
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
စီရော်နယ်ဒိုတစ်ယောက် မန်စီးတီးနှင့်သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပြီး နောက် ယူနိုက်တက်အသင်းဖော် ဟောင်းများက ယူနိုက်တက်ဆီကိုသာပြန်လာဖို့ဖုန်းခေါ် တိုက်တွန်းခဲ့ကြပါတယ်။
စီးတီးဆီသွားမယ်ဆိုတဲ့ သတင်းကြောင့် ယူနိုက်တက်ပရိသတ်အချို့ဟာ ဒိုလေးအပေါ် ဒေါသ ထွက်ခဲ့ကြပါသေးတယ်။
ဂျောမန်ဒက်စ်က စီရော်နယ်ဒိုကို နွေအပြောင်းအရွှေ့ဈေးကွက်၌ယူနိုက်တက်ဆီ ရောက်ရှိဖို့တစ်ချိန်လုံးကြိုးပမ်းခဲ့ပြီး ဂျူဗင်တပ်စ်ရဲ့ငြင်းဆန်မှု၊ ယူနိုက်တက်ရဲ့လျစ်လျူရှု့မှုကြောင့် မန်စီးတီးနှင့်ဆွေးနွေးမှုစလိုက်ပြီး ကတုံးကြီးကို ဗီလိန်ဇာတ်ပို့ လုပ်ခိုင်းလိုက်တာပါ။
ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်ရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာပြီး မိနစ် ၄၀ကြာ အသင်းဖော်တွေကို နှုတ်ဆက်ခဲ့ပြီး နာရီအနည်းငယ်အတွင်း စီးတီးနဲ့ ပူးပေါင်း မယ်ဆိုတဲ့ သတင်းတွေထွက်ချိန်ထိ ယူနိုက်တက်နဲ့ ချိတ်တယ်ဆိုတဲ့ သတင်းတွေ မထွက်သေးပါဘူး။
ဒါပေမယ့် သရဲနီသားတွေက ဒိုလေး မြို့ခံပြိုင်ဘက်အသင်းဆီ မရောက်ဖို့ ကြိုတင်ပြီး ဆက်သွယ်ရေးကွန်ရက်တွေနဲ့ လှုပ်ရှားနေခဲ့ကြတာပါ။
ရော်နယ်ဒို သရဲနီဂျာစီပြန်လည် ဝတ်ဆင်ရေးအတွက် ဖာဒီနန်က UK စံတော်ချိန် မနက် (1)နာရီခွဲကစပြီး စီရော်နယ်ဒိုကို မကြာခဏစာပို့ပြီး ယူနိုက်တက်ဆီပြောင်းဖို့တိုက်တွန်းခဲ့ ပါတယ်။
ဒါ့အပြင် ဖာဂူဆန်၊ ဖာနန်ဒက်စ်၊ အီဗရာ၊ ဆိုးလ်ရှားတို့ရဲ့ ကြိုးစားမှုတွေလည်း ပါပါတယ်။
အဲဒီနောက် ဆိုးလ်ရှား က အက်ဝုဒ်ဝက်ကို စီရော်နယ်ဒိုကိစ္စအတွက် ချက်ချင်း လုပ်ဆောင်ပေးဖို့ပြောဆိုခဲ့ပြီး အဲဒီလို ပြောကြားပြီး နောက် အက်ဝုဒ်ဝက်လည်း အပြောင်းအရွှေ့ဖြစ်မြောက် ရေးကို ဂျူဗင်တပ်စ်နှင့်ချက်ချင်းဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက်ရော်နယ်ဒိုအတွက် လစ္စဘွန်းမှာဆေးစစ်တော့မှာ ဖြစ်ကြောင်းနဲ့အတူ လုပ်ခငွေ ၄သိန်း ၈သောင်း ရော်နယ်ဒိုအတွက် ယူနိုက်တက်တို့ဟာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ကြေး အဖြစ် ယူရို ၁၅သန်း နဲ့ အပိုဆုကြေး ၈သန်းပေးချေမယ်ဆိုတဲ့ သတင်းတွေတက်လာခဲ့ပါတယ်။
အပြာရောင် အလံအောက် ခိုလှုံမယ်ဆိုပြီး အသံလွှင့်ပြီးနောက် ၂နာရီ ၃နာရီ ဝန်းကျင်မှာပဲ ဒိုလေးက အနီရောင် အိမ်ဆီ ပြန်လာခဲ့တာပါ။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ေရာ္နယ္ဒိုကို ျပန္ေခၚဖို႔ နာရီပိုင္းသာ ႀကိဳးစားခဲ့ရတဲ့ ယူႏိုက္တက္
စီေရာ္နယ္ဒိုတစ္ေယာက္ မန္စီးတီးႏွင့္သတင္းမ်ားက်ယ္က်ယ္ျပန႔္ျပန႔္ထြက္ၿပီး ေနာက္ ယူႏိုက္တက္အသင္းေဖာ္ ေဟာင္းမ်ားက ယူႏိုက္တက္ဆီကိုသာျပန္လာဖို႔ဖုန္းေခၚ
တိုက္တြန္းခဲ့ၾကပါတယ္။ စီးတီးဆီသြားမယ္ဆိုတဲ့ သတင္းေၾကာင့္ ယူႏိုက္တက္ပရိသတ္အခ်ိဳ႕ဟာ ဒိုေလးအေပၚ ေဒါသ ထြက္ခဲ့ၾကပါေသးတယ္။
ေဂ်ာမန္ဒက္စ္က စီေရာ္နယ္ဒိုကို ေႏြအေျပာင္းအေ႐ႊ႕ေဈးကြက္၌ယူႏိုက္တက္ဆီ ေရာက္ရွိဖို႔တစ္ခ်ိန္လုံးႀကိဳးပမ္းခဲ့ၿပီး ဂ်ဴဗင္တပ္စ္ရဲ႕ျငင္းဆန္မႈ၊ ယူႏိုက္တက္ရဲ႕လ်စ္လ်ဴရႈ႕မႈေၾကာင့္ မန္စီးတီးႏွင့္ေဆြးေႏြးမႈစလိုက္ၿပီး ကတုံးႀကီးကို ဗီလိန္ဇာတ္ပို႔ လုပ္ခိုင္းလိုက္တာပါ။
ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္ရဲ႕ ေလ့က်င့္ေရးကြင္းကို ေရာက္ရွိလာၿပီး မိနစ္ ၄၀ၾကာ အသင္းေဖာ္ေတြကို ႏႈတ္ဆက္ခဲ့ၿပီး နာရီအနည္းငယ္အတြင္း စီးတီးနဲ႔ ပူးေပါင္း မယ္ဆိုတဲ့ သတင္းေတြထြက္ခ်ိန္ထိ ယူႏိုက္တက္နဲ႔ ခ်ိတ္တယ္ဆိုတဲ့ သတင္းေတြ မထြက္ေသးပါဘူး။ ဒါေပမယ့္ သရဲနီသားေတြက ဒိုေလး ၿမိဳ႕ခံၿပိဳင္ဘက္အသင္းဆီ မေရာက္ဖို႔ ႀကိဳတင္ၿပီး ဆက္သြယ္ေရးကြန္ရက္ေတြနဲ႔ လႈပ္ရွားေနခဲ့ၾကတာပါ။
ေရာ္နယ္ဒို သရဲနီဂ်ာစီျပန္လည္ ၀တ္ဆင္ေရးအတြက္ ဖာဒီနန္က UK စံေတာ္ခ်ိန္ မနက္ (1)နာရီခြဲကစၿပီး စီေရာ္နယ္ဒိုကို မၾကာခဏစာပို႔ၿပီး ယူႏိုက္တက္ဆီေျပာင္းဖို႔တိုက္တြန္းခဲ့ ပါတယ္။ ဒါ့အျပင္ ဖာဂူဆန္၊ ဖာနန္ဒက္စ္၊ အီဗရာ၊ ဆိုးလ္ရွားတို႔ရဲ႕ ႀကိဳးစားမႈေတြလည္း ပါပါတယ္။
အဲဒီေနာက္ ဆိုးလ္ရွား က အက္ဝုဒ္ဝက္ကို စီေရာ္နယ္ဒိုကိစၥအတြက္ ခ်က္ခ်င္း လုပ္ေဆာင္ေပးဖို႔ေျပာဆိုခဲ့ၿပီး အဲဒီလို ေျပာၾကားၿပီး ေနာက္ အက္ဝုဒ္ဝက္လည္း အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ ေရးကို ဂ်ဴဗင္တပ္စ္ႏွင့္ခ်က္ခ်င္းေဆြးေႏြးခဲ့ပါတယ္။
အဲဒီေနာက္ေရာ္နယ္ဒိုအတြက္ လစၥဘြန္းမွာေဆးစစ္ေတာ့မွာ ျဖစ္ေၾကာင္းနဲ႔အတူ လုပ္ခေငြ ၄သိန္း ၈ေသာင္း ေရာ္နယ္ဒိုအတြက္ ယူႏိုက္တက္တို႔ဟာ ဂ်ဴဗင္တပ္စ္ကို ေျပာင္းေ႐ႊ႕ေၾကး အျဖစ္ ယူ႐ို ၁၅သန္း နဲ႔ အပိုဆုေၾကး ၈သန္းေပးေခ်မယ္ဆိုတဲ့ သတင္းေတြတက္လာခဲ့ပါတယ္။ အျပာေရာင္ အလံေအာက္ ခိုလႈံမယ္ဆိုၿပီး အသံလႊင့္ၿပီးေနာက္ ၂နာရီ ၃နာရီ ၀န္းက်င္မွာပဲ ဒိုေလးက အနီေရာင္ အိမ္ဆီ ျပန္လာခဲ့တာပါ။