ရော်နယ်ဒိုကြီးရဲ့စံချိန်ကိုလိုက်မီသွားတဲ့ မက်ဆီနဲ့ဆွာရက်ဇ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သောကြာနံနက်ကစားသွားတဲ့ တောင်အမေရိကဇုန်ခြေစစ်ပွဲတွေမှာ မက်ဆီရော ဆွာရက်ဇ်ပါဂိုးသွင်းနိုင်ခဲ့ကြတဲ့အတွက် သူတို့နှစ်ယောက်ဟာ ဘရာဇီးဂန္ထဝင်တိုက်စစ်မှုးဟောင်းရော်နယ်ဒိုရဲ့စံချိန်တစ်ခုကို လိုက်မီသွားပါတယ်။ အဲဒါကတော့ တောင်အမေရိကအသင်းတစ်သင်းအတွက် ပြိုင်ပွဲအသွင်ဂိုးအမာျးဆုံးသွင်းသူဆိုတဲ့စံချိန်ပါ။

အခုဆိုရင် သူတို့ ၃ ယောက်စလုံးဟာ အဲဒီနေရာမှာ ၃၉ ဂိုးစီတူညီသွားကြတာပါ။ ရော်နယ်ဒိုရဲ့စံချိန်ကိုအရင်လိုက်မီခဲ့တာက ဆွာရက်ဇ်ဖြစ်ပြီး ချီလီကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပထမပိုင်းရတဲ့ပင်နယ်တီကို သွင်းယူခဲ့တာပါ။

မက်ဆီကလည်း ဆွာရက်ဇ်လိုပဲ ပင်နယ်တီသွင်းဂိုးနဲ့ ရော်နယ်ဒိုရဲ့စံချိန်ကိုလိုက်မီခဲ့တာဖြစ်ပြီး သူ့ရဲ့အဲဒီတစ်လုံးတည်းသောသွင်းဂိုးနဲ့ပဲ အီကွေဒေါကိုအနိုင်ရခဲ့တာပါ။ ဒါပေမဲ့ နိုင်ငံတကာအဆင့်သွင်းဂိုးမှာတော့ မက်ဆီဟာ ရော်နယ်ဒိုနဲ့ဆွာရက်ဇ်တို့နှစ်ယောက်စလုံးထက်ပိုသွင်းယူထားပြီး အာဂျင်တီးနားအသင်းကြီးအတွက် ၇၁ ဂိုးသွင်းယူပေးထားတာပါ။

မက်ဆီဟာ အီကွေဒေါနဲ့ပွဲမှာ အခွင့်အရေးတွေဖန်တီးအသုံးချဖို့ ရုန်းကန်ခဲ့ရပြီး ပြိုင်ဘက်ပင်နယ်တီဧရိယာထဲမှာ တစ်ကြိမ်သာ ဘောလုံးထိခဲ့ကာ အဲဒါကလည်း ပွဲချိန်အစောပိုင်းမှာ ပင်နယ်တီကန်သွင်းခဲ့တာပါ။ ဒီလိုပဲ ဆွာရက်ဇ်ကလည်း ချီလီနဲ့ပွဲမှာ မိနစ် ၉၀ လုံးလုံး တစ်ကြိမ်သာကန်သွင်းနိုင်ခဲ့ပြီး အဲဒါကလည်း ပင်နယ်တီက ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေရာ္နယ္ဒိုႀကီးရဲ႕စံခ်ိန္ကိုလိုက္မီသြားတဲ့ မက္ဆီနဲ႔ဆြာရက္ဇ္

ေသာၾကာနံနက္ကစားသြားတဲ့ ေတာင္အေမရိကဇုန္ေျခစစ္ပြဲေတြမွာ မက္ဆီေရာ ဆြာရက္ဇ္ပါဂိုးသြင္းႏိုင္ခဲ့ၾကတဲ့အတြက္ သူတုိ႔ႏွစ္ေယာက္ဟာ ဘရာဇီးဂႏၳ၀င္တိုက္စစ္မႈးေဟာင္းေရာ္နယ္ဒိုရဲ႕စံခ်ိန္တစ္ခုကို လိုက္မီသြားပါတယ္။ အဲဒါကေတာ့ ေတာင္အေမရိကအသင္းတစ္သင္းအတြက္ ၿပိဳင္ပြဲအသြင္ဂိုးအမာ်းဆုံးသြင္းသူဆုိတဲ့စံခ်ိန္ပါ။

အခုဆုိရင္ သူတုိ႔ ၃ ေယာက္စလုံးဟာ အဲဒီေနရာမွာ ၃၉ ဂိုးစီတူညီသြားၾကတာပါ။ ေရာ္နယ္ဒိုရဲ႕စံခ်ိန္ကိုအရင္လိုက္မီခဲ့တာက ဆြာရက္ဇ္ျဖစ္ၿပီး ခ်ီလီကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ ပထမပိုင္းရတဲ့ပင္နယ္တီကို သြင္းယူခဲ့တာပါ။

မက္ဆီကလည္း ဆြာရက္ဇ္လုိပဲ ပင္နယ္တီသြင္းဂိုးနဲ႔ ေရာ္နယ္ဒိုရဲ႕စံခ်ိန္ကိုလိုက္မီခဲ့တာျဖစ္ၿပီး သူ႔ရဲ႕အဲဒီတစ္လုံးတည္းေသာသြင္းဂိုးနဲ႔ပဲ အီေကြေဒါကိုအႏိုင္ရခဲ့တာပါ။ ဒါေပမဲ့ ႏိုင္ငံတကာအဆင့္သြင္းဂိုးမွာေတာ့ မက္ဆီဟာ ေရာ္နယ္ဒိုနဲ႔ဆြာရက္ဇ္တို႔ႏွစ္ေယာက္စလုံးထက္ပိုသြင္းယူထားၿပီး အာဂ်င္တီးနားအသင္းႀကီးအတြက္ ၇၁ ဂိုးသြင္းယူေပးထားတာပါ။

မက္ဆီဟာ အီေကြေဒါနဲ႔ပြဲမွာ အခြင့္အေရးေတြဖန္တီးအသုံးခ်ဖို႔ ရုန္းကန္ခဲ့ရၿပီး ၿပိဳင္ဘက္ပင္နယ္တီဧရိယာထဲမွာ တစ္ႀကိမ္သာ ေဘာလုံးထိခဲ့ကာ အဲဒါကလည္း ပြဲခ်ိန္အေစာပိုင္းမွာ ပင္နယ္တီကန္သြင္းခဲ့တာပါ။ ဒီလုိပဲ ဆြာရက္ဇ္ကလည္း ခ်ီလီနဲ႔ပြဲမွာ မိနစ္ ၉၀ လုံးလုံး တစ္ႀကိမ္သာကန္သြငး္ႏိုင္ခဲ့ၿပီး အဲဒါကလည္း ပင္နယ္တီက ျဖစ္ပါတယ္။