြို့မှာ မှတ်ပုံတင်ထားခဲ့တာကြောင့် အဆိုပါ သတင်းတွေကို ပိုမို ကျယ်လောင်လာစေခဲ့ပါတယ်။

ဒါပေမဲ့ ဟိုင်နားကတော့ အဆိုပါ ကောလဟာလတွေအပေါ် ချက်ခြင်းဆိုသလို ငြင်းပယ်ခဲ့ပါတယ်။ TZနဲ့ အင်တာဗျူးမှာ ဟိုင်နားက “သတင်းတွေ တော်တော် ကျယ်လောင်နေတာ သိရပါတယ်။ ဒါပေမဲ့ ရော်နယ်ဒိုက ကျွန်တော်တို့အတွက် အရမ်း အသက်ကြီးလွန်းပါတယ်”လို့ ပြောခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ သတင်းတွေ ကျယ်လောင်နေစဉ်မှာ ဘိုင်ယန်တို့ ဘွန်ဒက်စ်လီဂါ ဖလားလုပွဲလို့ ဆိုရမယ့် လိုက်ပ်ဇစ်နဲ့ တနင်္ဂနွေနေ့မှာ အကြိတ်အနယ် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ရော်နယ်ဒိုကတော့ ဂျူဗင်တပ်စ်အသင်းနဲ့အတူ စီးရီးအေပွဲအဖြစ် ဗီရိုနာနဲ့ ကစားရဖို့ ရှိနေပြီး လက်ရှိမှာတော့ အဆင့်၂နေရာက အင်တာကို ၃မှတ် ဖြတ်ထားခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ သမိုင်းတစ်လျောက် အကောင်းဆုံး ကစားသမားထဲမှာ ပါဝင်ခဲ့ပြီး ယခုနှစ် ရာသီအစက ရုန်းကန်ခဲ့ရပေမဲ့ လက်ရှိအချိန်မှာတော့ ပုံစံကောင်း ပြန်ရနေခဲ့ပါတယ်။

သူ့ကို ပရိသတ်တွေ သတိထားမိမယ့် အချက်ကတော့ ဘော်လွန်းဒီအော်ဆု ၅ကြိမ်အထိ ရရှိထားခဲ့သလို ရီးရဲလ်မက်ဒရစ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်နေလို့ပါပဲ။ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မွေးရပ်မြေ ဖန်ချယ်က လေဆိပ်ကို ရော်နယ်ဒို ဆိုပြီး နာမည်တောင် ပေးထားခဲ့ပါတယ်။