
Photo Credit
Photo Credit
ရီးရဲလ်ဟာ ရော်နယ်ဒို ထွက်ခွာသွားပြီးနောက်ပိုင်း ၂ရာသီဆက် ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပေမယ့် ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီလည်း သူ့ရဲ့ အကြီးမားဆုံးပြိုင်ဘက်နဲ့ အရင်တုန်းက အားပြိုင်ခဲ့ရတာတွေကို လွမ်းနေတဲ့ပုံစံပါပဲ။
Photo Credit
မက်ဆီနဲ့ရော်နယ်ဒိုတို့ဟာ ဆယ်စုနှစ်တစ်ခုနီးပါးအကြာ အယ်လ်ကလက်စီကိုပွဲကို ကမ္ဘာ့အကောင်းဆုံးပွဲတစ်ပွဲအဖြစ် စုပေါင်းဖန်တီးနိုင်ခဲ့ပြီး သူတို့နှစ်ဦးစလုံးကလည်း စံချိန်တွေအများအပြား တင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၈ နွေရာသီမှာ ဂျူဗင်တပ်စ်ကို ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ပြောင်းရွှေ့သွားပြီးနောက်ပိုင်း အယ်လ်ကလက်စီကိုပွဲက အရသာပေါ့သွားသလို စပိန်ဘောလုံးလောကရဲ့အကြီးမားဆုံးပွဲတွေမှာ မက်ဆီရဲ့စွမ်းဆောင်ရည်လည်း အရင်ကလိုမဟုတ်တော့ပါဘူး။
Photo Credit
အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီဟာ တနင်္ဂနွေနေ့က ရီးရဲလ်ကို ၂-၀ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရပြီး ရီးရဲလ်အတွက် ဗင်နီစီးယပ်စ်နဲ့ မာရီယာနိုဒီယက်ဇ်တို့က ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။ မက်ဆီဟာ အယ်လ်ကလက်စီပွဲတွေမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၂၆ဂိုးနဲ့ ရပ်တည်နေပေမယ့် နောက်ပိုင်းပွဲတွေမှာတော့ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်လာရပါတယ်။
Photo Credit
သူဟာ နောက်ဆုံးကစားခဲ့တဲ့ အယ်လ်ကလက်စီကို ၅ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့ရသလို ဂိုးဖန်တီးမှုလည်း တစ်ကြိမ်မှမပြုလုပ်နိုင်ခဲ့ဘဲ အဲဒီစံချိန်ဆိုးက မက်ဒရစ်ကနေ ရော်နယ်ဒို ထွက်ခွာသွားပြီးနောက်ပိုင်း စတင်ခဲ့တာပါ။ မက်ဆီဟာ ရော်နယ်ဒိုရဲ့နောက်ဆုံးအယ်လ်ကလက်စီပွဲအဖြစ် ၂၀၁၈ မေလက ၂-၂ ဂိုးသရေကျခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ရော်နယ်ဒိုမပါဝင်တော့တဲ့ အယ်လ်ကလက်စီကို ၅ပွဲဆက် ဂိုးပေါက်ပျောက်နေရတာပါ။
Photo Credit
ဘာစီလိုနာအသင်းလည်း မက်ဆီ ဂိုးပေါက်ပျောက်ချိန်မှာ ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး အထူးသဖြင့် မက်ဆီဟာ ၂၀၀၇ မတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဝေးကွင်း ၇ပွဲဆက်ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။ ဘာစီလိုနာအသင်းလည်း ၂၀၁၂-၁၃ ရာသီနောက်ပိုင်း လာလီဂါတစ်ရာသီအတွင်း ရီးရဲလ်ကို ပထမဆုံးအကြိမ် နိုင်ပွဲပျောက်ခဲ့ရသလို ပ-အကျော့တုန်းက ဂိုးမရှိသရေကျခဲ့လို့ ၁၉၇၅ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အယ်လ်ကလက်စီကို ၂ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။
Photo Credit
Zawgyi
ေရာ္နယ္ဒိုကို မက္ဆီ လြမ္းေနၿပီလား…အယ္လ္ကလက္စီကိုမွတ္တမ္းဆုိးတင္သြားရတဲ့ မက္ဆီ
ရီးရဲလ္ဟာ ေရာ္နယ္ဒို ထြက္ခြာသြားၿပီးေနာက္ပိုင္း ၂ရာသီဆက္ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ေနရေပမယ့္ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီလည္း သူ႕ရဲ႕ အႀကီးမားဆုံးၿပိဳင္ဘက္နဲ႔ အရင္တုန္းက အားၿပိဳင္ခဲ့ရတာေတြကို လြမ္းေနတဲ့ပုံစံပါပဲ။
မက္ဆီနဲ႔ေရာ္နယ္ဒုိတို႔ဟာ ဆယ္စုႏွစ္တစ္ခုနီးပါးအၾကာ အယ္လ္ကလက္စီကိုပြဲကို ကမၻာ့အေကာင္းဆုံးပြဲတစ္ပြဲအျဖစ္ စုေပါင္းဖန္တီးႏိုင္ခဲ့ၿပီး သူတုိ႔ႏွစ္ဦးစလုံးကလည္း စံခ်ိန္ေတြအမ်ားအျပား တင္ႏိုင္ခ့ဲပါတယ္။ ဒါေပမဲ့ ၂၀၁၈ ေႏြရာသီမွာ ဂ်ဴဗင္တပ္္စ္ကို ရီးရဲလ္တုိက္စစ္မွဴး ေရာ္နယ္ဒို ေျပာင္းေရႊ႕သြားၿပီးေနာက္ပိုင္း အယ္လ္ကလက္စီကိုပဲြက အရသာေပါ့သြားသလုိ စပိန္ေဘာလံုးေလာကရဲ႕အႀကီးမားဆုံးပဲြေတြမွာ မက္ဆီရဲ႕စြမ္းေဆာင္ရည္လည္း အရင္ကလုိမဟုတ္ေတာ့ပါဘူး။
အာဂ်င္တီးနားအသင္းေခါင္းေဆာင္မက္ဆီဟာ တနဂၤေႏြေန႔က ရီးရဲလ္ကို ၂-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲမွာ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ခဲ့ရၿပီး ရီးရဲလ္အတြက္ ဗင္နီစီးယပ္စ္နဲ႔ မာရီယာႏိုဒီယက္ဇ္တို႔က ဂိုးေတြသြင္းယူႏိုင္ခဲ့ပါတယ္။ မက္ဆီဟာ အယ္လ္ကလက္စီပြဲေတြမွာ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ၂၆ဂိုးနဲ႔ ရပ္တည္ေနေပမယ့္ ေနာက္ပိုင္းပြဲေတြမွာေတာ့ ဂုိးသြင္းႏုိင္ဖို႔ ႐ုန္းကန္လာရပါတယ္။
သူဟာ ေနာက္ဆုံးကစားခဲ့တ့ဲ အယ္လ္ကလက္စီကို ၅ပဲြမွာ ဂိုးေပါက္ေပ်ာက္ခဲ့ရသလို ဂုိးဖန္တီးမႈလည္း တစ္ႀကိမ္မွမျပဳလုပ္ႏိုင္ခဲ့ဘဲ အဲဒီစံခ်ိန္ဆုိးက မက္ဒရစ္ကေန ေရာ္နယ္ဒို ထြက္ခြာသြားၿပီးေနာက္ပိုင္း စတင္ခ့ဲတာပါ။ မက္ဆီဟာ ေရာ္နယ္ဒိုရဲ႕ေနာက္ဆုံးအယ္လ္ကလက္စီပြဲအျဖစ္ ၂၀၁၈ ေမလက ၂-၂ ဂိုးသေရက်ခဲ့တဲ့ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ေရာ္နယ္ဒိုမပါ၀င္ေတာ့တဲ့ အယ္လ္ကလက္စီကို ၅ပြဲဆက္ ဂုိးေပါက္ေပ်ာက္ေနရတာပါ။
ဘာစီလုိနာအသင္းလည္း မက္ဆီ ဂိုးေပါက္ေပ်ာက္ခ်ိန္မွာ ဂိုးရဖို႔ ႐ုန္းကန္ခဲ့ရၿပီး အထူးသျဖင့္ မက္ဆီဟာ ၂၀၀၇ မတ္လေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ အေ၀းကြင္း ၇ပဲြဆက္ဂိုးေပါက္ေပ်ာက္ခဲ့ရပါတယ္။ ဘာစီလုိနာအသင္းလည္း ၂၀၁၂-၁၃ ရာသီေနာက္ပိုင္း လာလီဂါတစ္ရာသီအတြင္း ရီးရဲလ္ကို ပထမဆုံးအႀကိမ္ ႏိုင္ပြဲေပ်ာက္ခဲ့ရသလို ပ-အေက်ာ့တုန္းက ဂိုးမရွိသေရက်ခဲ့လုိ႔ ၁၉၇၅ ေနာက္ပိုင္း ပထမဆံုးအႀကိမ္အျဖစ္ အယ္လ္ကလက္စီကို ၂ပြဲဆက္ ဂိုးေပါက္ေပ်ာက္ခဲ့ရပါတယ္။