ရော်နယ်ဒိုက မန်စီးတီးဆီ ဘယ်တုန်းကမှ မသွားချင်ခဲ့ဘူး . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နွေရာသီဈေးကွက်အတွင်း ရော်နယ်ဒိုဟာ မန်စီးတီးကို ပြောင်းရွှေ့ဖို့ ဘယ်တုန်းကမှမဖြစ်ခဲ့ဘူးလို့ နည်းပြဆိုးလ်ရှားက ပြောဆိုလိုက်ပါတယ်။

ကစားသမားရဲ့အေးဂျင့်ဂျော့မန်ဒက်စ်က အသင်းအနည်းငယ်နဲ့ ချိတ်ဆက်စကားပြောဆိုမှုတွေရှိခဲ့ရာမှာ ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက်မန်စီးတီးလည်း ပါဝင်ခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ကာ အီတီဟတ်ကိုပြောင်းရွှေ့ဖို့ ရေပန်းစားခဲ့ပေမယ့် အဆုံးမှာ ယူနိုက်တက်ကို ပြန်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးနဲ့ ရော်နယ်ဒိုတို့ ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်ခဲ့ချိန်မှာ ယူနိုက်တက်ပရိသတ်တွေအားလုံး အံ့အားသင့်ဒေါသထွက် ခဲ့ရပါသေးတယ်။

ရော်နယ်ဒိုက ဒီနေ့မှာဆိုရင် သူ့ရဲ့ပွဲဦးထွက်အဖြစ် နယူးကာဆယ်နဲ့ပွဲကို ပါဝင်ကစားဖို့ အသင့်ရှိနေပြီဖြစ်ပါတယ်။

တကယ်လို့ ရော်နယ်ဒိုသာ ယူနိုက်တက်အသင်းဆီ မရောက်လာခဲ့ဘဲ မန်စီးတီးအသင်းကို ရွေးချယ်သွားခဲ့မယ်ဆိုရင် မန်စီးတီးရဲ့ကစားသမားအင်အားက ကြောက်စရာကောင်းလာနိုင်တယ်လို့

ထင်မြင်မိသလားလို့ ဆိုးလ်ရှားကို မေးမြန်းခဲ့ရာ ဆိုးလ်ရှားက “ဒီလောက်ထိ ဖြစ်လာနိုင်လိမ့်မယ်လို့တော့ ကျွန်တော် မထင်မိပါဘူး။

ရော်နယ်ဒိုကိုယ်တိုင်လည်း အဲဒီနေရာကို သွားချင်မှာ မဟုတ်ဘူးလို့လည်း ကျွန်တော် ထင်ပါတယ်” လို့ ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ အသင်းရဲ့ ဝါရင့်ကစားသမားကြီး ဆာဂျီယိုအဂွဲရိုးကို လက်လွတ်ထားရပြီးနောက်မှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် စပါးတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူသွားဖို့ ကြိုးပမ်းခဲ့ပေမယ့်

မအောင်မြင်ခဲ့သလို ရော်နယ်ဒိုကို ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ရာမှာလည်း မြို့ခံအသင်းရဲ့ နောက်ကောက်ချမှုနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။

ရော်နယ်ဒိုနဲ့ မန်စီးတီး သတင်းတွေထွက်ချိန် ဆိုးလ်ရှားနဲ့ ဖာဂူဆန်ကအဲ ဒီအပြောင်းအရွှေ့မှာ ပါဝင်လာခဲ့ပြီးနောက် ရော်နယ်ဒိုက အိုးထရက်ဖို့ဒ်ကို ပြန်ရောက်လာခဲ့ပါတယ်။

တိုတောင်းတဲ့နာရီအနည်းငယ်အတွင်း အပြောင်းအရွှေ့ဖြစ်ခဲ့ပြီး သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒိုက မန္စီးတီးဆီ ဘယ္တုန္းကမွ မသြားခ်င္ခဲ့ဘူး . . .

ေႏြရာသီေဈးကြက္အတြင္း ေရာ္နယ္ဒိုဟာ မန္စီးတီးကို ေျပာင္းေ႐ႊ႕ဖို႔ ဘယ္တုန္းကမွမျဖစ္ခဲ့ဘူးလို႔ နည္းျပဆိုးလ္ရွားက ေျပာဆိုလိုက္ပါတယ္။ ကစားသမားရဲ႕ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္က အသင္းအနည္းငယ္နဲ႔ ခ်ိတ္ဆက္စကားေျပာဆိုမႈေတြရွိခဲ့ရာမွာ ယူႏိုက္တက္ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးလည္း ပါဝင္ခဲ့တယ္လို႔ သတင္းေတြထြက္ခဲ့ကာ အီတီဟတ္ကိုေျပာင္းေ႐ႊ႕ဖို႔ ေရပန္းစားခဲ့ေပမယ့္ အဆုံးမွာ ယူႏိုက္တက္ကို ျပန္ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

မန္စီးတီးနဲ႔ ေရာ္နယ္ဒိုတို႔ ခ်ိတ္ဆက္ေနတယ္လို႔ သတင္းေတြထြက္ခဲ့ခ်ိန္မွာ ယူႏိုက္တက္ပရိသတ္ေတြအားလုံး အံ့အားသင့္ေဒါသထြက္ ခဲ့ရပါေသးတယ္။ ေရာ္နယ္ဒိုက ဒီေန႔မွာဆိုရင္ သူ႔ရဲ႕ပြဲဦးထြက္အျဖစ္ နယူးကာဆယ္နဲ႔ပြဲကို ပါဝင္ကစားဖို႔ အသင့္ရွိေနၿပီျဖစ္ပါတယ္။

တကယ္လို႔ ေရာ္နယ္ဒိုသာ ယူႏိုက္တက္အသင္းဆီ မေရာက္လာခဲ့ဘဲ မန္စီးတီးအသင္းကို ေ႐ြးခ်ယ္သြားခဲ့မယ္ဆိုရင္ မန္စီးတီးရဲ႕ကစားသမားအင္အားက ေၾကာက္စရာေကာင္းလာႏိုင္တယ္လို႔ ထင္ျမင္မိသလားလို႔ ဆိုးလ္ရွားကို ေမးျမန္းခဲ့ရာ ဆိုးလ္ရွားက “ဒီေလာက္ထိ ျဖစ္လာႏိုင္လိမ့္မယ္လို႔ေတာ့ ကြၽန္ေတာ္ မထင္မိပါဘူး။ ေရာ္နယ္ဒိုကိုယ္တိုင္လည္း အဲဒီေနရာကို သြားခ်င္မွာ မဟုတ္ဘူးလို႔လည္း ကြၽန္ေတာ္ ထင္ပါတယ္” လို႔ ျပန္လည္ေျဖဆိုသြားခဲ့ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းဟာ အသင္းရဲ႕ ဝါရင့္ကစားသမားႀကီး ဆာဂ်ီယိုအဂြဲ႐ိုးကို လက္လြတ္ထားရၿပီးေနာက္မွာ အသင္းရဲ႕ တိုက္စစ္ပိုင္းအတြက္ စပါးတိုက္စစ္မႉး ဟာရီကိန္းကို ေခၚယူသြားဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ မေအာင္ျမင္ခဲ့သလို ေရာ္နယ္ဒိုကို ေခၚယူဖို႔ လုပ္ေဆာင္ခဲ့ရာမွာလည္း ၿမိဳ႕ခံအသင္းရဲ႕ ေနာက္ေကာက္ခ်မႈနဲ႔ ရင္ဆိုင္ခဲ့ရပါေသးတယ္။

ေရာ္နယ္ဒိုနဲ႔ မန္စီးတီး သတင္းေတြထြက္ခ်ိန္ ဆိုးလ္ရွားနဲ႔ ဖာဂူဆန္ကအဲ ဒီအေျပာင္းအေ႐ႊ႕မွာ ပါဝင္လာခဲ့ၿပီးေနာက္ ေရာ္နယ္ဒိုက အိုးထရက္ဖို႔ဒ္ကို ျပန္ေရာက္လာခဲ့ပါတယ္။ တိုေတာင္းတဲ့နာရီအနည္းငယ္အတြင္း အေျပာင္းအေ႐ႊ႕ျဖစ္ခဲ့ၿပီး သေဘာတူညီမႈရရွိခဲ့တာျဖစ္ပါတယ္။