ရော်နယ်ဒိုကောင်းကောင်းမကစားရင် ဘာမှမလုပ်တတ်တဲ့ ဂျူဗင်တပ်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညက ချန်ပီယံလိဂ်ပွဲမှာတော့ အိမ်ရှင်ပေါ်တို အသင်းက ရော်နယ်ဒိုဦးဆောင်လာတဲ့ ဂျူဗင်တပ်စ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပေါ်တို အသင်းဟာ အိမ်ကွင်းမှာ ဂျူဗင်တပ်စ်အသင်းကို အတောင့်တင်းဆုံး လူအင်အားနဲ့ ရင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြိုင်ပွဲစုံနောက်ဆုံး ၆ ပွဲမှာ သွင်းဂိုး ၁ဂိုးတည်းသာ ရရှိခဲ့ပါတယ်။ အဆိုပါ ၆ ပွဲမှာလည်း ရှုံးပွဲက ၃ ပွဲအထိ ရှိသွားခဲ့ပြီဖြစ်လို့ ဒိုလေးသာ ဂိုးမရဘူးဆိုရင် အသင်းအရေးနိမ့်နိုင်ချေက ၅၀% မှာ ရှိနေတယ်ဆိုတာ သတိပြုစရာကောင်းနေပါပြီ။

အဲဒီပွဲစဉ်ရဲ့ ပွဲကစားချိန် ၂ မိနစ်လောက်မှာ ပေါ်တိုအသင်းက ဦးဆောင်ဂိုး ရရှိခဲ့ပြီး တာရီမီက သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ဒုတိယဂိုးကို မာရီဂါက ပွဲကစားချိန် ၄၆ မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဧည့်သည်ဂျူဗင်တပ်စ် အတွက် တစ်လုံးတည်းသော အဖိုးတန်ချေပဂိုးကို ပွဲကစားချိန် ၈၂ မိနစ်မှာ ချီဆာက သွင်းယူပေးခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပွဲချိန်ပြည့်ပါဝင်ကစားပေးခဲ့ပြီး ဂိုးရဖို့အတွက် ကြိုးစားအားထုတ်ခဲ့ပေမယ့် စိတ်ထင်တိုင်းမစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ရော်နယ်ဒိုဟာ တစ်ဖက်မှာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲ ၃ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ပေါ်တိုနဲ့ပွဲမှာတော့ ဂိုးပေါက်ပျောက်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်နည်းပြ ပီယာလိုကတော့ ဦးဆောင်ဂိုး ပေးလိုက်ရပုံနဲ့ ပတ်သက်ပြီး ပေါက်ကွဲလျက် ရှိနေပါတယ်။ ပီယာလိုက “ကျွန်တော်တို့ အဲဒီပွဲအတွက် သေချာပြင်ဆင်လာခဲ့ပြီး ဒီလို ကစားပုံမျိုး မလိုချင် ခဲ့ပေမယ့် ပွဲအစမှာတင် အရန်သင့် ဦးဆောင်ဂိုး ပေးလိုက်တာက အရာအားလုံးကို ခက်ခဲသွားစေပါတယ်။”

“ပွဲအစ၁မိနစ်လောက်မှာ ဂိုးပေးလိုက်ရတာ ထူးဆန်းပါတယ်။ ခံစစ်ပိုင်းအားသန်တဲ့ အသင်းနဲ့ တွေ့တဲ့အခါ ကစားသမားတွေ ယုံကြည်မှုပျောက်ကုန်တာ ပုံမှန်ပါပဲ။ ဂိုးပေးလိုက်ရပြီးတဲ့နောက် ကျွန်တော်တို့ ချဉ်းကပ်တဲ့ ပုံစံက မှားယွင်းခဲ့တာရှိပါတယ်” ဆိုပြီး ပြောပါတယ်။ ရော်နယ်ဒို မကယ်ရင် ဂျူဗင်တပ်စ်အတွက် ရှင်သန်နိုင်မယ့် လမ်းရှိပါ့မလား။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

​ေရာ္နယ္ဒို​ေကာင္း​ေကာင္းမကစားရင္ ဘာမွမလုပ္တတ္တဲ့ ဂ်ဴဗင္တပ္စ္

မေန႔ညက ခ်န္ပီယံလိဂ္ပြဲမွာေတာ့ အိမ္ရွင္ေပၚတို အသင္းက ေရာ္နယ္ဒိုဦးေဆာင္လာတဲ့ ဂ်ဴဗင္တပ္စ္အသင္းကို ၂-၁ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ေပၚတို အသင္းဟာ အိမ္ကြင္းမွာ ဂ်ဴဗင္တပ္စ္အသင္းကို အေတာင့္တင္းဆုံး လူအင္အားနဲ႔ ရင္ဆိုင္လာခဲ့တာျဖစ္ပါတယ္။ေရာ္နယ္ဒိုဟာ ၿပိဳင္ပြဲစုံေနာက္ဆုံး ၆ပြဲမွာ သြင္းဂိုး ၁ဂိုးတည္းသာရရွိခဲ့ပါတယ္။ အဆိုပါ ၆ ပြဲမွာလည္း ရႈံးပြဲက ၃ ပြဲအထိ ရွိသြားခဲ့ၿပီျဖစ္လို႔ ဒို​ေလးသာ ဂိုးမရဘူးဆိုရင္ အသင္းအေရးနိမ့္ႏိုင္ေခ်က ၅၀% မွာ ရွိေနတယ္ဆိုတာ သတိျပဳစရာေကာင္းေနပါၿပီ။

အဲဒီပြဲစဥ္ရဲ႕ ပြဲကစားခ်ိန္ ၂ မိနစ္​ေလာက္မွာ ေပၚတိုအသင္းက ဦးေဆာင္ဂိုး ရရွိခဲ့ၿပီး တာရီမီက သြင္းယူေပးခဲ့ပါတယ္။ အဲဒီေနာက္ ဒုတိယဂိုးကို မာရီဂါက ပြဲကစားခ်ိန္ ၄၆ မိနစ္မွာ သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဧည့္သည္ဂ်ဴဗင္တပ္စ္ အတြက္ တစ္လုံးတည္းေသာ အဖိုးတန္ေခ်ပဂိုးကို ပြဲကစားခ်ိန္ ၈၂ မိနစ္မွာ ခ်ီဆာက သြင္းယူေပးခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ပြဲခ်ိန္ျပည့္ပါဝင္ကစားေပးခဲ့ၿပီး ဂိုးရဖို႔အတြက္ ႀကိဳးစားအားထုတ္ခဲ့ေပမယ့္ စိတ္ထင္တိုင္းမစြမ္း​ေဆာင္ႏိုင္ခဲ့ပါဘူး။ ​ေရာ္နယ္ဒိုဟာ တစ္ဖက္မွာ ေနာက္ဆုံးကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲ ၃ပြဲဆက္တိုက္ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ေပၚတိုနဲ႔ပြဲမွာေတာ့ ဂိုးေပါက္ေပ်ာက္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္နည္းျပ ပီယာလိုက​ေတာ့ ဦးေဆာင္ဂိုး ေပးလိုက္ရပုံနဲ႔ ပတ္သက္ၿပီး ေပါက္ကြဲလ်က္ ရွိေနပါတယ္။ ပီယာလိုက “ကြၽန္ေတာ္တို႔ အဲဒီပြဲအတြက္ ေသခ်ာျပင္ဆင္လာခဲ့ၿပီး ဒီလို ကစားပုံမ်ိဳး မလိုခ်င္ ခဲ့ေပမယ့္ ပြဲအစမွာတင္ အရန္သင့္ ဦးေဆာင္ဂိုး ​ေပးလိုက္တာက အရာအားလုံးကို ခက္ခဲသြားေစပါတယ္။”

“ပြဲအစ၁မိနစ္​ေလာက္မွာ ဂိုးေပးလိုက္ရတာ ထူးဆန္းပါတယ္။ ခံစစ္ပိုင္းအားသန္တဲ့ အသင္းနဲ႔ ေတြ႕တဲ့အခါ ကစားသမားေတြ ယုံၾကည္မႈေပ်ာက္ကုန္တာ ပုံမွန္ပါပဲ။ ဂိုးေပးလိုက္ရၿပီးတဲ့ေနာက္ ကြၽန္ေတာ္တို႔ ခ်ဥ္းကပ္တဲ့ ပုံစံက မွားယြင္းခဲ့တာရွိပါတယ္” ဆိုၿပီး ​ေျပာပါတယ္။ ​ေရာ္နယ္ဒို မကယ္ရင္ ဂ်ဴဗင္တပ္စ္အတြက္ ရွင္သန္ႏိုင္မယ့္ လမ္းရွိပါ့မလား။