ရော်နယ်ဒိုကြောင့် မာရှယ်အသင်းက ထွက်ကိန်းရှိတယ်ဆိုပြီး ပြောတဲ့ ဘာဘာတော့ဖ်
Viber No => 09 969 710 910
Shwe Casino Facebook Page Link => https://bit.ly/3AQZRVp
Shwe Casino App Download Link => https://bit.ly/3k41mc4
ဒီမီတာဘာဘာတော့ဖ်က ယူနိုက်တက် အသင်းကို ရော်နယ်ဒို ပြန်လည် ရောက်ရှိလာခဲ့တာကြောင့် မာရှယ်ဟာ ထိခိုက် နစ်နာသူ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပြီး မာရှယ် အနေနဲ့ အနာဂတ် အတွက် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်သွားရန် တိုက်တွန်း သွားခဲ့ပါတယ်။
ဘာဘာတော့ဖ်က “အခုပြောချင်တာက ရော်နယ်ဒို အိုးထရပ်ဖို့ဒ်ကို ပြန်ရောက်လာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ တစ်ခုတည်းသော negativeအမြင်ပါပဲ။
သူ့ကြောင့် မာရှယ်ဟာ ပွဲထွက်ခွင့် နည်းပါးသွားဖို့ ရှိနေပြီး ရော်နယ်ဒိုရဲ့ return မှာ မာရှယ် တစ်ယောက် အထိခိုက်ဆုံးသူ ဖြစ်လာနိုင်ပါတယ်။”
“ရော်နယ်ဒိုဟာ အသင်းမှာ အော်တို နေရာရမှာ ဖြစ်တာကြောင့် ကျန်တဲ့ ကစားသမားတွေ အထူးသဖြင့် လူငယ် ကစားသမားတွေဟာ သူတို့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ချင်ကြမှာ ဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာ ၊ ပြိုင်ပွဲမှာ အကောင်းဆုံး လုပ်ပြချင်ကြမှာပါ။
မာရှယ်ကတော့ သူသာ ဒီရာသီ လုံလောက်တဲ့ ပွဲကစားချိန် မရခဲ့ဘူး ဆိုရင် သူဟာ ကလပ်ကနေ ထွက်ခွာသွားလိမ့်မယ်လို့ ကျွန်တော် မြင်မိပါတယ်။”
“မာရှယ်အတွက် ကျွန်တော် အကြံပေးချင်တာ ကတော့ ဒီထက် အနည်းငယ် ပွင့်ပွင့်လင်းလင်း ရှိဖို့နဲ့ နည်းပြကို ‘ပထမဦးစားပေး ဖြစ်ဖို့၊ မိမိ ဘယ်လောက် ကောင်းသလဲ ဆိုတာ သက်သေပြဖို့၊ ဒီမှာ ဆက်နေပြီး နေရာအတွက် တိုက်ပွဲဝင်သွားမယ်’ ဆိုတဲ့ စိတ်ဓာတ်ကို ပြသသွားဖို့ ပါပဲ။”
“အဲ ဒီလို ဖြစ်မလာခဲ့ဘူး ဆိုရင်တော့ သူ့ရဲ့ အရည်အသွေးကြောင့် သွားဖို့ နေရာ တစ်နေရာတော့ ရှိလာမှာ ဖြစ်ပြီး အဲဒီနေရာမှာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည် ရှာဖွေ သွားရမှာ ဖြစ်ပါတယ်။
ကျွန်တော်မာရှယ်အတွက် အနည်းငယ် စိုးရိမ်မိပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ သူနဲ့ မိုနာကိုမှာ တွဲဖက် ကစားခဲ့ဖူးတာကြောင့် သူ့မှာ ကြီးမားတဲ့ အရည်အသွေး ရှိနေတာကို သိနေလို့ပါ။
ဒါပေမယ့် ယူနိုက်တက်မှာ အလုပ်မဖြစ်ဘဲ ကစားခွင့် မရခဲ့ဘူးဆိုရင် သူ တစ်နေရာကို ပြောင်းရွေ့ သင့်ပါတယ်။” လို့ အကြံပေးသွား ပါတယ်။
Viber No => 09 969 710 910
Shwe Casino Facebook Page Link => https://bit.ly/3AQZRVp
Shwe Casino App Download Link => https://bit.ly/3k41mc4
zawgyi