ရော်နယ်ဒိုကို အတုခိုးပြီး ကိုကာကိုလာပုလင်းဖယ်ရှားပြန်တဲ့ မန်နူရယ် လိုကာတယ်လီ

မန်နူရယ် လိုကာတယ်လီဟာ ယမန်နေ့ညက ဆွစ်ဇာလန်ကို ၃ဂိုးပြတ်

အနိုင်ရခဲ့တဲ့ပွဲမှာ ၂ဂိုးသွင်းခဲ့ပြီးနောက် ကမ္ဘာ့အဆင့် ကွင်းလယ်လူတစ်ယောက်အဖြစ်

သက်သေပြနိုင်ခဲ့ပါတယ်။ လိုကာတယ်လီဟာ ဘီရာဒီရဲ့ ဖြတ်တင်ဘောကနေ

အီတလီ အတွက် ဦးဆောင်ဂိုးအဖြစ် ပိတ်သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အီတလီအတွက် ဒုတိယဂိုးကို လှလှပပ ကန်သွင်းကာ ရယူသွားခဲ့ပါတယ်။

၂၃နှစ်အရွယ် လိုကာတယ်လီဟာ အီတလီ ၃ – ၀ ဆွစ်ဇာလန် ပွဲစဉ်မှာ အကောင်းဆုံး

ကစားသမားဆု ရရှိခဲ့ပါတယ်။

အေစီမီလန် အကယ်ဒမီထွက် လိုကာတယ်လီဟာ အီတလီမှာ ၂ပွဲပဲ

ကစားရသေးပေမယ့် ဥရောပထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားခြင်းခံနေရပါတယ်။

အီတလီ အသင်းဟာ ယမန်နေ့ညက နိုင်ပွဲအပြီး အုပ်စုAကို ဇယားထိပ်ဆုံးကနေ ဦးဆောင်နေကာ

ရှုံးထွက်အဆင့်ကို စောစောစီးစီး တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ လိုကာတယ်လီဟာ စီရော်နယ်ဒိုရဲ့အပြုအမူကို

အတုခိုးပြီး ကိုကာကိုလာ အအေးပုလင်းတွေကို ဖယ်ရှားခဲ့ပါတယ်။ လိုကာတယ်လီဟာ

စားပွဲမှာ မထိုင်ခင် ရေဘူးကို နေရာအရင်ချပြီး၊ ကင်မရာဘောင်ထဲ(သို့) သူ့မြင်ကွင်းရှေ့မှာ

ကိုကာကိုလာပုလင်းတွေမပေါ်စေဖို့ အအေးပုလင်းတွေကို ဘေးဘက်ကို ရွှေ့ပြောင်းခဲ့ပါတယ်။

ရေဘူးဆိုတဲ့ စကားသံလည်း ထွက်ခဲ့ပါသေးတယ်။

ကိုကာကိုလာအတွက်တော့ စိတ်မကောင်းစရာပါပဲ။ လိုကာတယ်လီဟာ

အအေးပုလင်းတွေကို ဖယ်ရှားခဲ့ပေမယ့် ဟန်နီကမ်ဘီယာပုလင်းကိုတော့ မဖယ်ရှားခဲ့ပါဘူး။

စီရော်နယ်ဒိုရဲ့လုပ်ရပ်ကြောင့် ကိုကာကိုလာကုမ္ပဏီဟာ ရှယ်ယာဈေးတွေကျဆင်းနေပြီး

အခုလို လိုကာတယ်လီရဲ့နောက်ထပ် ပစ်ပယ်မှုကြောင့် အခြေအနေပိုဆိုးသွားနိုင်ပါတယ်။

UEFA နဲ့ ကိုကာကိုလာတို့ကတော့ ဘောလုံးသမားတွေနဲ့ ညှိဖို့လိုအပ်နေပါပြီ။

ဈေးကွက်ယှဉ်ပြိုင်မှုသဘောတရားအရ ကိုကာကိုလာကို ဘယ်သူတွေက တိုက်ခိုက်နေတာပါလဲ။

အဲလိုမှမဟုတ်ရင် ကြော်ငြာဈေးကွက်အရ ကစားသမားတွေကပဲ စပွန်ဆာပေးဖို့ အအေးကုမ္ပဏီကို

တစ်နည်းနည်းနဲ့ လှုံ့ဆော်သတိပေးနေတာပါလား။

Zawgyi Version

ေရာ္နယ္ဒိုကို အတုခိုးၿပီး

ကိုကာကိုလာပုလင္းဖယ္ရွားျပန္တဲ့ မန္ႏူရယ္ လိုကာတယ္လီ

မန္ႏူရယ္ လိုကာတယ္လီဟာ ယမန္ေန႔ညက ဆြစ္ဇာလန္ကို ၃ဂိုးျပတ္

အႏိုင္ရခဲ့တဲ့ပြဲမွာ ၂ဂိုးသြင္းခဲ့ၿပီးေနာက္ ကမာၻ႔အဆင့္ ကြင္းလယ္လူတစ္ေယာက္အျဖစ္

သက္ေသျပႏိုင္ခဲ့ပါတယ္။ လိုကာတယ္လီဟာ ဘီရာဒီရဲ႕ ျဖတ္တင္ေဘာကေန

အီတလီ အတြက္ ဦးေဆာင္ဂိုးအျဖစ္ ပိတ္သြင္းယူခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း အီတလီအတြက္ ဒုတိယဂိုးကို လွလွပပ ကန္သြင္းကာ

ရယူသြားခဲ့ပါတယ္။ ၂၃ႏွစ္အရြယ္ လိုကာတယ္လီဟာ အီတလီ ၃ – ၀ ဆြစ္ဇာလန္ ပြဲစဥ္မွာ

အေကာင္းဆုံး ကစားသမားဆု ရရွိခဲ့ပါတယ္။

ေအစီမီလန္ အကယ္ဒမီထြက္ လိုကာတယ္လီဟာ အီတလီမွာ ၂ပြဲပဲ ကာစားရေသးေပမယ့္

ဥေရာပထိပ္တန္းအသင္းေတြရဲ႕ စိတ္ဝင္စားျခင္းခံေနရပါတယ္။ အီတလီ အသင္းဟာ

ယမန္ေန႔ညက ႏိုင္ပြဲအၿပီး အုပ္စုAကို ဇယားထိပ္ဆုံးကေန ဦးေဆာင္ေနကာ ရႈံးထြက္အဆင့္ကို

ေစာေစာစီးစီး တက္ေရာက္သြားခဲ့ၿပီ ျဖစ္ပါတယ္။

ႏိုင္ပြဲအၿပီးသတင္းစာရွင္းလင္းပြဲမွာ

လိုကာတယ္လီဟာ စီေရာ္နယ္ဒိုရဲ႕အျပဳအမူကို အတုခိုးၿပီး ကုိကာကိုလာ

အေအးပုလင္းေတြကို ဖယ္ရွားခဲ့ပါတယ္။ လိုကာတယ္လီဟာ စားပြဲမွာ မထိုင္ခင္ ေရဘူးကို

ေနရာအရင္ခ်ၿပီး၊ ကင္မရာေဘာင္ထဲ(သုိ႔) သူ႔ျမင္ကြင္းေရွ႕မွာ

ကိုကာကိုလာပုလင္းေတြမေပၚေစဖို႔ အေအးပုလင္းေတြကို

ေဘးဘက္ကို ေရႊ႕ေျပာင္းခဲ့ပါတယ္။ ေရဘူးဆိုတဲ့ စကားသံလည္

း ထြက္ခဲ့ပါေသးတယ္။

ကိုကာကိုလာအတြက္ေတာ့ စိတ္မေကာင္းစရာပါပဲ။ လိုကာတယ္လီဟာ

အေအးပုလင္းေတြကို ဖယ္ရွားခဲ့ေပမယ့္ ဟန္နီကမ္ဘီယာပုလင္းကိုေတာ့ မဖယ္ရွားခဲ့ပါဘူး။

စီေရာ္နယ္ဒိုရဲ႕လုပ္ရပ္ေၾကာင့္ ကိုကာကိုလာကုမၸဏီဟာ ရွယ္ယာေစ်းေတြက်ဆင္းေနၿပီး

အခုလို လုိကာတယ္လီရဲ႕ေနာက္ထပ္ ပစ္ပယ္မွဳေၾကာင့္ အေျခအေနပိုဆိုးသြားႏိုင္ပါတယ္။

UEFA နဲ႔ ကိုကာကိုလာတို႔ကေတာ့ ေဘာလုံးသမားေတြနဲ႔ ညိွဖို႔လိုအပ္ေနပါၿပီ။

ေစ်းကြက္ယွဥ္ၿပိဳင္မွဳသေဘာတရားအရ ကိုကာကိုလာကို ဘယ္သူေတြက တိုက္ခိုက္ေနတာပါလဲ။

အဲလိုမွမဟုတ္ရင္ ေၾကာ္ျငာေစ်းကြက္အရ ကစားသမားေတြကပဲ စပြန္ဆာေပးဖို႔ အေအးကုမၸဏီကို

တစ္နည္းနည္းနဲ႔ လွံဳ႕ေဆာ္သတိေပးေနတာပါလား။