ရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး လို့ ချီးကျူးတဲ့ အွန်နရီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်ဂန္တဝင်ကြီး သီယာရီအွန်နရီကတော့ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ရဲ့ ကစားသမားဘဝတစ်လျှောက် အောင်မြင်မှုတွေအတွက် ချီးကျူးမှုနဲ့ ထိုက်တန်ကြောင်း ပြောသွားခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ဟာ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့မှာ ကစားရင်း ချန်ပီယံလိဂ် ၅ ကြိမ်နဲ့ ဘောလွန်းဒီအော ၅ ကြိမ်အပါအဝင် တစ်ဦးချင်းဆုတွေရော၊ အသင်းလိုက်ဆုတွေပါ အမြောက်အများရရှိခဲ့သူ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ပြီးခဲ့တဲ့ ပွဲစဉ်တွေဟာ ရလဒ် မကောင်းခဲ့ပေမယ့်လည်း ရော်နယ်ဒိုကတော့ ပရီးမီးယားလိဂ် ၃ ပွဲကစားပြီး ၃ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

အွန်နရီက “ခင်ဗျားတို့က ရော်နယ်ဒိုကို ချီးကျူးဖို့ မေ့နေကြတယ် ထင်ပါတယ်။

ရော်နယ်ဒိုဟာ ချီးကျူးမှု များစွာနဲ့ ထိုက်တန်တဲ့ ကစားသမားတစ်ဦးပါ။

ဘာကြောင့်လဲ။ ဒီမေးခွန်းရဲ့ အဖြေက ရိုးရှင်းပါတယ်။

ပေါ်တူဂီအသင်းနဲ့ အခု ယူနိုက်တက်အသင်းမှာ သူ စွမ်းဆောင်ပြထားတဲ့ အရာတွေကြောင့်ပါ။

သူ့ရဲ့ ဂျူဗင်တပ်စ် ၊ ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက်အသင်းတို့မှာ ရရှိခဲ့တဲ့ ဂိုးသွင်းနှုန်းကို လိုက်မီတဲ့ ကစားသမား မရှိပါဘူး။

ဒါကြောင့် ကျွန်တော်တို့က အထောင်တိုက်စစ်မှူးတွေ အကြောင်း ပြောရင် သူ့ကို လေးစားရပါမယ်” ဆိုပြီး ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားတစ်ယောက်ဖြစ်တဲ့ အွန်နရီကတော့ ရော်နယ်ဒိုရဲ့ မှတ်တမ်းတွေဟာ လက်ရှိ ဥရောပပြိုင်ပွဲရဲ့ နံပါတ် ၉ ကစားသမားတွေထဲမှာ အကောင်းဆုံးအဖြစ် ရပ်တည်နေဆဲပဲလို့ ယုံကြည်နေပါတယ်။

ရော်နယ်ဒိုဟာ ကစားသမားဘဝ နောက်ဆုံးကာလ အပိုင်းအခြားကို ရောက်ရှိနေသူ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ရုန်းကန်ရလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပေမယ့်

ပွဲဦးထွက်မှာပဲ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့သလို ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၁ပွဲကစားထားရာ သွင်းဂိုး ၁ဂိုး ရရှိထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေရာ္နယ္ဒိုက ကမာၻ႔အေကာင္းဆုံး အေထာင္တိုက္စစ္မႉး လို႔ ခ်ီးက်ဴးတဲ့ အြန္နရီ

အာဆင္နယ္ဂႏၲဝင္ႀကီး သီယာရီအြန္နရီကေတာ့ ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္ရဲ႕ အေကာင္းဆုံး တိုက္စစ္မႉးအျဖစ္ ရပ္တည္ေနဆဲျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္ ေအာင္ျမင္မႈေတြအတြက္ ခ်ီးက်ဴးမႈနဲ႔ ထိုက္တန္ေၾကာင္း ေျပာသြားခဲ့ပါတယ္။

ေပၚတူဂီၾကယ္ပြင့္ဟာ ယူႏိုက္တက္၊ ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္စ္တို႔မွာ ကစားရင္း ခ်န္ပီယံလိဂ္ ၅ ႀကိမ္နဲ႔ ေဘာလြန္းဒီေအာ ၅ ႀကိမ္အပါအဝင္ တစ္ဦးခ်င္းဆုေတြေရာ၊ အသင္းလိုက္ဆုေတြပါ အေျမာက္အမ်ားရရွိခဲ့သူ ျဖစ္ပါတယ္။ ယူႏိုက္တက္ရဲ႕ ၿပီးခဲ့တဲ့ ပြဲစဥ္ေတြဟာ ရလဒ္ မေကာင္းခဲ့ေပမယ့္လည္း ေရာ္နယ္ဒိုကေတာ့ ပရီးမီးယားလိဂ္ ၃ ပြဲကစားၿပီး ၃ ဂိုးသြင္းယူထားႏိုင္ခဲ့ပါတယ္။

အြန္နရီက “ခင္ဗ်ားတို႔က ေရာ္နယ္ဒိုကို ခ်ီးက်ဴးဖို႔ ေမ့ေနၾကတယ္ ထင္ပါတယ္။ ေရာ္နယ္ဒိုဟာ ခ်ီးက်ဴးမႈ မ်ားစြာနဲ႔ ထိုက္တန္တဲ့ ကစားသမားတစ္ဦးပါ။ ဘာေၾကာင့္လဲ။ ဒီေမးခြန္းရဲ႕ အေျဖက ႐ိုးရွင္းပါတယ္။ ေပၚတူဂီအသင္းနဲ႔ အခု ယူႏိုက္တက္အသင္းမွာ သူ စြမ္းေဆာင္ျပထားတဲ့ အရာေတြေၾကာင့္ပါ။ သူ႔ရဲ႕ ဂ်ဴဗင္တပ္စ္ ၊ ရီးရဲလ္မက္ဒရစ္ ၊ မန္ခ်က္စတာ ယူႏိုက္တက္အသင္းတို႔မွာ ရရွိခဲ့တဲ့ ဂိုးသြင္းႏႈန္းကို လိုက္မီတဲ့ ကစားသမား မရွိပါဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔က အေထာင္တိုက္စစ္မႉးေတြ အေၾကာင္း ေျပာရင္ သူ႔ကို ေလးစားရပါမယ္” ဆိုၿပီး ခ်ီးက်ဴးခဲ့တာပဲ ျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕ ထာဝရဂိုးသြင္းအမ်ားဆုံး ကစားသမားတစ္ေယာက္ျဖစ္တဲ့ အြန္နရီကေတာ့ ေရာ္နယ္ဒိုရဲ႕ မွတ္တမ္းေတြဟာ လက္ရွိ ဥေရာပၿပိဳင္ပြဲရဲ႕ နံပါတ္ ၉ ကစားသမားေတြထဲမွာ အေကာင္းဆုံးအျဖစ္ ရပ္တည္ေနဆဲပဲလို႔ ယုံၾကည္ေနပါတယ္။

​ေရာ္နယ္ဒိုဟာ ကစားသမားဘဝ ေနာက္ဆုံးကာလ အပိုင္းအျခားကို ေရာက္ရွိေနသူ ျဖစ္တာေၾကာင့္ မန္ခ်က္စတာ ယူႏိုက္တက္အသင္းမွာ ႐ုန္းကန္ရလိမ့္မယ္လို႔ ထင္ေၾကးေပးခံထားရေပမယ့္ ပြဲဦးထြက္မွာပဲ သြင္းဂိုး ၂ဂိုး သြင္းယူႏိုင္ခဲ့သလို ယခုႏွစ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း ၁ပြဲကစားထားရာ သြင္းဂိုး ၁ဂိုး ရရွိထားပါတယ္။